spot_img
Tuesday, April 16, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်မွန်အမျိုးသားနေ့နှင့် ကျန်ုပ်တို့၏တာဝန်

    မွန်အမျိုးသားနေ့နှင့် ကျန်ုပ်တို့၏တာဝန်

    -

    လာမည့်ဖေဖော်ဝါရီ ၄ (တပို့တွဲလပြည့်ကျော် ၁ ) ရက်နေ့သည် ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ဖြစ်သည့်အားလျှော်စွာ အနယ်နယ်အရပ်ရပ်ရှိ မွန်အမျိုး သားတို့သည်လည်း အမျိုးသားနေ့အခန်းအနားများ ပြင်ဆင်နေကြပြီ၊ ယခုနှစ် မွန်အမျိုးသားနေ့ဗဟိုက ဦးစီးကျင်းပသည့် အခန်းအနားကို ရေးမြို့တွင် ကျင်းပမည် ဖြစ်သကဲ့သို့ မွန်ပြည်သစ်ပါတီဗဟို၏ အမျိုးသားနေ့အခန်းအနားကိုလည်း ဘုရားသုံးဆူမြို့နယ်(ထိုင်း-မြန်မာနယ်စပ်) ဂျပါန်ရေတွင်းရွာတွင် ကျင်းပမည် ဖြစ်သည်၊ ၄င်းအပြင် ရန်ကုန်၊ထိုင်း၊မလေးရှား၊စင်္ကာပူ၊ ကိုးရီယား အမေရိကန်၊ ဥရောပနှင့်အခြားဒေသတွင် ရောက်ရှိနေသည့် မွန်အမျိုးသား မျာလည်း သူနေရာနှင့်သူ ကျင်းပကြမည်ဖြစ်သည်။

    ယခင် မွန်ပြည်နယ် သံဖြုဇရပ်မြို့နယ် ပင မွန်အမျိုးသားညီလာခံ(၁၉၄၆ ခုနှစ်) နှင့် ဘီးလူးကျွန်းမြို့နယ် ရွာလွတ်ညီ လာခံ(၁၉၄၇ ခုနှစ်) ၏ဆုံးဖြတ်ချက် အရ မွန်နိင်ငံတော်ဟံသာဝတီတည်ထောင်နေ့ တပိုတွဲလဆုတ် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သည်မှာ ၆၈ ကြိမ်မြောက် ရှိခဲ့ပြီးဖြစ်သည်။

    မွန်အမျိုးသားတို့၏ဇာတိသွေးဇာတိမာန် တက်ကြွရေး၊ ပျောက်ဆုံးနေသည့်မွန်နိုင်ငံတော်အား ပြန်လည်အမှတ်ရ ရေး၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးနှင့် မွန်တို့၏ကိုယ့်ကြမ္မာကိုယ်ဖန်တီခွင့်ရရှိရေးအတွက်၊ မွန်တို့အကြား သွေးစည်းညီညွတ်ရေး စသည့်ရည်ရွယ်ချက်များဖြင့် အမျိုးသားနေ့ကို ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

    မွန်အမျိုးသားနေ့အခန်းအနားတွင် တူညီအမျိုးသားဝတ်စုံဖြင့် မွန်အမျိုးသားအလံနှင့်ကျဆုံးသွားသော အာဇာနည် မွန်မျုးိချစ်သူရဲကောင်းများ၊ရဲဘော်များအားအလေးပြုခြင်းအပြင် မပြီးဆုံးသေးသော မွန်ပြည်ပြန်လည်ဖော်ထုတ်ရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် တိုက်ပွဲတာဝန်များကို ဆက်လက်ထမ်းဆောင်မည့်လည်း ဂတိပြုကြပါသည်။

    သို့သော် မိမိတို့ပြုခဲ့သောဂတိကို မွန်တိ်ုင်းအကောင်အထည်ဖော်ဖြစ်ခဲ့ပါသလော၊ အမျိုးသားနေ့အခန်းအနားမှ အမျိုးသားဝတ်စုံနီရဲရဲဖြင့် လက်မောင်းတန်းပြီး ကြွေးကြော်ခဲ့သော “မွန်ပြည် ပြန်လည်ထူထောင်ရေး၊ မွန်ကြမ္မာ မွန်ဖန်တီးရေး” စသည့်ကြွေးကြော်သံကို မည်သို့အကောင်အထည်ဖော်ကြမည်နည်း၊ အမျိုးသားနေ့မှ ပေးအပ်လိုက်သော လုပ်ငန်းတာဝန်ကား ဘာတွေနည်းဟု စာရေးသူအနေဖြင့် မိမိကိုယ်ကို အမြဲတမ်းမေး မိခဲ့သည့် မေးခွန်းတခုဖြစ်ခဲ့သည်။

    အမျိုးသားနေ့နှင့်လုပ်ငန်းလမ်းစဉ်

    အမှန်ဆိုက အမျိုးသားနေ့သည် အမျိုးသားအလံတော်နှင့်ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ရဲဘော်များ အား အလေးပြုသည့် အခန်းအနားမျိုး သက်က်မဟုတ်ပေ၊ ပျောက်ဆုံးသွားသည့် မွန်ပြည်ဟံသာဝတီကို သတိရ လွမ်းဆွတ်နေ့သက်သက်လည်း မဟုတ်ပါ၊ မိမိရည်မှန်းချက်ဖြစ်သည့် ဇာတိမာန် တက်ကြွ ရေးနှင့်မွန်ကြမ္မာ မွန်ဖန်တီးရေးတိုက်ပွဲတွင် မွန်အမျိုးသားတိုင်းကျရာအခန်းဏ္ဍမှ မည်သို့ပါဝင်လာနိုင်အောင် စုစည်းတိုင်ပင်ကြသည့်နေ့ပင် ဖြစ်သည်၊ တနည်းဆိုက ဤနေ့ထူးနေ့မြတ်တွင် မွန်တို့အချင်းချင်းစုစည်းကြပြီး မွန်အမျိုးသားတိုက်ပွဲများအတွက် ဒီနှစ်အမျိုးသားနေ့မှ နောက်နစ် အမျိုးသားနေ့အထိ တစ်နှစ်တာလုပ်ငန်းကို မည်သို့ချမှတ်လုပ်ဆောင်မည်ကို စုပေါင်းတိုင်ပင်ဆွေးနွေးမည့်နေ့ဟု စာရေးသူနားလည်မိသည်။

    သို့မှသာလျှင် မွန်သားနေ့မှပေးလိုက်သော လုပ်ငန်းတာဝန်များကို မွန်အမျိုးသားတယောက်အနေဖြင့်သော် လည်းကောင်း၊ မွန်လူထုအခြေပြုအဖွဲအစည်း တဖွဲ့စည်းချင်းအနေဖြင့်သော်လည်းကောင်း၊ မွန်နိင်ငံရေးပါတီအနေ ဖြင့်သော်လည်းကောင်း ထမ်းဆောင်နိင်မည်ဖြစ်သည်၊လက်တွေ့တွင် ဤလုပ်ငန်းစဉ် မျိုးရှိခဲ့ပါသလော။

    အမျိုးသားနေ့ကျင်းပပုံနှင့် ၄င်းနေ့တွင်ထုတ်ပြန်သည့်သဘောထားထုတ်ပြန်ချက်များသည် နိင်ငံရေးအနှစ်သာရ တူသည်ဆိုငြားလည်း နိုင်ငံရေးရည်မှန်း ချက်များ တနေရာနှင့်တနေရာမတူညီပါ၊ ပြည်တွင်း၌ ကျင်းပသော အမျိုးသားရေးနေ့သည် ချုပ်ချယ်မှုအမျိုးအမျိုးကြားက ကျင်းပရသည့်အတွက် ၄င်းတို့၏တောင်းဆိုမှုများ သည် အမျိုးသားစာပေယဉ်ကျေးမှု အဆင့်တွင်သာများပြီ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ အမျိုးသားနေ့အခန်းအနားသည် နိုင်ငံရေးအသွင် ပိုဆောင်သည်တွေ့ရပေသည်၊ ထိုနည်းတူစွာ ထိုင်းနှင့်အခြားနိုင်ငံရှိအမျိုးသားနေ့အခန်းအနား သည်လည်း နိုင်ငံရေးအထက် အမျိုးသားထိန်းသိမ်းရေးလက္ခဏာအသွင်က ပိုဆောင်နေသည်။

    အမျိုးသားနေ့တွင် အများအားဖြင့်တွေ့ရှိသည့် တောင်းဆိုချက်များနှင့်ကြွေးကြောသံများမှာ အာဏါရှင်စနစ်ချုပ် ငြိမ်းရေး၊ စစ်မှန်သည့်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ မွန်တမျိုးသားလုံးသွေးစည်းညီညွတ်ရေး၊ မွန် ကြမ္မာမွန်ဖန်တီးရေးတို့ဖြစ်သည်၊ ဤအရာများသည် အမျိုးသားနေ့က ပေးလိုက်သည့်လုပ်ငန်းတာဝန်ဟု ဆို သော်ငြားလည်း ယေဘူယျဆန်လွန်းသဖြင့် လက်တွေ့အကောင်အထည်ဖော်ရာတွင် ခက်ခဲလှပေသည်၊ ၄င်း အပြင် ယင်းတောင်းဆိုချက်များသည် ရေရှည်လုပ်ငန်းဖြစ်သည့်အတွက် တစ်နစ်တာလုပ်ငန်းများ ခွဲခြားသတ် မှတ်ထားခြင်းမရှိပါက လက်တွေ့တွင် အလုပ်မဖြစ်နိုင်ပေ။

    လက်တွေ့ကျသည့်လုပ်ငန်းများ

    ယခုနစ်အမျိုးသားနေ့မှနောင်နှစ်အမျိုးသားနေ့အထိ တစ်နစ်တာလုပ်ငန်းများကို မွန်တမျိုးသားလုံးလိုက်ပါ ဆောင် ရွက်နိင်ရန် အားလုံးနဲ့အကျုံးဝင် သက်ဆိုင်ပြီး လက်တွေ့လည်းကျသည့်အပြင် ဖြစ်နိုင်ခြေလည်းရှိသည့် လုပ်ငန်း များကို ဦးဆောင်သူများအနေဖြင့် မွန်အမျိုးသာထုအား ချပြသင့်ပေသည်၊ ယနေ့ဖြစ်ရှိနေသည့် နိုင်ငံရေး အခြေအနေအပေါ် သုံးသပ်ပြီး အရေးတကြီးတစ်နစ်တာလုပ်ငန်းများကို မွန်လူထုအား ချပြနိုင်မှသာလျှင် လူထု တရပ်လုံး အနေဖြင့် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ပူးပေါင်းလုပ်ဆောင်နိ်ုင်မည်ဖြစ်သည်။

    ယနေ့ကျန်ုပ်တို့နိုင်ငံ၏နိုင်ငံရေးပြသနာသည် ဒီမိုကရေစီကင်းမဲ့ခြင်းနှင့် တိုင်းရင်းသားတို့အတွက်တန်းတူအခွင့် အရေး မရှိသည့်ပြသနာပင် ဖြစ်သည်၊ ယခုအစိုးရကျင့် သုံးနေသည့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစနစ်ကို မဖော်ဆောင်ပေးနိုင်သလို တိုင်းရင်းသားတို့တောင်းဆိုနေသည့် တန်းတူအခွင့်အရေးလည်း ရရှိနိုင်မည်မဟုတ်ပေ၊ တနည်းဆိုက ၂၀ဝ၈ အခြေခံဥပဒေသည်တိုင်းရင်းသားများနှင့်တနိုင်ငံလုံး မျော်လင့်နေသည့် စစ်မှန်သည့် ဖက်ဒရယ်နိုင်ငံကိုလည်း မဖော်ဆောင်ပေးနိုင်ပေ၊ ဖက်ဒရယ်စနစ်မတည်ဆောက်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေးလည်း မတည်ဆောက်နိုင်ပေ။

    ဤသို့ဆိုလျှင် မွန်တမျိုးသားလုံးနှင်ဆိုင်သည့်လုပ်ငန်းများသည် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်ချမ်းမှုရရှိရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟု ဆိုနိုင်ပေသည်၊ သို့ရာတွင် ဤလုပ်ငန်းများသည်ကျယ်ပြန့် သည့်အလျောက် ရေရှည်ကျသည့် လုပ်ငန်းမျိုးဆိုနိ်ုင်ပါသည်၊ ထိုသို့ဆိုလျင် ယင်းလုပ်ငန်းများကို အထောက်အကူပြုနိုင်သည့် တနစ်တာလုပ်ငန်းများ အခြေခံမူ ချမှတ်ရန်လိုအပ်သည်ဟု မြင်မိသည်။

    တစ်နစ်တာလုပ်ငန်းဆောင်တာများ

    တစ်နစ်တာလုပ်ငန်းများချမှတ်ရာတွင် လတ်တလောလုပ်ဆောင်ရန်လိုအပ်ခြင်း၊ တမျိုးသာလုံးအတိုင်းအတာ ဆောင်နိုင်ခြင်း၊ လူအများလက်တွဲလိုက်ပါ ဆောင်ရွက်လာနိုင်ခြင်း၊ အမျိုးသာညီညွတ်ရေးကို ရှေရှခြင်း စသည့် အခြေခံမူများအပေါ်တွင် မူတည်သင့်တည်ဟု မြင်သည်၊

    ဤသို့သော အခြေခံမူပေါ်တွင် စဉ်းစာပါက မွန်တို့တွင် အံဒင်ကျောက်မီးသွေးစက်ရုံဆန့်ကျင်ရေးသည် အရေ တကြီးလုပ်ဆောင်ရမည့် လုပ်ငန်းတခုဟု မြင်သည်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် တည်ဆောက်မည့် TOYO Thai ကုမ္မဏီ၏ကျောက်မီးသွေးစက်ရုံသည် ဒေသခံတို့၏အန္တရာယ်မဟုတ်ဘဲ မွန်တမျိုးသားလုံးအတွက် ကြီးမားသည့်အန္တရာယ် ဖြစ်နေသည်၊ ကျောက်မီးသွေးစက်ရုံ၏ဆိုးကျိုးသည် မွန်တမျိုးသားလုံးကို လူညွန့်တုံးစေသည့်အတွက် စက်ရုံတည်ဆောက်ရေးဆန့်ကျင်ရေးသည် မွန်တမျိုးသားလုံးအတွက် အရေးကြီး သည့် လတ်တလောလုပ်ငန်းတခုဖြစ်နေသည်။p

    ၄င်းအပြင် မွန်အမျိုးသားနေ့ကို တရားဝင်နေ့တနေ့ ဖြစ်ရေးသည်လည်း အရေးကြီးသည့်လုပ်ငန်းတခုဟု မြင် သည်၊နှစ်ပေါင်း ၆၀ ကျော် တမျိုးသားလုံး အသွင်ဖြင့် ကျင်းပနေသည့် အမျိုးသားနေ့သည် ယနေ့အထိ တရား ဝင်နေ့အဖြစ် အုပ်ချုပ်သူ အစိုးရအဆက်ဆက်က အသိအမှတ်မပြုခဲ့ပေ၊ စစ်အစိုးရ လက်ထက်တွင် အမျိုးသား နေ့ကို ချုပ်ချယ်မှုမျိုးစုံဖြင့် ကျင်းပခဲ့ရပြီး ယခုစာမျက်နာအသစ်ဖွင့်လှစ်လိုက်ပြီဆိုသော တိုင်းရင်းသားစည်းလုံးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ကြွေးကြော်နေသည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အခန်းအနားကျင်းပရေးကို ယခင်အစိုးရအထက် ချုပ်ချယ်မှုနည်းသည် ဆိုသော်လည်း တရားဝင်နေ့အဖြစ် အသိအမှတ်မပြုသေးပေ၊ လွတ်လပ်ရေးနေ့၊ပြည်ထောင်စုနေ့ကဲ့သို့ တနိုင်ငံလုံးရုံးပိတ်ရက်အဖြစ် မဟုတ်သော်ငြားလည်း မွန်အမျိုးသားနေ့သည် မွန်ပြည်နယ်အတွင် တရားဝင်နေ့ ဖြစ်သင့်ပါပြီ။

    မွန်လူမျိုးတမျိုးအဖြစ်အသိအမှတ်ပြုပြီး မွန်ပြည်နယ်ကို ဖော်ထုတ်ပေးခဲ့သော်လည်း မွန်အမျိုးသားနေ့ကို တရားဝင်နေ့အဖြစ် မသတ်မှတ်ခြင်းသည် တကယ်မွန်ပြည် နယ်အစစ်ဟုတ်မဟုတ်ဆိုတာကို သံသယပွားမိသည်၊ လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြုပါက မွန်အမျိုးသားနေ့ကို ဘာကြောင့် တရားဝင် နေ့အဖြစ် အသိအမှတ်မပြုနိုင်ပါသနည်း။

    မွန်နဲ့ဗမာအတူတူဘဲဆိုခဲ့သည့် ဒီမိုကရေဝန်ကြီးချုပ်ဦးနု၏အမြင်ကို ယခုလက်ရှိအစိုးရက ကျင်းသုံးနေသလား ပြန်စဉ်းစားမိသည်၊ မည်သို့ဆိုစေကါမူ သမိုင်းတွင် ကိုယ်မင်းကိုယ်ထီးနန်းနဲ့နေထိုင်လာခဲ့သည် မွန်တို့သည် ယခု မျက်မှောက်ကါလတွင်လည်း အစဉ်အလာကြီးပြီး မြင့်မြတ်သည့်လူမျိုးတမျိုး ဖြစ်သည်ကို ပြသသင့်ပြီဟု ထင် သည်၊ မွန်လူမျိုးတို့၏တရားဝင်လက္ခဏာဆောင်သည့် မွန်အမျိုးသားနေ့ တရားဝင်နေ့ဖြစ်ရေးသည် မွန်တမျိုးသားလုံး၏ လတ်တလော်လုပ်ဆောင်ရမည့် အရေးကြီးသည့် လုပ်ငန်းတခုပင်ဖြစ်သည်။

    ထို့ကြောင့် ဤ၆၈ ကြိမ်မြောက်မွန်အမျိုးသားနေ့အခါသမယတွင် ၁-“အံဒင်ကျောက်မီးသွေးစက်ရုံတည်ဆောက်မှု ဆန့်ကျင်ရေး” ၂- “မွန်အမျိုးသားနေ့ တရားဝင်နေ့ဖြစ်ရေး” တို့သည် အမျိုးသားနေ့မှချပေးလိုက်သော တစ်နစ်တာလုပ်ငန်းအဖြစ် သတ်မှတ်သင့်ကြောင်း မွန်လူမျိုးအနေဖြင့် စာရေးသူ တင်ပြအပ်ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts