spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းအစိုးရလွဲ၍ ဘက်ပေါင်းစုံပါဝင်သော ညီလာခံတစ်ခု UNA ပြုလုပ်မည်

    အစိုးရလွဲ၍ ဘက်ပေါင်းစုံပါဝင်သော ညီလာခံတစ်ခု UNA ပြုလုပ်မည်

    -

    UNFC နှင့် UNA အဖွဲ့ဝင်များ ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့စဉ်(Internet)
    UNFC နှင့် UNA အဖွဲ့ဝင်များ ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့စဉ်(Internet)
    အစိုးရဘက်မှလွဲ၍ ဘက်ပေါင်းစုံပါဝင်သော ညီလာခံတစ်ရပ်အား ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အနေဖြင့် ယခုလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း UNA သဘာပတိ အဖွဲ့ဝင်ထံမှ သိရသည်။

    UNA အဖွဲ့ဝင်ပါတီများနှင့် မိတ်ဖက်ပါတီများဖြစ်ကြသောအမျိူးသားဒီမိုကရေစီအဖွဲချုပ် NLD နှင့် တိုင်းရင်းသားပါတီများ၊ အရပ်ဖက်အဖွဲအစည်းများဖြစ်ကြသော ၈၈ပွင့်လင်းအဖွဲ့အစည်းနှင့် အခြားအဖွဲအစည်း အချို့ ၊ လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ကြသော UNFC နှင့် ငြိမ်းချမ်းရေးရယူပြီးသည့် အဖွဲ့အစည်းများပါဝင်မည်ဖြစ်ကြောင်း UNA သဘာပတိအဖွဲဝင် ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

    “အခုလုပ်တဲ့ UNA ညီလာခံမှာ အဖွဲ့ဝင်တွေ၊ မိတ်ဖက်ပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးမယ့် ပွဲဟာ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တယ်၊ ၂၁ ရက် မှာတော့ UNA အဖွဲ့မှာပါဝင်တဲ့ ပါတီတွေ ကိုယ်စားလှယ်တွေ ဆွေးနွေးမယ်၊ ပြီးရင် အစီရင် ခံစာတင်မယ်၊ အဲဒီအစီရင်ခံစာကို ညီလာခံမှာ ဆွေးနွေးမယ်” ဟု ဦးအေးသာအောင်က IMNA သို့ ယနေ့တွင် ဖုန်းဖြင့် ပြောသည်။

    UNA အဖွဲ့အား ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရတိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ မွန်အမျိုးသားပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီ ၁၂ ပါတီ ဖြင့် ဖွဲစည်းထားခြင်း ဖြစ်သည်။

    ဦးအေးသာအောင်က “ဖွဲစည်းပုံကို ဘယ်လိုပြင်မလဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ရပ်တန့်သွားတဲ့အပေါ်မှာ ဘယ်သို့ ဘယ်ပုံ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်မလဲ၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာရင် ဘယ်လိုအချက်အလက်တွေ ဆွေးနွေးကြမလဲ၊ ပြဿပေါင်းစုံရဲ ့ အခြေခံဖြစ်တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ ဆိုတာကို သဘောတူညီချက်တွေရလာနိုင်ဖို့ ဒီညီလာခံကို လုပ်တာပါ”ဟု ပြောသည်။

    အဆိုပါ UNA ညီလာခံသို့ တက်ရောက်ရန် မွန်အမျိူးသားပါတီအနေဖြင့် တက်ယောက်ရန် ပါတီကိုယ်စားလှယ် ၈ ယောက် လျာထားကြောင်း မွန်အမျိူးသားပါတီဥက္ကဌ နိုင်ငွေသိမ်းက IMNA သို့ ယနေ့တွင် ဖုန်းဖြင့် ပြောသည်။

    ထို့အပြင် မွန်အမျိူးသားပါတီအနေဖြင့်လည်း အပစ်အခက်ရပ်စဲရေးကိစ္စ၊ တန်းတူရေးကိစ္စနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကိစ္စများကို ဆွေးနွေးမည့်အပြင် အချိန်ရပါက တိုင်းရင်းသားဒေသများတွင် မိခင်ဘာသာစကား သင်ကြားခွင့်ပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငွေသိမ်းက ဆိုသည်။

    နိုင်ငွေသိမ်းက “ဆွေးနွေးမယ်ဆိုတာ အပစ်အခတ်ရပ်စဲရေး၊ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စုတို့ ဒါတွေ ပါမယ်၊ အဲဒီကြားမှာဘဲ ကျွန်တော်တို့က မိခင်ဘာသာစကားသင်ကြားရေးစနစ်ကို ဆွေးနွေးဖြစ်မယ်၊ အချိန်ရှိရင်ဆွေးနွေးမယ်လေ အချိန်မရှိရင်တော့ ခုနက ပြောတဲ့ပာတွေဘဲ ဆွေးနွေးဖြစ်မှာပေါ့”ဟု ပြောသည်။

    ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် ပါတီများသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများပါဝင်ပြီး ယခုပြုလုပ်မည့်ညီလာခံသည် UNA၏ ပထမဆုံးအကြိမ်ဖြစ်သည်။

    အစိုးရလွဲ၍ ဘက်ပေါင်းစုံပါဝင်သော ညီလာခံတစ်ခု UNA ပြုလုပ်မည်
    စောဇင်ညီ
    UNFC နှင့် UNA အဖွဲ့ဝင်များ ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့စဉ်(Internet)

    အစိုးရဘက်မှလွဲ၍ ဘက်ပေါင်းစုံပါဝင်သော ညီလာခံတစ်ရပ်အား ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အနေဖြင့် ယခုလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း UNA သဘာပတိ အဖွဲ့ဝင်ထံမှ သိရသည်။

    UNA အဖွဲ့ဝင်ပါတီများနှင့် မိတ်ဖက်ပါတီများဖြစ်ကြသောအမျိူးသားဒီမိုကရေစီအဖွဲချုပ် NLD နှင့် တိုင်းရင်းသားပါတီများ၊ အရပ်ဖက်အဖွဲအစည်းများဖြစ်ကြသော ၈၈ပွင့်လင်းအဖွဲ့အစည်းနှင့် အခြားအဖွဲအစည်း အချို့ ၊ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော UNFC နှင့် ငြိမ်းချမ်းရေးရယူပြီးသည့် အဖွဲ့အစည်းများပါဝင်မည်ဖြစ်ကြောင်း UNA သဘာပတိအဖွဲဝင် ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

    “အခုလုပ်တဲ့ UNA ညီလာခံမှာ အဖွဲ့ဝင်တွေ၊ မိတ်ဖက်ပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးမယ့် ပွဲပာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တယ်၊ ၂၁ ရက် မှာတော့ UNA အဖွဲ့မှာပါဝင်တဲ့ ပါတီတွေ ကိုယ်စားလှယ်တွေ ဆွေးနွေးမယ်၊ ပြီးရင် အစီရင် ခံစာတင်မယ်၊ အဲဒီအစီရင်ခံစာကို ညီလာခံမှာ ဆွေးနွေးမယ်” ဟု ဦးအေးသာအောင်က IMNA သို့ ယနေ့တွင် ဖုန်းဖြင့် ပြောသည်။

    UNA အဖွဲ့အား ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရတိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ မွန်အမျိုးသားပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီ ၁၂ ပါတီ ဖြင့် ဖွဲစည်းထားခြင်း ဖြစ်သည်။

    ဦးအေးသာအောင်က “ဖွဲစည်းပုံကို ဘယ်လိုပြင်မလဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ရပ်တန့်သွားတဲ့အပေါ်မှာ ဘယ်သို့ ဘယ်ပုံငြိမ်းချမ်းရေးကို အကောင်အထည်ဖော်မလဲ၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာရင် ဘယ်လိုအချက်အလက်တွေ ဆွေးနွေးကြမလဲ၊ ပြဿပေါင်းစုံရဲ ့ အခြေခံဖြစ်တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ ဆိုတာကို သဘောတူညီချက်တွေရလာနိုင်ဖို့ ဒီညီလာခံကို လုပ်တာပါ”ဟု ပြောသည်။

    အဆိုပါ UNA ညီလာခံသို့ တက်ရောက်ရန် မွန်အမျိူးသားပါတီအနေဖြင့် တက်ယောက်ရန် ပါတီကိုယ်စားလှယ် ၈ ယောက်လျာထားကြောင်း မွန်အမျိူးသားပါတီဥက္ကဌ နိုင်ငွေသိမ်းက IMNA သို့ ယနေ့တွင် ဖုန်းဖြင့် ပြောသည်။

    ထို့အပြင် မွန်အမျိူးသားပါတီအနေဖြင့်လည်း အပစ်အခက်ရပ်စဲရေးကိစ္စ၊ တန်းတူရေးကိစ္စနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကိစ္စများကို ဆွေးနွေးမည့်အပြင် အချိန်ရပါက တိုင်းရင်းသားဒေသများတွင် မိခင်ဘာသာစကား သင်ကြားခွင့်ပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငွေသိမ်းက ဆိုသည်။

    နိုင်ငွေသိမ်းက “ဆွေးနွေးမယ်ဆိုတာ အပစ်အခတ်ရပ်စဲရေး၊ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စုတို့ ဒါတွေ ပါမယ်၊ အဲဒီကြားမှာဘဲ ကျွန်တော်တို့က မိခင်ဘာသာစကားသင်ကြားရေးစနစ်ကို ဆွေးနွေးဖြစ်မယ်၊ အချိန်ရှိရင်ဆွေးနွေးမယ်လေ အချိန်မရှိရင်တော့ ခုနက ပြောတဲ့ပာတွေဘဲ ဆွေးနွေးဖြစ်မှာပေါ့”ဟု ပြောသည်။

    ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် ပါတီများသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများပါဝင်ပြီး ယခုပြုလုပ်မည့်ညီလာခံသည် UNA၏ ပထမဆုံးအကြိမ်ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts