spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းအမျိုးသမီးများအကြမ်းဖက်ခံရမှုသည် ယဉ်ကျေးမှုတစ်ခုကဲ့သို့ဖြစ်နေ

    အမျိုးသမီးများအကြမ်းဖက်ခံရမှုသည် ယဉ်ကျေးမှုတစ်ခုကဲ့သို့ဖြစ်နေ

    -

    အမျိုးသမီးများ အကြမ်းဖက်ခံရမှုများအား ပြည်သူများရှေ့မှောက်တွင် ပွင့်လင်းစွာပြောဆိုနိုင်ရန် ခက်ခဲနေသည့်အတွက် ယင်း အကြမ်းဖက်မှုများသည် ယဉ်ကျေးမှုတစ်ခုကဲ့သို့ ဆက်လက်ဖြစ်ပေါ်နေကြောင်း မွန်အမျိုးသမီးအဖွဲ့ ဥက္ကဌ မိလဝီဟံက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် ပြောကြားခဲ့သည်။

    အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ကို မွန်ပြည်နယ်၊ ရေးမြို့ရှိ ရွှေဆံတော်ဘုရား (ပြည်သူရင်ပြင်)၌ ယခုလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    “ကျမတို့မွန်လူမျိုးတွေမှာလည်း အကြမ်ဖက်ခံရမှုတွေ အဆင့်ဆင့်ရှိနေပါတယ်၊ တချို့က အနည်းအကျဉ်း၊ တချို့က အတော်ဆိုးဝါတဲ့ အခြေအနေရှိပါတယ်၊ ဘယ်အထိလည်းဆိုတော့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်တဲ့အထိ ရှိပါတယ်၊ ဒါပေမယ့် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေက ကျမတို့လူမျိုးတွေမှာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတဲ့အတွက် သူများတွေကို ဖွင့်ပြောတိုင်ပင်ဖို့ဆိုတာကို မသိကြဘူး” ဟု မိလဝီဟံက ပြောသည်။

    ထို့မျှမက မွန်ပြည်နယ်သည် စစ်ပွဲဖြစ်ပွားနေသည့် ပြည်နယ်မဟုတ်သော်လည်း လွန်ခဲ့သည့်တစ်ချိန်များစွာက ဖြစ်ပေါ်ခဲ့သောစစ်ပွဲ အရှိုန်ကြောင့် ပြည်သူများ ကြောက်လန့်နေဆဲဖြစ်ကြောင်း၊ မိန်ကလေးအများစုမှာလည်း မိမိတို့အိမ်အပြင် မထွက်လိုသည့်အတွက် အသိအမြင်ဗဟုသုတ ဆိုင်ရာအကြမ်းဖက်မှုများ ခံစားနေရကြောင်း အမျိုးသမီးဆိုင်ရာ လှုပ်ရှားနေသူများက ဆိုသည်။

    မွန်အမျိုးသမီးကွန်ယက် Mon Women Network မှ မိငွေလေးက “မွန်အမျိုးသမီးတွေမှာက သူတို့ အရည်အချင်းရှိပါတယ်၊ ဒါပေမယ့် သူတို့အပြင်အလုပ်တွေမလုပ်လိုဘူး အိမ်မှာပဲနေတာများတဲ့အတွက် အသိပညာဗဟုတုသဆိုင်ရာ အကြမ်းဖက်မှုတွေခံနေရတယ်၊ နေရာလည်းမယူရဲကြဘူး ကြောက်စိတ်တွေကပဲ ခိုအောင်းနေကြတယ်” ဟုပြောသည်။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ရုပ်ပိုင်းဆိုင်ရာ တစုံတရာနာကျင်စေမှုဖြစ်ပေါ်ရန် အကြမ်းဖက်မှုများဟု အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း၊ ကမ္ဘာတဝှမ်းရှိ အမျိုးသမီး အယောက် (၁၀ဝ) တိုင်းတွင် (၇၅) ယောက်သည် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုခံနေရကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    “ယနေကျမတို့ မွန်လူမျိုးအများစုမှာလည်း အမျိုးသမီးတွေ အကြမ်းဖက်မှုကိစ္စကို အမျိုးသားရေး တာဝန်တစ်ခုလို သဘောထား တိုက်ဖျက်မှသာ အမျိုးသမီးအပေါ် အကြမ်းဖက်မှုတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်မယ်” ဟု မိလဝီဟံက ဆက်ပြောသည်။

    မြန်မာနိုင်ငံရှိ လူဦးရေထက်ဝက်ကျော်ခန့်သည့် အမျိုးသမီးများဖြစ်နေသည့်အတွက် အမျိုးသမီးများ ဘဝလုံခြုံရေး ရရှိရန်နှင့် အကြမ်းဖက်မှုများကို ကာကွယ်စောက်ရှောက်ပေးရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေပြဌာန်ထားသော်လည်း ထိုဥပဒေ အသက်ဝင်လာရန်အရေးကြီးကြောင်း ၎င်းကဆိုသည်။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအခန်းအနားဖြစ်မြောက်ရေး နိုင်စိုးသိန်း က “ကျနော်တို့ဒေသမှာဆိုရင် အကြမ်းဖက်မှု တွေက အမျိုးမျိုးရှိနေတယ်၊ တစ်ချို့ဆိုရင် သူတို့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတာ သူတို့မသိကြဘူး၊ ဒီလိုပွဲမျိုးလုပ်လိုက်ရတဲ့ အတွက် ပြည်သူလူထုတွေ အများကြီး သိလာမယ် ဗဟုသုတ ရလာတယ်” ပြောသည်။

    အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ၏ ဆောင်းပုဒ်မှာ “အိမ်တွင်းငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသော ကမ္ဘာဆီသို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အမျိုးသားများလည်းပါဝင်စို့” ဟူ၍ဖြစ်သည်။

    ယခုနှစ် ရေးမြို့တွင် ကျင်းပသည့် အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အခမ်းအနားသည် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ဒေသခံပြုသူလူထု စုစုပေါင်း ၃၅၀ ခန့် တက်ရောက်ခဲ့ကြောင်းခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts