spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းအမျိူးသမီးများအပေါ် လိင်အကြမ်းဖက်မှု အများဆုံးဒေသတွင် မွန်ပြည်နယ်ပါ၀င်

    အမျိူးသမီးများအပေါ် လိင်အကြမ်းဖက်မှု အများဆုံးဒေသတွင် မွန်ပြည်နယ်ပါ၀င်

    -

    တပ်မတော်မှ အမျိူးသမီးများအပေါ် လိင်အကြမ်းဖက်မှု အများဆုံးဒေသအဖြစ် မွန်ပြည်နယ် ပါ၀င်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ယက် MJN တွင် ယနေ့ပြုလုပ်သော တိုင်းရင်းသားပြည်နယ်များအတွင်း ဆက်လက်ဖြစ်ပွားနေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

    လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသတင်းစာ ရှင်းလင်းပွဲ(IMNA)
    လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသတင်းစာ ရှင်းလင်းပွဲ(IMNA)
    အမျိူးသမီးများအပေါ် တပ်မတော်သားများမှ လိင်အကြမ်းဖက် ပြုလုပ်ခြင်း ခံရမှု အများဆုံးသော ဒေသများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ ဖြစ်ကြကြောင်း ရှမ်းအမျိူးသမီးများလှုပ်ရှားမှု ကွန်ယက် (SWAN) မှ ဒေါ်ယိင်းဟန်ဖ ကပြောသည်။

    “အဲဒီပြည်နယ်တွေမှာ အခု လက်တလော တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်၊ ပြီးတော့ အစိုးရတပ်တွေ ထပ်ဖြည့်တာ တွေ့ရတယ်၊ တပ်မတော်က အမျိူးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေကို လက်နက်သဖွယ် ပြုကျင့် နေတာကို တွေ့ရတယ်” ဟု ဒေါ်ယိင်းဟန်ဖ ကပြောသည်။

    တပ်မတော်မှ လိင်အကြမ်းဖက်မှုများ ပြုကျင့်သည့် ဖြစ်စဉ်များမှာ ၂၀၁၀ ခုနှစ်မှ စ၍ ယခုအချိန်ထိ အုပ်စုဖွဲ့ကာ အဓ္ဓမ ပြုကျင့်မှုနှင့် လိင်အကြမ်းဖက်မှု ပြုလုပ်ရန် ကြိုးပမ်းမှု ၁၁၈ ခု ရှိကြောင်း အမျိူးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ ထုတ်ပြန်ထားသည်။

    ထိုကိန်းဂဏန်းသည် တစ်နိုင်ငံလုံးဖြစ်စဉ်များမှ ၎င်းတို့ လက်လှမ်းမှီသည့် အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး မွန်ပြည်နယ်မှ ဖြစ်စဉ်များသည် ထိုကိန်းဂဏန်းများ၏ ၃၀ ရာခိုင်နှုန်းခန့် ပါ၀င်ကြောင်း လိင်အကြမ်းဖက်မှု အများဆုံး ဒေသများမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။

    ယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမျိူးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ “တရားမျှတမှုအတွက် မျှော်လင့်ချက်သာပေးပါ” ဆိုသည့်ခေါင်းစဉ်ဖြင့် တိုင်းရင်းသားပြည်နယ်များအတွင်း ဆက်လက်ဖြစ်ပွားနေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပြုစုထားသော အစီရင်ခံစာတစ်စောင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

    ထိုကိစ္စနှင်ပတ်သက်၍ ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် လက်နက်ကိုင် အဖွဲ့များမှ လုပ်ကိုင်မှု ရှားပါးကြောင်း၊ ဗမာစစ်သားများတွင်သာ လိင်အကြမ်းဖက်မှုပို၍ များကြောင်း မဇ္စိုမ သတင်းဌာန အမျိူးသမီးကဏ္ဍ မှ အကြီးတန်းအရာရှိ ဖြစ်သူ အမျိူးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဒေါ်သင်းသင်းအောင်က သုံးသပ်သည်။

    “သာမန် အခြေအနေမျိူးမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်၎င်း၊ လိုချင်တာကိုအနိုင်ကျင့်ယူတာရှိရင်ရှိမယ်၊ ဒါပေမယ့် ရှားမယ်၊ ဘာလို့လဲဆိုတော့ ပဋိပက္ခဖြစ်ပွားနေတာ တိုင်းရင်းသားဒေသတွေဖြစ်တယ်၊ နေတာကလည်း တိုင်းရင်းသူတွေဖြစ်တယ်၊ ဒါပေမယ့် အဲဒီမှာ စခန်းချတာကျတော့ စစ်တပ်က ဗမာယောကျာ်တွေ များတယ်၊ ကိုယ်နဲ့တူတဲ့ တိုင်းရင်းသားအချင်းချင်းမဟုတ်ဘူး သူတို့ အမြင်မှာ ရန်သူဆိုတဲ့ အမြင်တွေရှိနေတယ်၊ သူပုန်နဲ ့ဆက်နွယ်နေတာလား ဆိုပြီး ဗမာစစ်သားတွေက ရန်သူဖြစ်တဲ့ အမျိူးအနွယ်တွေကို အဓ္ဓမကျင့်တာ ပိုများတယ် ”ဟု မသင်းသင်းအောင်က ဆက်ပြောသည်။

    အမျိူးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တိုင်းရင်းသားလက်နက်ကိုင်များ ဖွဲ့စည်းထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အပစ်အခက်ရပ်စဲရေးဆွေးနွေးပွဲများတွင် အမျိူးသမီးများ အကြမ်းဖက်မှု ကိစ္စရပ်များပါ၀င် ဆွေးနွေးပေးရန် တောင်းဆိုတင်ပြခဲ့သည်။

    သို့ရာတွင် အဆိုပါလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အစီအရင်ခံစာ၌ တပ်မတော်သားများမှ တိုင်းရင်းသားပြည်နယ်များရှိ အမျိူးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသာ ဖေါ်ပြရေးသားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ လိင်အကြမ်းဖက်မှုများ မပါ၀င်ပေ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts