spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းတိုင်းရင်းသားဗိုလ်လောင်းများ သေဆုံးခဲ့ရခြင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ််ပြုလုပ်

    တိုင်းရင်းသားဗိုလ်လောင်းများ သေဆုံးခဲ့ရခြင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ််ပြုလုပ်

    -

     ဝမ်းနည်းခြင်းအထိမ်းအမှတ်(IMNA)
    ဝမ်းနည်းခြင်းအထိမ်းအမှတ်(IMNA)
    ဝမ်းနည်းခြင်းအထိမ်းအမှတ်(IMNA)
    ဝမ်းနည်းခြင်းအထိမ်းအမှတ်(IMNA)
    မြန်မာ့တပ်မတော်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIO ဗဟိုဌာနချုပ်တွင် တိုင်းရင်းသားဗိုလ်လောင်းသင်တန်းသားများ သေဆုံးခဲ့ရခြင်းအတွက် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပဒုမ္မာပန်းခြံဘေး၌ ဝမ်းနည်းခြင်းအထိမ်းအမှတ် လွမ်းသူ့ပန်းခွေလှုပ်ရှားမှုတစ်ရပ် နိုဝင်ဘာလ ၂၃ ရက်နေ့ ၊ နံနက်တွင် ပြုလုပ်ခဲ့ကြသည်။

    နံနက် ၁၀ နာရီခန့်တွင် တိုင်းရင်းသားလူငယ် ၁၀၀ ၀န်းကျင်က အနက်ရောင်အင်္ကျီများဝတ်ဆင်ကာ နှင်းဆီပန်းများ ကိုင်ဆောင်ပြီး လမ်းလျှောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။

    “၀မ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ပါ၊ ပြီးတော့ ငြိမ်းချမ်းရေးလိုချင်လို့ အခုလိုလုပ်နေရပါတယ်၊ အခုရှိတဲ့ သူတိုင်းကတော့ ခံစားချက် အပြည့်နဲ့ ပါ။ သူတို့ လုပ်ရပ် ကောင်းတယ်မကောင်းဘူးဆိုတာ မပြောလိုပါ။ ကိုယ်ဟာ ကိုယ်ဆုံးဖြတ်ပေါ့” ဟု ကျဆုံးဗိုလ်လောင်းတစ်ဦး၏ သူငယ်ချင်း ပလောင်တိုင်းရင်းသူ မနုနုအေးက IMNA သို့ ပြောသည်။

    နို၀င်ဘာ ၁၉ ရက်တွင် ကေအိုင်အိုဗဟိုဌာနချုပ်၊ လိုင်ဇာမြို့အနီးရှိ ဗိုလ်လောင်း သင်တန်းကျောင်းကို ခရာဘွမ် တောင်ကြောတွင် တပ်စွဲထားသော မြန်မာ့တပ်မတော်လက်နက်ကြီးဖြင့် ပစ််ခတ်ခဲ့ရာ တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ဦး သေဆုံးပြီး သင်တန်းနည်းပြများ အပါအဝင် ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။

    ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်များကြောင့် လက်ရှိ အပစ်အခတ်ရပ်စဲနိုင်ရေးအဆင့်တွင် ရှေ့ဆက်၍မရကြောင်း၊ အစိုးရအနေဖြင့် စစ်မှန်သော ဆန္ဒဖြင့် ငြိမ်းချမ်းရေး လုပ်ဆောင်သင့်ကြောင်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှ မနိုးနိုးထက်စံက ပြောသည်

    မနိုးနိုးထက်စံက“ကျွန်မတို့ ပြောရမှာက ဘာလို့ထပ်ပြီး ကျည်ထပ်ပေါက်ရတာလည်းဆိုတာ မေးစရာပါ၊ အပစ်အခတ်ရပ်စဲရေး လုပ်နေပြီးတော့ ဘာလို့ထပ်ပြီး ပစ်ခတ်နေရတာလဲ၊ ဒါချိူးဖောက်တဲ့ဘက်ကို အစိုးရက အရေးယူရမယ့့် ကိစ္စပါ။”ဟု ပြောသည်။

    အဆိုပါလမ်းလျှောက်လှုပ်ရှားမှုသည် မြန်မာငြိမ်းချမ်းရေးစင်တာ MPC ခြံဝန်းရှေ့အထိ လမ်းလျှောက်ခဲ့ကြပြီး ၄င်းခြံဝန်းရှေ့တွင် ကျဆုံးခဲ့ကြသော ဗိုလ်လောင်းရဲဘော်များအတွက် ပန်းခွေများချကာ မီးထွန်းဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

    MPC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက အဆိုပါ လှုပ်ရှားသူများနှင့်လာရောက်တွေဆုံကာ တင်ပြရန်စာများပေးလိုပါက ပေးအပ်နိုင်ကြောင်း ပြောကြားခဲ့သည်။

    ဦးလှမောင်ရွှေက “နိုင်ငံရေးဘဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးဘဲ ဖြစ်ဖြစ် ယုံကြည်မှုဆိုတာ အတက်အကျဆိုတာတော့ ရှိတတ်ပါတယ်။ဒါတွေအားလုံးကို ပြန်ကောင်းလာအောင်လုပ်ဖိုပါဘဲ”ဟု IMNA သို့ ပြောသည်။

    တပ်မတော်ဘက်မှ ပစ်ခက်မှုကြောင့် သေဆုံးသွားသော ဗိုလ်လောင်းများမှာ ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းတွင် တက်ရောက်နေသော တအာင်း(ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် (PSLF/ TNLA) မှ ၁၁ ဦး၊ ရက္ခိုင့်တပ်မတော်(AA)မှ ၈ ဦး၊ ချင်းအမျိုးသားတပ်ဦးမှ ၂ ဦးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ၂ ဦးတို့ ပါ၀င်ကြောင်း KIO က ထုတ်ပြန်ထားသည်။

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုလတ်တလောတွင် ဖြစ်ပေါ်ခဲ့သော ပစ်ခတ်မှုအပေါ် တပ်မတော်မှ ပြည်သူသို့ ပြန်လည်ရှင်းပြရန် ညွှန်ကြားခဲ့ပြီး တပ်မတော်ဘက်ကလည်း ထိုပစ်ခတ်မှုသည် သတိပေးပစ်ခတ်မှု တစ်ခုသာဖြစ်ကြောင်း VOA သ တင်းဌာနမှ ဖော်ပြထားသော သတင်းများအရ သိရသည်။

    KIO အနေဖြင့် ယင်းပစ်ခတ်မှုသည် ရန်လိုသော သဘောဖြင့် ပစ်ခတ်မှုဖြစ်ကြောင်း ထုတ်ပြန်ထားပြီး KIO ဌာနချုပ် ခရာဘွမ် တောင်ကြောတွင် တပ်စွဲထားသော အစိုးရတပ်များ ရုပ်သိမ်းပေးရန်နှင့် လက်နက်ကြီးများကို ဖယ်ရှားပေးရန် အစိုးရငြိမ်းချမ်းရေးအဖွဲ ့ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ထံ တောင်းဆိုထားသည်။

    တိုင်းရင်းသားလက်နက်ကိုင်များ စုပေါင်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိူးများ ဖယ်ဒရယ်ကောင်စီ UNFC က ငြိမ်းချမ်းရေးကို တပ်မတော်က အမှန်တကယ် လိုချင်သည့် စိတ်ရင်းစေတနာရှိမရှိကို မေးခွန်းထုတ်စရာ ဖြစ်နေကြာင်း နှင့် ငြိမ်းချမ်းရေးကို နှောင့်နှေးအောင် လုပ်ဆောင်သည့်လုပ်ရပ်များကို ဆန့်ကျင်မည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts