မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / တိုင်းရင်းမိခင်ဘာသာသင်ကြားခွင့်ရပါက စာတတ်မြောက်မှုနှုန်း တိုးလာမည်ဟု NNER သုံးသပ်

တိုင်းရင်းမိခင်ဘာသာသင်ကြားခွင့်ရပါက စာတတ်မြောက်မှုနှုန်း တိုးလာမည်ဟု NNER သုံးသပ်

ရေးသားသူ:

မြန်မာနိုင်ငံရှိစာသင်ကျောင်းများတွင် တိုင်းရင်းသားလူငယ်များ မိခင်ဘာသာစကားဖြင့် စာသင်ကြားခွင့် ရရှိပါက ကျောင်းသားများ စာတတ်မြောက်မှုနှုန်း ပိုမိုတိုးမြင့်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

အချို့တိုင်းရင်းသားဒေသများရှိကလေးများသည် မြန်မာစာပေနှင့် ဘာသာစကားအား မဖတ်နိုင်၊ မပြောနိုင် သူများရှိနေပြီး ထိုမြန်မာစာပေအစား မိခင်တိုင်းရင်းသား စာပေသာ အစားထိုအသုံးပြုပါက တိုင်းရင်းသားဒေသများတွင် စာတက်မှုနှုန်း ပိုမိုများပြားလာမည်ဖြစ်ကြောင်း NNER မှ ဆရာ ကိုရဲဝင်းက ပြောသည်။

အစိုးရအနေဖြင့်လည်း မြန်မာစာပေအား မဖြစ်မနေသင်ရမည်ဆိုသည့်မူကို ပြန်လည်ချိန်ဆသင့်ကြောင်း ကိုရဲဝင်းက ဆက်ပြောသည်။

နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေး(IMNA)
နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေး(IMNA)

“တိုင်းရင်းသားဒေသတွေမှာ မြန်မာစာမသင်ချင်တဲ့ မြန်မာစကား မပြောချင်တဲ့ဒေသတွေ အများကြီး ရှိနေပါသေးတယ်၊ အခုအစိုးရက ထုတ်ထားတဲ့ စာတက်မြောက်နှုန်း၉၀ ဆိုတာ တကယ့်တကယ် တိုင်းရင်းသားဒေသတွေဆင်းပြီး ကောက်ယူထားမပာုတ်ပါဘူး။ ဒါကရီစရာဖြစ်နေပါတယ်၊ တကယ့်ကယ် မိခင်ဘာသာစကားသုံးပြီးစာသင်မှ တိုင်းရင်းသားဒေသတွေမှာ စာတက်မြောက်တဲ့ ကလေးတွေ တိုးလာပါမယ်”ပာု ၎င်းက ပြောသည်။

တိုင်းရင်းသားများအနေဖြင့် အကယ်၍ မိခင်ဘာသာစကား ကွယ်ပျောက်သွားပါက လူမျိူးပျောက်သည်အထိရောက်ရှိသွားနိုင်ပြီး ယင်းကဲ့သို့ လူမျိူးပျောက်မှု မဖြစ်ရန်နှင့် စာတတ်မြောက်ရေး အောင်မြင်ရန် မိခင်ဘာသာစကားများဖြင့် သင်ကြားပေးသင့်ကြောင်း NNER က သုံးသပ်သည်။

သက်ဆိုင်ရာတိုင်းရင်းသားဒေသများတွင် မိခင်ဘာသာစကားမသင်ကြားပါက ပညာရေးတွင် ထိခိုက်မှုနှင့် နှစ်နာမှုအများဆုံးမှာ တိုင်းရင်းသားကလေးများဖြစ်သည့်အတွက် မိခင်ဘာသာစကားသင်ကြားရန် ပညာရေးဥပဒေတွင် တိတိကျကျ ဖော်ပြရမည်ဖြစ်ကြောင်း NNER မှ ဆရာမ ဒေါ်အစိုင်းက ပြောကြားလိုက်သည်။

ပညာရေးဥပဒေမူကြမ်းတွင် “လိုအပ်လျှင်မိခင်တိုင်းရင်းသားဘာသာစကားကို ထည့်သွင်းအသုံးပြုနိုင်သည်” ဟု ထည့်သွင်းထားခြင်းသည် မိခင်ဘာသာစကားအား အခြေခံသည့် ပညာရေးမူမပာုတ်ကြောင်း ဒေါ်အစိုင်းက ဆက်ပြောသည်။

“ပညာရေးဝန်ကြီးဌာနက ကျောင်းချိန်ုပြင်ပမှာ မိနစ် ၃၀ မိခင်ဘာသာစကား သင်ခွင့်ရှိတယ်ဆိုတာ လုပ်လိုက်ပါတယ်၊ ကလေးတွေက ကျူရှင်နဲ ့ ပိနေတဲ့အချိန်မှာ ဒါက မဖြစ်လာနိုင်ပါဘူး၊ ပြီးတော့ မြန်မာဖတ်စာအုပ်ကို တိုင်းရင်းသားဘာသာစကားနဲ့ သင်ခိုင်းတာပာာ လက်တွေ့မကျပါဘူး၊ အသုံးလဲမဝင်ပါဘူး” ဟု သူမက ဆက်ပြောသည်။

အစည်းအဝေးတွင် ကျောင်းသားများ၏ ပညာရေးအခြေအနေ အမျိူးသားပညာရေးဥပဒေမူကြမ်းကိစ္စများ ဆရာများ၏ အခက်အခဲများ တိုင်ရင်းသားဒေသများရှိ ပညာရေး အခြေအနေများဆွေးနွေးခဲ့ကြသည်။

ထိုအပြင် မိခင်ဘာသာစကားအသုံးပြုမည်ဆိုပါက မည်သည့်တိုင်းရင်းသားဘာသာစကားကို မည်သည့်ကျောင်းတွင် သင်ယူမည်ဖြစ်သည်ကို ရွေးချယ်ရမည်ဖြစ်ကြောင်း NNER ကျောင်းဆရာ၊ စာရေးဆရာ ကိုတာက ပြောသည်။

“ကျောင်းရဲ့အုပ်ချုပ်တဲ့ အဖွဲ့၊ အဲဒီမှာ ကျောင်းအုပ်ရှိမယ်၊ ဆရာတွေရှိမယ်၊ မိဘတွေရှိမယ်၊ ဒီမှာတော့ ဒီဘာသာစကားသင်မယ်၊ ဘယ်ဘာသာစကားသင်မယ်ဆိုတာ ကိုယ်ကျောင်းကို ကိုယ်တိုင် ဆုံးဖြတ်ခွင့်လေး ပေးလိုက်ရင်ပြီးပါတယ်”ဟု ကိုတာက ဆက်ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ပထမနေ့တွင် မွန်ပြည်နယ်ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး တာဝန်ခံ ကိုဘုန်းမြတ်မိုးက မိခင်ဘာသာစကားသင်ကြားခွင့်နှင့် ပတ်သက်၍ NNER အမြင်အား မေးမြန်ခဲ့သည်ကို တွေ့ရှိရသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ပထမနေ့အား နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ နာရေးကူညီမှုအသင်းရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား ၃၀၀ ခန့်နှင့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ် ၃၀၀ ဦးခန့် စုစုပေါင်း ၆၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အာရှနိုင်ငံများဖြစ်ကြသော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံများတွင် မိခင်ဘာသာစကားအခြေပြုသည့် ပညာရေးအားစနစ်အား ဥပဒေတွင် တိတိကျကျဖော်ပြကာ အသုံးပြုနေခြင်းကြောင့် ၎င်းတို့နိုင်ငံများရှိ တိုင်းရင်းသားကလေးများ၏ ပညာရေးမှာ မြင့်တက်လာကြောင်း NNER ၏ သုသေသနများအရ သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀ဝ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် …

Leave a Reply

%d bloggers like this: