spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းကိုပါကြီးရုပ်အလောင်းအား ၂၄ နာရီအတွင်းမီးသဂြိုလ်ရန် မော်လမြိုင်စည်ပင်အမိန့်ထုတ်

    ကိုပါကြီးရုပ်အလောင်းအား ၂၄ နာရီအတွင်းမီးသဂြိုလ်ရန် မော်လမြိုင်စည်ပင်အမိန့်ထုတ်

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မြန်မာစစ်တပ်၏သတ်ဖြတ်ခြင်းခံရသူ အလွတ်သတင်းထောက် ကိုပါကြီးရုပ်အလောင်းအား မှုခင်းဆရာဝန်များစစ်ဆေးပြီးနောက် ၂၄ နာရီအတွင်း မီးသဂြိုလ်ရန် နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြိုနယ်စည်ပင်သာယာရေးကော်မတီကရုံးအမိန့်အမှတ် ၁/၂၀၁၄ ဖြင့် စာထုတ်ပြန် လိုက်ပြီး ကွယ်လွန်သူ၏ဇနီး မသန္တာအား ၄င်းအမိန့်စာကို ပေးအပ်လိုက်သည်။

    အငြင်းပွားစရာဖြစ်နေသော ကိုပါကြီးသတ်ဖြတ်ခံရမှုတွင် မြေမြှုပ်ခဲ့သောသူ၏ရုပ်အလောင်းအား သက်ဆိုင်ရာအာဏာပိုင်များ၊ ကာယကံရှင်မိသားစုဝင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာများရှေ့မှောက်တွင် ပြန်လည်တူးဖော်ခဲ့ပြီး မော်လမြိုင် ဆေးရုံးကြီး၌ စစ်ဆေးခဲ့ပြီး ဖြစ်သည်။

    ရုံးတဆိပ်နှင့် မြိုနယ်စည်ပင် အရာရှိချုပ် လက်မှတ်တို့ဖြင့် အကြောင်းကြားထားသည့် ၄င်းအမိန့်စာတွင် “မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ (၅.၁၁.၂၀၁၄)ရက် ၁၇:ဝ၀ အချိန်၌ ရင်ခွဲစစ်ဆေးရန် ပေးပို့ထားသော အောင်ကျော်နိုင်(ခ)အောင်နိုင်(ခ)ပါကြီး၏ အလောင်းအား ရင်ခွဲစစ်ဆေးပြီးချိန်မှစ၍ မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ (၅.၁၁.၂၀၁၄) ရက်နေ့တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၄ နာရီအတွင်း သက်ဆိုင်ရာ သုဿန်မြေ၌ သဂြိုလ်ခြင်းပြုလုပ်ရန် မွန်ပြည်နယ်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈(က)အရ အကြောင်းကြားပါသည်”ဟု ဖေါ်ပြထားသည်။

    “ကျွန်တော်တို့ ရန်ကုန်မှာ သဂြိုလ်ဖို့ ခန်းမတောင် ငှားပြီးသွားပြီ။ ဒါပေမယ့် ရန်ကုန်ကိုအလောင်းသယ်သွားဖို့ အနှောက်အယှက်တွေ ရှိနေတယ်၊ ညနေက ကျွန်တော်တို့သူတို့(သက်ဆိုင်ရာအာဏာပိုင်) တွေနဲ့ ဒီလောက်တွေ့နေတာ ဘာမှမပြောဘူး။ အခုညမိုးချုပ်တော့မှာ ဒီလိုအမိန့်စာနဲ့ ထလုပ်တာ။ ရဲကလည်း အလောင်းရန်ကုန်သယ်မယ့်အစီအစဉ် လုံခြုံရေးပေးမပေးတော့မသိရဘူး ”ဟု ကိုပါကြီးမိသားစု နှင့် လိုက်ပါကူညီဆောင်ရွက်နေသူ ကိုသူကပြောသည်။

    ကိုပါကြီးအလောင်းအား နိုဝင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့သို့ အသုဘချရန် မိသားစုများ ပြန်လည်သယ်ဆောင်လာမည် ဟုစီစဉ်ထားပြီး ဘုန်တော်ကြီးအချို့နှင့်အပေါင်းအပါ အရပ်သားအချို့က ရိုးရာဓလေ့အရ မွန်ကျေးရွာများအား မဖြတ်သန်းရန်တားမြစ် ပြောဆိုနေမှုများ လူမှုကွန်ယက်အင်တာနက်စာမျက်နှာ Facebook တွင် ပြန့်နှံ့လျှက်ရှိနေသည်။

    “ဘုန်းကြီးနဲ့ အရပ်ဖက်က လူအချို့က ရွာတွေ မဖြတ်ဖို့ ကျွန်တော် တို့ကို လာခြိမ်းခြောက်ထားတယ်။ ပြည်နယ်ရုံးကို ကျွန်တော်တို့ သွားပြောတော့လည်း ပြည်နယ်ရုံးက တာဝန်မယူနိုင်ဘူးတဲ့အလောင်းကိုတော့ ကျွန်တော်တို့ မဖြစ်ဖြစ်အောင် သယ်မှာပါ ဟု ကိုသူက ပြောသည်။

    အဆိုပါ လာရောက်ခြိမ်းခြောက်ခဲ့သော ဘုန်းတော်ကြီးများသည် ဒေသခံမွန်ဘုန်းတော်ကြီးများမဟုတ်ကြောင်း မွန်အမျိုးသားပါတီ MNP တာဝန်ရှိသူတစ်ဦးက ပြောသည်။

    မသန္တာက ” အလောင်း သယ်ဆောင်လုပ်ဆောင်အတားအဆီး အနှောက်အယှက်တွေနဲ့ ကြုံနေရတယ်၊ ဒီအလောင်းဟာ မော်လမြိုင် မြို့က မထွက်ဖို့အတွက် ပထမက ဆရာဝန်နဲ့တဆင့် အရင်ပြောလာတယ်၊ နောက်တခါကျတော့ ဘုန်းကြီး နောက်တခါ ဘာသာရေး အဓိကရုဏ်းဆိုတဲ့ ခေါင်းစဉ် တပ်လာတယ်၊ ဒီနေ့ကျတော့ စည်ပင်က ဥပဒေ ထုတ်လာတယ်၊ အမှုမှန်မပေါ်ပေါက်အောင် တားဆီးတဲ့ အတားအဆီးတွေချည်းပဲလို့ မြင်တယ်၊ ဒါဟာ တကယ့် မတရားမှုကို အားလုံးက ဝိုင်းပြီး လိမ်ကြတာ” ဟု ပြောသည်။

    နိုဝင်ဘာ၆ရက်နေ့ ညပိုင်းတွင် ကိုပါကြီးဇနီး တည်းခိုရာနေရာတဝိုက် မသင်္ကာဖွယ်ရာလူစုများ တွေ့ရှိနေရပြီး လုံခြုံရေးစိတ်မချရသဖြင့် ရန်ကုန်မြိုမှလိုက်ပါလာသည့်သတင်းထောက်များနှင့်အတူ မွန်အမျိုးသားပါတီရုံးသို့ ပြောင်းရွှေ့လိုက်သည်ဟု စုံစမ်းသိရှိရသည်။

    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထောက်လှမ်းရေးနှင့် လုံခြုံရေး ဌာနခွဲ အမှတ်(၁)မှ တာဝန်ကျရဲအရာရှိတစ်ဦးက “သူတို့အစီအမံမှာ အလောင်းသယ်မယ့်ကိစ္စမှာ သူတို့ဘာသာ သူတို့ပြန်သယ်မယ်ဆိုပြီးပါတယ်၊ ကျနော်တို့ဟာက အလောင်း ထုတ်ပိုးမှုအတွက်ဘဲ လုံခြုံရေးပါတာဗျ၊ အလောင်းသယ်ဖို့ပာ မပါဘူး။ ကျွန်တော်တို့ စောင့် ကြည့်တာဘဲရှိမယ်၊ အလောင်းသယ်ဖို့ကိစ္စတော့ အမိန့်ဘာမှတက်မလားသေးဘူး” ဟု နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောသည်။

    IMNA ၏ ဆက်သွယ်မေးမြန်းချက် ဒေသခံနိုင်ငံရေးနိုင်ငံရေးပါတီဖြစ်သည့် မွန်အမျိုးသားပါတီ MNP ၊ NLD နှင့် ပအို့အဖွဲ့ အစည်း အချို့က လုံခြုံရေးဆောင်ရွက်ကာ နိုဝင်ဘာ ၇ ရက်နေ့ နံနက်တွင် ကိုပါကြီး ရုပ်အလောင်းအား ရန်ကုန်သို့ သယ်ဆောင်နေပြီဟု သိရသည်။

    ကိုပါကြီးသည် မွန်ပြည်နယ်ကျိူက်မရောမြို့နယ်တဝိုက်တွင် အစိုးရတပ်မတော်နှင့် DKBA တပ်ဖွဲ့တို့၏ တိုက်ပွဲသတင်းလိုက်နေစဉ် တပ်မတော်၏ဖမ်းဆီမှုခံနေရစဉ် သေနတ်လုထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း၊ အလောင်းကိုကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း သက်ဆိုင်ရာမှသတင်းထုတ်ပြန်ထားသော်လည်း အငြင်းပွားစရာရှိသောကြောင့် ယခုအခါအလောင်းပြန်ဖေါ် စစ်ဆေးရာ၌ သေနတ်ဒဏ်ရာ ၅ ချက်တွေ့ရှိရကြောင်း မှုခင်းဆရာဝန်၏ ပြောကြားချက်များကိုးကား၍ မီဒီယာများက ဖေါ်ပြကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts