spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်း၂၀၁၅ ရွေးကောက်ပွဲ အောက်တိုဘာလကုန်ပိုင်းတွင် ကျင်းပမည်

    ၂၀၁၅ ရွေးကောက်ပွဲ အောက်တိုဘာလကုန်ပိုင်းတွင် ကျင်းပမည်

    -

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နောင်နှစ်အောက်တိုဘာလနောက်ဆုံးပတ် (သို့မဟုတ်) နိုဝင် ဘာလ ပထမပတ်၌ ကျင်းပမည်ဟု နိုင်ငံရေးပါတီကိုယ်စားလှယ်များ ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင်
    အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့စဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသည်။

    ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လည်း ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် ဒိုင်အဖြစ် ရပ်တည်သွားမည်ဟုလည်း ဦးတင်အေးက ဆက်ပြောသည်။

    ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန်မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သက်တမ်းသည် ငါးနှစ်သာရှိကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်သည် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပခဲ့သဖြင့် ပြည်သူ့လွှတ်တော်ပထမသက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဒုတိယသက်တမ်းအား ခေါ်ပေးရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ထုတ်ဖေါ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

    အဆိုပါတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် မဲဆွယ်စည်းရုံးရေး ကိစ္စများကို အဓိကထားဆွေးနွေး ခဲ့ကြရာ နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလရက် ၃၀ မှ ၆၀ အထိတောင်းဆိုခဲ့ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့် ဒေသအတွက်သာခွင့်ပြုကြောင်း ကော်မရှင်အကြီးအကဲက ဖြေ ကြားခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်ဇံသာက ပြောသည်။

    သူက “ဆွေးနွေးပွဲအစပိုင်းမှာ အဓိကရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေကို ရှင်းပြတယ်၊ ကျင်းပ မယ့်ရက် အတိကျတော့ မပြောသေး ဘူး၊ ပြီးတော့ ရက် ၆၀ တိုးပေးဖို့ကိစ္စကို ခေါင်အရပ်တဲ့ဒေသတွေမှာ ခွင့်ပြုရင် ခွင့်ပြုမယ်၊ ချောမွေ့တဲ့နယ်တွေမှာတော့ ခွင့်မပြုဘူးလို့ ကော်မရှင်က ပြန်ဖြေတယ်” ဟု ပြောသည်။

    ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ် လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာများကို ကျင်းပပေးရန်နှင့် မဲရုံများ၌ အစိုးရဝန်ထမ်းများမထားဘဲ သာမန် ပြည် သူတွေကိုသာခန့်ထားရန် ပါတီကိုယ်စားလှယ်များက တင်ပြတောင်းဆိုမှုရှိခဲ့သည်။

    အထက်ပါတောင်းဆိုမှုများကို ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဥပဒေအတည်ပြုပြီးသားအချက်များကို ပြင်ဆင်ရန်မလွယ်ကူကြောင်း ပြင်ဆင်ပေးနိုင်မှာမဟုတ်ကြောင်းလည်း ရွေးကောက်ပွဲ ကော် မရှင်အကြီးအကဲများက ဖြေကြားသွားခဲ့သည်ဟု ဆိုသည်။

    လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲကော်မရှင်တို့ ထပ်မံ တွေ့ဆုံမည့်အစီအစဉ်ရှိကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

    အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ အောက်တိုဘာ ၂၀ ရက်ကပြုလုပ်သည့် တွေ့ဆုံပွဲအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုတွင်လည်း ၂၀၁၅ ရွေးကောက်ပွဲကျင်းပမည့်ကာလကို ဦးတင်အေးက ထုတ်ဖေါ်ပြောကြားခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts