spot_img
Thursday, April 25, 2024
More
    spot_img
    Homeသတင်းတိုင်းရင်းဘာသာသင်ဆရာများအား အစိုးရလစာထောက်ပံ့နေ

    တိုင်းရင်းဘာသာသင်ဆရာများအား အစိုးရလစာထောက်ပံ့နေ

    -

    မွန်ပြည်နယ်တွင် မွန်ဘာသာနှင့် အခြားတိုင်းရင်းသားဘာသာ သင်ကြားနေသော ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာနက လစာထောက်ပံ့ပေးသည်ဟုချောင်းဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက လွတ်လပ်သောမွန် သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

    တိုင်းရင်းသာ ဘာသာစာပေကို ကျောင်းချိန်(သို့မဟုတ်) ကျောင်းချိန်ပြင်ပတွင် ယခုအခါ သင်ကြားပေးလျက်ရှိရာ ဆရာများအား တစ်လ လျှင်ကျပ်သုံးသောင်း (၃၀ဝ၀ဝ) နှုန်းဖြင့် ၂၀၁၄ -၂၀၁၅ ပညာရေးနှစ်မှ စတင်ထောက်ပံ့နေခြင်း ဖြစ်သည်။

    သူက “ဘယ်မြို့နယ်က ဘယ်စာသင်ကျောင်းလဲ၊ ဘယ်လမှာစပြီးသင်လဲ၊ ဆရာ/ဆရာမ ဦးရေ ဘယ်လောက်ရှိသလဲ ဆိုတာကို အမှတ် (၁) အခြေခံပညာဦးစီးဌာနရုံးချုပ်ကို စာရင်းတင်ပြီးမှ ထောက်ပံ့ငွေထုတ်ပေးပါတယ်” ဟု ဆိုသည်။

    ချောင်းဆုံမြို့နယ်တွင် အစိုးရ စာသင်ကျောင်း ၃၆ ကျောင်းရှိပြီး၊ တစ်ကျောင်းလျှင် ဆရာ (၂) ဦးနှုန်းဖြင့် စုစုပေါင်းမွန်စာသင်ဆရာ ၇၂ ဦးက ယခုနှစ်စက်တင်ဘာလမှစ၍ မွန်သင်ကြားခဲ့သည်ဟု ဒေါက်တာ အောင်နိုင်ဦးက ဆက်ပြောသည်။

    သံဖြူဇရပ်မြို့နယ်၊ ကော့ထော်(ပငကျေးရွာ) မူလလွန်ကျောင်း မွန်ဆရာမ မိဦး က “အစိုးရကနေ ကျမ တို့ကို တစ်လ သုံးသောင်း ထောက်ပံ့တာကလွဲပြီး တစ်ခြားနေရာ ထောက်ပံ့တာမရှိပါဘူး၊ ပုံမှန်ရရှိခဲ့ပါတယ် ” ဟုပြောသည်။

    အဆိုပါ ကော့ထော် စာသင်ကျောင်း၌ သူငယ်တန်းမှ တတိယအတန်းအထိ Grade 1/2/3 ခွဲကာ ကျောင်းချိန် နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီခွဲအချိန်တွင် မွန်စာသင်ကြားနေသည်ဟု ပြောသည်။

    ရေးမြို့ အမှတ် (၄) မူလတန်းလွန်၊ ကျောင်းဆရာမ တစ်ဦးကလည်း “ဒီကျောင်းမှာ မွန်စာသင်ပေးဖို့ ကျောင်းအုပ်ကို တင်ပြတယ်၊ ကျောင်းအုပ်က လက်မခံဘူး၊ အထက်ကို သူတင်ပြထားတာက ဒီကျောင်းမှာ မွန်စာသင်ချင်တဲ့ ကျောင်းသားတွေ မရှိဘူး ဆိုတော့ မွန်စာသင်ခွင့်မရပါဘူး” ဟု ပြောသည်။

    ထို့အပြင် ရေးမြို့နယ်ပေါ်ရှိ အစိုးရစာသင်ကျောင်းများတွင် မွန်စာပေသင်ကြားသည့်ကျောင်း အနည်းငယ်သာ ရှိသည်ဟု သိရသည်။

    အလားတူ ကရင်ပြည်နယ်၊ ချင်းပြည်နယ်စသောမြို့များတွင်လည်း တိုင်းရင်းသားစာပေ သင်ကြာပေးသော ကျောင်းဆရာများအား အစိုးရမှထောက်ပံ့ငွေများ ပေးထားလျှက်ရှိသည်။

    တဖက်တွင်လည်း မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားပညာရေးဌာန၌ မွန်အမျိုးသားစာသင်ကျောင်း ၁၅၆ ကျောင်းရှိပြီး မွန်စာပေအဓိကထား အတန်းပညာရေးစနစ်ဖြင့် သင်ကြားလျက်ရှိရာ တက္ကသိုလ်ဝင်တန်းမေးပွဲကို အစိုးရစာစစ်ဌာနများတွင် ဝင် ရောက်ဖြေဆိုခွင့် ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts