မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်ပြည်နယ်တွင်း နှစ်ခုမြောက်မြဝတီဘဏ်ကို ရေးမြို့တွင်ဖွင့်လှစ်

မွန်ပြည်နယ်တွင်း နှစ်ခုမြောက်မြဝတီဘဏ်ကို ရေးမြို့တွင်ဖွင့်လှစ်

ရေးသားသူ: > မြဝတီဘဏ်လီမိတက်၏ မွန်ပြည်နယ်တွင်း ဒုတိယမြောက်ဘဏ်ကို ရေးမြို့တွင် အောက်တိုဘာလ ၉ ရက်နေ့က ဖွင့်လှစ်လိုက်ပြီး ဘဏ် လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်ကိုတွေ့ရှိရသည်။

မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မွန်ပြည်နယ် တောင်ဘက်အစွန် ဆုံးဖြစ်သည့် ရေးမြို့တွင် ယခုကဲ့သို့ ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

“လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာ ပိုပြီး တိုးတက်အောင်၊ ဒေသခံတွေ အလုပ်ရအောင် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ပါ တယ်၊ ငွေစုသူတွေအတွက် အကျိုးကျေးဇူးတွေ များစွာ ရရှိစေဖို့ သက်တမ်းကာလတွေအလိုက် စာရင်းသေအပ်ငွေစာအုပ်တွေကို ဖွင့် လှစ်စုဆောင်းနိုင်ပါတယ်” ဟု မြဝတီဘဏ်လိမိတက် DY. Managing Director ဦးယုလွင်က လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

ရေးမြို့နယ်သည် စီးပွားရေးလုပ်ငန်းအနေဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကထားသည့် မြို့နယ်ဖြစ်သည့်အတွက် ငါးဖမ်းလုပ် ငန်းများ ဆုံရပ်ဖြစ်သည့် အစင်ကျေးရွာတွင်လည်း ဘဏ်ခွဲတစ်ခုကို ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း၊ အင်တာနက် ဆက်သွယ်ရေးစနစ် ကောင်းမွန်လာပါက mobile bank လုပ်ရန်လည်း စီစဉ်ထားကြောင်း သူက ပြောသည်။

ရေးမြို့ဘဏ်သည် မြဝတီဘဏ်လီမိတက်အနေနှင့် တစ်နိုင်ငံလုံး၏ ၃၈ ခုမြောက် ဖြစ်ပြီး၊ မွန်ပြည်နယ်တွင် ၂ ခုမြောက် ဖြစ်သည်၊ လက်ရှိ တွင် ငွေလွှဲလုပ်ငန်းနှင့် ငွေစု ငွေချေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်မည်ဟု မြဝတီဘဏ်က ပြောဆိုထားပြီး၊ သီးခြားဝန် ဆောင်မှုအနေနှင့် ATM စက်များကိုလည်း ထားရှိပေးထားသည်ကို တွေ့ရသည်။

ဘဏ်ဖွင့်ပွဲ တက်ရောက်လာသည့် ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးက “ရေးမှာဆို အဓိကကတော့ ဒီငွေလွှဲကိစ္စပဲ၊ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ဝန်ဆောင်မှုကောင်းမယ်ဆိုရင် အားပေးကြမှာပါ” ဟု ပြောသည်။

ရေးမြို့နယ်တွင် အစိုးရ၏ မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိကဘဏ်အဖြစ် မွေးမြူရေးနှင့် ရေးလုပ်ငန်းဘဏ်မှ အမည်ပြောင်းထား သည့် ကမ္ဘာ့ရတနာဘဏ်နှင့် မြန်မာစီးပွားရေး ဦးပိုင် လီမိတက်၏ မြဝတီဘဏ်လီမိတက်တို့ ဖွင့်လှစ်ထားပြီး ကမ္ဘောဇဘဏ်ကို ထပ်မံ ဖွင့်လှစ်ရန် ဆောက်လုပ်ဆဲ ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ရပ်ရွာအေးချမ်းသာယာစေရေး လူမှုရေးပြဿနာများကိုဖြေရှင်းပေးသင့်

ဒီမိုကရေစီစနစ်ကို လေ့ကျင့်ပြုစုပျိုးထောင်နေသော လက်ရှိမြန်မာနိုင်ငံတွင် အရာအရာတိုင်းမှာ အစိုးရ၏ဝိုင်းဝန်းပံ့ပိုးမှုကိုသာ မှီခိုအားထားနေလို့မသင့်ပါ၊ ဒီမိုကရေစီစနစ်အရ ပုဂ္ဂလိကတာဝန်ပိုင်းမှာ နိုင်ငံသားကောင်းများဖြစ်ရန်နှင့် တာဝန်သိတတ်မှုကို အလေးထားကာ မိမိတို့ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြဿနာဖြစ်လာပါက အတူတကွ …

Leave a Reply

%d bloggers like this: