မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ခေါင်းလောင်းဆယ်ယူပြီးမှသာ ယုံကြည်နိုင်မည်ဟုဆို

ခေါင်းလောင်းဆယ်ယူပြီးမှသာ ယုံကြည်နိုင်မည်ဟုဆို

ရေးသားသူ: > မွန်ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ရှိပြီဟု ဦးစံလင်း၏ သတင်းထုတ်ပြန်မှုအပေါ်တွင် ဆယ်ယူပြီးမှသာ ယုံကြည်နိုင်မည်ဟု မွန်ရှေးဟောင်း သုတေသန အဖွဲ့ဝင် နိုင်ရဲဇော်က လွတ်လပ်သော

မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

နိုင်ရဲဇော်က “တကယ်တွေခဲ့တယ်ဆိုရင်လည်းဝမ်းသာပါတယ်၊ တွေ့ပြီးလို့ သတင်းထုတ်ပြန်တာပဲရှိတယ်၊ ဘယ်နေ့၊ ဘယ်နေရာမှာ ဘယ်ရေငုပ်သမားက ဘယ်လိုစမ်းသပ်ပြီး ဘယ်လိုထိတွေပြီးမှ တွေ့တယ်ဆိုတာ ဖော်ပြထားတာမရှိဘူး၊ တကယ်ဟုတ်မဟုတ်ဆိုတာကိုတော့ ဆယ်ယူပြီးမှ ယုံကြည်နိုင်မည်ဟု ” ဟု ပြောသည်။

အဆိုပါခေါင်းလောင်းကို ဟံသာဝတီမင်းလက်ထက်က သွန်းလုပ်ခဲ့သည့် ခေါင်းလောင်း ဟုတ်မဟုတ်၊ ကြေးပိဿာချိန်မှန်မမှန်၊ မွန်ရှေးဟောင်းစာပါ မပါ၊ စာဖတ်၍ ရမရလို သမိုင်းကြောင်းအရ စစ်ဆေးပြီးမှ အတည်ပြုနိုင်မည်ဟု နိုင်ရဲဇော်က ပြောသည်။

ဦးစံလင်း က“ကျနော်တို့ အခုလုပ်နေတဲ့ ကိစ္စဘယ်သူမှ မစဉ်းစားနိုင်တဲ့ကိစ္စ၊ ဘယ်သူမှ မလုပ်နိုင်တဲ့ကိစ္စကို ကျနော်တို့လုပ်နေတာပါ ၊ ကျနော်တို့လုပ်နေတာက ကလေး ကစားစရာ မဟုတ်ပါဘူး၊ တကယ်တွေခဲ့လို့သာ ခုလိုသတင်းထုတ်ပြန်လိုက်တာပါ” ဟုပြောသည်။

မြန်မာ့နည်း မြန်မာ့ဟန် နည်းပညာလျှို့ဝှက်ချက်များရှိနေခြင်းကြောင့် နှုတ်မှဖွင့်ဟ၍ မပြောရပါ၊ အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်းခံပြီးမှ တွေ့ရှိပြီးဖြစ်ကြောင်းကို အတိအလင်းကြေငြာခြင်းဖြစ်သည်ဟု မောင်စံလင်း(မြေပုံ) ကော့သောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။

“တစ်ချို့က အလိမ်ခံထိမယ်ဘာညာဆိုပြီး ကျနော်တို့ကို လာလာပြောနေတာတွေ အများကြီးပါ၊ ရေငုပ်သမားတွေရဲ့ ပြောပြချက်အရ တွေ့ပြီးလို့ ကျနော်တို့ သိခဲ့တာပါ၊ ကျနော်တို့ ရေထဲမှာတကယ်တွေ့ခဲ့တာမဟုတ်ပါဘူး” ဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီ ဒု-ဥက္ကဌ နိုင်မင်းအောင်က ပြောသည်။
ယခုအခါ ခေါင်းလောင်းဆယ်ယူရေးအဖွဲ့မှ ကုန်းပေါ်သို့အရောက်တင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြပြီး ဆယ်ယူရေးလုပ်ငန်များအတွက် ပြင်ဆင်နေသည်ဟု သူက ဆက်ပြောသည်။

မွန်ဓမ္မစေတီမင်းလက်ထက်တွင် ကြေးပိဿာချိန် (၃၀ဝ၀)ခန့်ရှိ ခေါင်းလောင်းငယ်သွန်းလုပ်ခဲ့သော်လည်း အဆိုပါချောင်းတွင်း နစ်မြှပ်သွားသည်ကို သမိုင်း အထောက်အထားမရှိကြောင်း၊ ခေါင်းလောင်းငယ်တွေ့ခဲ့သည်ဟု ပြောဆိုမှုများရှိလာပါက လုပ်ကြံမှုသာဖြစ်နိုင်သည်ဟု နိုင်ရဲဇော် ကပြောသည်။

မွန်ဓမ္မစေတီခေါင်းလောင်း ရှာဖွေ ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဇူလိုင်လ ၉ ရက်မှ စတင်ရှာဖွေခဲ့ပြီး၊ ဆယ်ယူရေးအဖွဲ့ဦးရေ ၇၀ ဦးနှင့် ဆလုံရေငုပ်သမား ၁၀ ဦးတို့ ပါဝင်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

တာဝန်ရပ်လိုက်သည့်ရေးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးနေရာ အသစ်ပြန်ရွေးမည်

ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် တာဝန်မှရပ်စဲလိုက်သည့် ရေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦး နေရာတွင် အုပ်ချုပ်ရေးမှူးအသစ်ကို တစ်လအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ရေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးမှ သိရသည်။ …

Leave a Reply

%d bloggers like this: