spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းဈေးကောင်းလာသည့် မွန်ပြည်နယ်သစ်မွှေး

    ဈေးကောင်းလာသည့် မွန်ပြည်နယ်သစ်မွှေး

    -

    မွန်ပြည်နယ်အတွင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော သစ်မွှေးပင်များကို လာရောက်ဝယ်ယူသူများရှိကြောင်း သိရသည်။

    “၃ နှစ်သားလောက်ရှိတဲ့သစ်မွှေးတစ်ပင်ကို ကျပ် ၃ သိန်းခွဲနဲ့ ကချင်ဘက်က လာဝယ်တယ်။ ကျနော်တို့ မရောင်းနိုင်လို့ မရောင်းလိုက်ဘူး” ဟု သစ်မွှေးကို ကိုယ်တိုင်စိုက်ပျိုး၊ ရောင်းချသူ ကိုညီညီက ပြောသည်။

    လွန်ခဲ့သည့် ၃ နှစ်ခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားဒေသတနိုင်းမှစိုက်ပျိုးသည့်သစ်မွှေးမျိုးပင်ကို မှာယူခဲ့ပြီး ၄င်းတို့၏ခြံတွင်စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

    စိုက်ပျိုးပြီး ၄ နှစ်ကျော် သစ်မွှေးအပင်လုံးပတ် ၁၈ လက်မကျော်ပါက ပင်စည်အတွင်းသို့ အဆီရရှိရန် ဆေးသွင်းနိုင်ကြောင်း ကိုညီညီက ပြောသည်။

    “ဆေးမသွင်းခင် အပင်တွေကို ရောင်းချင်တဲ့သူတွေရှိရင် လာဝယ်တာလည်းရှိတယ်။ ဈေးအမျိုးမျိုးလာဝယ်တာလည်းရှိပါတယ်။ ကျနော်တို့က ကိုယ့်ခြံထဲမှာပဲ ရှိနေတာဆိုတော့ မရောင်းချင်ဘူးပေါ့။ အဲဒီအခါကျရင် ဈေးဘယ်လောက်ရရပေါ့ ဆေးသွင်းပြီးမှ ရောင်းမယ်” ဟု ၄င်းက ဆိုပါသည်။

    ယခင် သစ်မွှေးမျိုးစေ့တစ်ဗူး (နို့ဆီဗူး) လျှင် ကျပ် တစ်သိန်းခွဲဈေးရှိပြီး မျိုးစေ့ကို ကြိုတင်မှာယူရကြောင်း၊ မှာယူသည့်အရည်အတွက်၏ထက်ဝက်ခန့်သာ သစ်မွှေးကုမ္ပဏီတို့မှ ပေးနိုင်သည်။ သစ်မွှေးအသီးတစ်လုံးတွင် သစ်မွှေးစေ့ ၂ စေ့သာပါရှိပြီး တစ်ဗူးလျှင် အစေ့ ၉၀ဝ ခန့်ဝင်သည်။

    သစ်မွှေးစိုက်ပျိုးသူအချို့မှ ၄င်းတို့စိုက်ပျိုးပြီးသောသစ်မွှေးပင်၏ ပင်စည်၊ရေသောက်မြစ်ရော ဘေးမြစ်မွှားပါမကျန်အောင် လုံးထွေပြီး ဇကာနှင့်ထုတ်ကာရောင်းခြင်းလည်းရှိသည်ဟု ကိုညီညီက ဆိုသည်။

    ကချင်ပြည်နယ် မြစ်ကြီးနာမြို့နယ် တနိုင်းဒေသမှ သစ်မွှေးမျိုး၊ တနင်္သာရီတိုင်း ကျွန်းစုဒေသမှ သစ်မွှေးမျိုးနှင့် ပဲခူးရိုးမမှ သစ်မွှေးမျိုးများကို မှာယူစိုက်ပျိုးကြသော်လည်း တနိုင်းဒေသမှ သစ်မွှေးမျိုးသည် ဆေးသွင်းပြီးပါက သစ်မွှေးအဆီဖြစ်နိုင်ချေများသည်ဟု ၄င်းက ပြောသည်။

    “သစ်မွှေးကို ၄ မိုးရှိပြီး စိုက်ထားတာ။ ဆေးတော့ မသွင်းရသေးဘူး။ အခုက တဖန်လာထပ်ဝယ်တာ မရှင်တဲ့နေရာမှာ ပြန်စိုက်မလို့” ဟု မော်လမြိုင်မြို့နယ် သစ်မွှေးစိုက်သူ ဒေါ်အေးစိုးက ပြောသည်။

    သစ်မွှေးကို ပြည်နည်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် စိုက်ပျိုးနေကြသည်ကို တွေ့ရှိရသည်။

    သစ်မွှေးတစ်ပင်လျှင် အနည်းဆုံး ၂၀ဝ၀ ကျပ်မှ အပင်အနိမ့်အမြင့်ပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ရောင်းချလျက်ရှိရာ သစ်မွှေးပျိုးပင်ကို ပေါင်မြို့နယ် ကျုံကကျေးရွာ၊ မုဒုံမြို့နယ်တွင် ကျောက်တလုံးကျေးရွာနှင့် ဘဲရမ်းကျေးရွာအနီးရှိ ခြံများတွင် ရောင်းချပေးနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts