spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းကျောက်တစ်လုံးဆရာတော် အသည်းခွဲစိပ်ကုသမှု အောင်မြင်

    ကျောက်တစ်လုံးဆရာတော် အသည်းခွဲစိပ်ကုသမှု အောင်မြင်

    -

    ဝင်းစိန်တောရ ဗျိုင်းနှစ်ကောင်ဆရာတော်(ခေါ်) ကျောက်တစ်လုံးဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တကေသရသည် အသည်းခွဲစိပ်ကုသမှု အောင်မြင်ခဲ့သည်ဟု ဒါယကာဖြစ်သူ ကိုဇေသီက

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ကိုဇေသီက ” ကင်ဆာဆဲတွေ အချိန်မီ လှီးထုတ်နိုင်ခဲ့တယ်၊ ဆရာဝန်တွေကတော့ နောက်ထပ် ၁၀ နှစ် တိတိ ပြန်မဖြစ်ဘူးလို့ အာမခံထားတယ်၊ ဆေးရုံကို ပုံမှန်ဆေးလာစစ်ရပါမယ်” ဟုပြောသည်။

    လာမည့် သီတင်းကျွတ်လတွင် နောက်တစ်ကြီး ဆေးစစ်ဆေးမှု Medical check ဆက်လက်ပြုလုပ်ရမည်ဟု ဆိုသည်။

    ဆရာတော်အား သွားရောက် ဖူးတွေ့သူ မိထောချမ်း က ” လာဖူးတဲ့လူက တအားများတော့ စောင့်ရတယ်၊ အချိန်ကနည်းနည်းပဲရတယ် ၁၀ ယောက်၊ တစ်ဖွဲ့ ၅ မိနစ်လောက်ပဲ အချိန်ပေးတယ်” ဟု ပြောသည်။

    ဇူလိုင်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ Bangkok Hospital ၌ ခွဲစိပ်ကာ၊ ဇူလိုင်လ ၁၈ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်သည်ဟု ကိုဇေသီက ပြောသည်။

    ကျောက်တစ်လုံးဆရာတော်သည် ယခုအခါ သက်တော် ၉၃ နှစ်ကျော်ပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts