spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်မှ တိုင်းရင်းဘာသာများဖြင့် မြန်မာ့အလင်းသတင်းစာအချပ်ပို ထုတ်ဝေပြီ

    မွန်ပြည်နယ်မှ တိုင်းရင်းဘာသာများဖြင့် မြန်မာ့အလင်းသတင်းစာအချပ်ပို ထုတ်ဝေပြီ

    -

    ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း မော်လမြိုင်(ကိုယ်ပွား) သတင်းစာတိုက်က မွန်၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်း တိုင်းရင်းသာဘာသာ ၄ မျိုးဖြင့် ယနေ့(သြဂုတ်လ ၁ )ရက်မှ စတင်ပုံနှိပ်ဖြန့်ချိလိုက်သည်ကို ဖတ်ရှုရသည်။

    အဆိုပါ တိုင်းရင်းဘာသာ ၄ မျိုးကို သတင်းစာမျက်နှာတစ်မျက်နှာ ရောင်စုံကာလာဖြင့် ပုံနှိပ်ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။

    မော်လမြိုင်အခြေစိုက် တစ်လ ၂ ကြိမ်ထုတ်ဝေလျက်ရှိသော စနောင်းတိုင်း(Guiding Star) မွန်သတင်းဂျာနယ် အယ်ဒီတာ နိုင်ပိုင်းနွန်က “ဒီနေ့မှစပြီးထုတ်တာဆိုတော့ ပရိတ်သတ်တွေရဲ့အသံကို မကြားမိသေးဘူး၊ မွန်စာတစ်မျက်နှာပဲဆိုတော့လည်း ဖတ်လို့မဝဘူး၊ ဒီနေ့မှာ မွန်သတင်း ၆ ပုဒ်ပဲပါတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် စနောင်းတိုင်းသတင်းဂျာနယ်တစ်စောင် ငွေကျပ် ၅၀ဝ၊ မြန်မာ့အလင်သတင်းစာတစ်စောင် ငွေကျပ် ၁၀ဝ ဖြင့် ဝယ်ယူဖတ်ရှုနေရသည်ဟု သိရသည်။

    မြန်မာ့အလင်းသတင်းစာ မွန်ဘာသာအချပ်ပိုအတွက် ဘာသာပြန်ကူညီပေးနေသူ မိမွန်ကျဲက “လာမယ့် သြဂုတ် ၃ ရက်နေ့ကစပြီး အပတ်စဉ်တနင်္ဂနွေနေ့တိုင်း တစ်ပတ်တစ်ကြိမ်ထုတ်ဝေသွားမယ်၊ လောလောဆယ် အချိန်ပြည့်ဝန်ထမ်းတွေတော့ မခန့်နိုင်သေးဘူး” ဆိုသည်။

    သက်ဆိုင်ရာ တိုင်းရင်းသားဘာသာအလိုက် စာစီစာရိုက် ၁ ဦး၊ ဘာသာပြန် ၂ ဦး၊ ကြီးကြပ်သူ ၁ ဦးမခန့်အပ်နိုင်မီအချိန်တွင် လုပ်အားပေးဝန်ထမ်းများဖြင့် အကောင်အထည်ဖေါ်သွားမည်ဟု သိရသည်။

    အဆိုပါမြန်မာ့အလင်းသတင်းစာ မော်လမြိုင်(ကိုယ်ပွား) သတင်းစာတိုက်မှ မွန်ပြည်နယ်အတွက် စောင်ရေ ၃ သောင်း၊ ကရင်ပြည်နယ်အတွက် စောင်ရေ ၂ သောင်း နေ့စဉ်ဖြန့်ဝေရန် စီစဉ်ထားသည်။

    လက်ရှိမော်လမြိုင်မြို့ပေါ်တွင် ပုဂ္ဂိလိကအဖွဲ့အစည်းဖြင့် စနောင်းတိုင်း မွန်သတင်းဂျာနယ်တိုက်က တစ်လ ၂ ကြိမ်၊ သံလွင်တိုင်းမ် သတင်းဂျာနယ် တစ်လ ၂ ကြိမ်(မွန်ဘာသာအချပ်ပို)နှင့် အစိုးရထုတ် မြန်မာ့အလင်းသတင်းစာ အပတ်စဉ်(မွန်ဘာသာအချပ်ပို) ထုတ်ဝေလျက်ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts