spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်မွန်ပါတီ ၂ ပါတီလက်တွဲနိုင်အုံးမည်လော

    မွန်ပါတီ ၂ ပါတီလက်တွဲနိုင်အုံးမည်လော

    -

    မွန် ၂ တီပေါင်းစည်းရေးဆွေးနွေးပွဲ(IMNA)
    မွန် ၂ တီပေါင်းစည်းရေးဆွေးနွေးပွဲ(IMNA)
    နိုင်ဘန်း – ဇွန်လ ၂၂ ရက်နေ့တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ၏လစ်လပ်နေသည့် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် (၄)နေရာတွင် နိုင်ချမ်းတွဲ့၊ နိုုင်ခင်မောင်ရင်၊ နိုင်ချမ်းနိုင်၊ နိုင်ခင် မောင်မြင့်တို့ ဖြင့် အစားထိုးရွေးချယ်လိုက်ပြီဟုသိရသည်။

    ၄င်းတို့၏လစ်လပ်သွားသည့်နေရာအတွက် အစားထိုးခြင်းသည် လုပ်ရိုးလုပ်စဉ် တခုဖြစ်ပြီး ယခုအသစ်ရွေးချယ်လိုက်သူများသည် ပညာအရည်အချင်းရှိပြီး နိုင်ငံရေးအတွေ့အကြုံ ရင့်သူများဖြစ်သည့်အတွက်(AMDP)ပါတီလုပ်ငန်းများ ထိုးတက်လာလိမ့်မည်မလွဲပေ၊ သို့သော် လစ် လပ်သည့်နေရာသည် မွန် ၂ ပါတီပေါင်းစည်းရေးအတွက် ထုတ်ပယ်ခံရသည့် ဥက္ကဌနိုင်ငွေသိန်း နဲ့နိုင်ချစ်ဦးတို့ နေရာလည်း ပါသည့်အတွက် ဤအစားထိုးမှုသည် မွန်ပါတီအချင်းချင်း ပိုအားပြိုင်ကြ အုံးမလားဟု စိုးရိမ်မိသည်။

    မွန် ၂ ပါတီ တပါတီဖြစ်ရေးအတွက် ၂၀၁၂ ခုနစ်ကတည်းက မွန်သံယာတော်များ၏ဦးဆောင်မှုဖြင့် မွန်အဖွဲ့အစည်းပေါင်းစုံက ကြိုးစားခဲ့ကြပြီး ၂၀၁၃ နှစ်အကုန်တွင် ၂ ပါတီပူးပေါင်းဘို့လက်မှတ်ထိုး သော်လည်း လက်တွေ့တွင် AMDP ဥက္ကဌနိုင်ငွေသိန်းနှင့်နိုင်ချစ်ဦးတို့သည်သာ မွန်အမျိုးသားဒီမို ကရေစီပါတီ MDP နှင့်ပူးပေါင်းခဲ့ပြီး ၂ ပါတီပေါင်းစည်းရေးသဘောတူညီချက်အရ MDP ကို ဖျက် သိမ်းပြီး မွန်အမျိုးသားပါတီ MNP ပါတီအသစ်အဖြင့် ရပ်တည်လှုပ်ရှားလာသည်။

    မွန် ၂ ပါတီ မပေါင်းနိုင်ခြင်းသည် ပါတီခေါင်းဆောင်များနှင်သာမသက်ဆိုင်ဘဲ ယနေ့နိုင်ငံရေး အပြောင်းအလဲ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀ဝ၈ အခြေခံဥပေဒေအပေါ်သဘောထားနှင့်ဆက်နွယ် နေသည့်အပြင် ပြင်ပပယောဂနှင့်လည်း ပါဝင်ပတ်သက်နေသည်ဟုထင်သည်။

    တမျိုးသားလုံးလုပ်ငန်းအစီအစဉ်( National Strategy)

    ဤအတွက်အဖြေတိတိကျကျမသိသော်လည်း ယနေ့နိုင်ငံရေးအခင်းအကျင်းတွင် မွန်နိင်ငံရေးအင် အားစုများ ကွဲနေခြင်းသည် မွန်တို့၌ လုပ်ငန်းအစီအစဉ်စနစ်တကျမရှိခြင်းကို ညွန်ပြနေသည်၊ သိမ်မွေ့ပြီးရှုပ်ထွေးသည့် ယနေ့နိုင်ငံရေးအခင်းအကျင်းတွင် မွန်တို့၌ တမျိုးသားလုံးနှင့်ဆိုင်သည့် လုပ်ငန်းအစီအစဉ်( National Strategy) တခုမရှိပါက သဘောတရားအရရော လုပ်ငန်းအကောင် အထည်ဖော်မှုအပိုင်းတွင်ပါ ကွဲပြားမှုရှိသည်မှာ ဓမ္မတာပင် ဖြစ်သည်။

    မွန်တို့၏ညီညွတ်ရေးနှင့်မွန်ကိုယ်ကြမ္မာမွန်ဖန်တီးခွင့်သည် တမျိုးသားလုံးနှင့်ဆိုင်သည့်လုပ်ငန်း အစီအစဉ်တခုရှိမှသာ ရရှိနိုင်မှာဖြစ်သည့်အတွက် ဤအစီအစဉ်ကို မဖြစ်မနေရေးဆွဲရမည်၊ ဤသို့ ရေးဆွဲရာတွင်မွန်တို့၏သမိုင်း၊လက်ရှိမွန်လူ့အဖွဲ့အစည်းအနေအထား၊ လွတ်လပ်ရေးအပြီး မွန်နိုင်ငံ ရေးလှုပ်ရှားမှုနှင့်အနှစ်(၆၀)ကျော်တော်လှန်ရေးအတွေ့အကြုံ၊လက်ရှိမွန်နိုင်ငံရေးပါတီအနေအထာ းနှင့်မွန်လူထုအခြေပြုအဖွဲ့အစည်းအခြေအနေတို့အပေါ်အခြေခံရလိမ့်မည်ဟုထင်သည်။

    လုပ်ငန်းအစီအစဉ်ရေးဆွဲရာ၌ နောက်ထပ်အရေးကြီးသည့် အချက်တခုမှာ ဖြစ်ရှိနေသည့် ယနေ့ နိုင်ငံရေးအခြေအနေအပေါ် ဆန္ဒစွဲကင်းစွာဖြင့် သုံးသပ်ရန်လိုသည်၊ ယနေ့နိုင်ငံရေးအခြေအနေကို သုံးသပ်ရာတွင် လက်ရှိအပြောင်းအလဲသည် ဘယ်အထိဦးတည်နိုင်သနည်း၊ အပြောင်းလဲ၏အဓိက မောင်နှင်အား၊ အပြောင်းလဲ၏ အဓိက key player ၊ အပြောင်းအလဲကို လှုံ့ဆော်ပေးသည့်အချက်၊ အပြောင်းအလဲနှင့်နိင်ငံတကာ၏အရေးပါမှုစသည့်များအပေါ် အခြေခံပြီး စဉ်းစားသုံးသပ်ရလိမ့် မည်ဟုထင်သည်၊ ဒီအထက်ရှိနိ်ုင်ပေလိမ်မည်၊ များများ ထည့်စားစဉ်းစားလေ မိမိတို့သုံးသပ်ချက် ပိုပြည့်စုံလေပင်ဖြစ်သည်။

    ၎င်းအပြင် ဤလုပ်ငန်းအစီအစဉ်သည် ရာမညဒေသအတွင်း လူမျိုးဘာသာမရွေး အလွှာ အသီးသီး၊ အင်အားစုအသီးသီး၏အကျိုးပါဝင်နိုင်သည့်အစီအစဉ်တခုဖြစ်ရန်လိုသည်၊သို့မှသာလျှင် အင်အားစု အသီးသီးက မိမိတို့ပါဝင်နိုင်မည့်နေရာတွင် ပူးပေါင်းလာနိုင်မည်ဖြစ်သည်။ လူမျိုးတိုင်းအဖွဲ့အစည်းတိုင်းသည် မိမိတို့နှင့်ဆိုင်သည့်လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် မိမိအခြေ အနေနှင့်ကိုက်ညီမည့် စီမံချက်မျိုးကို ရေးဆွဲရမည်ဖြစ်သည်၊သို့ရာတွင် အခြေခံရပ်တည်ချက်တိကျ ရှင်းလင်းမှသာလျင် လက်တွေ့ကျမည့်စီမံချက်ဖြစ်နိုင်ပေမည်။

    မည်သို့သော အခြေခံရပ်တည်ချက်မျုးိ ထားရှိသည်ကို နိုင်ငံရေးခေါင်းဆောင်များ၊လူမှုအဖွဲ့အစည်း ခေါင်းဆောင်များက ဆုံးဖြတ်မည်ဖြစ်သော်လည်း ၎င်းလုပ်ငန်းအစီအစဉ်တွင် ကိုယ်အားကိုယ်ကိုး မှုကိုစောင်းပေးခြင်း၊ဒီမိုကရေစီကျင့်စဉ်တိုးတက်ဖွံ့ဖြိုးစေခြင်း၊မွန်တို့အတွင်းမတူကွဲပြားမှုကိုအသိအမှတ်ပြုပြီး တဦးအပေါ်တဦး လေးစားမှုရှိခြင်း၊သည်းခံတရားဖွံ့ဖြိုးမှုကို အားပေးခြင်း၊ အားလုံးပါဝင် နိုင်ခွင့်ရှိခြင်း၊အမျုးိသမီးတွေ၏အခန်းဏ္ဍကို မြှင့်တင်ခြင်း၊မွန်အမျိုးသာထုအတွင်း ညီညွတ်မှုနှင့်ပူး ပေါင်းဆောင်ရွက်မှုကို အားပေးစေခြင်း၊ တူတာကိုတွဲလုပ် မတူတာကိုဆက်ညှိ ဆိုသည့်မူ ဖြစ်ခြင်း စသည့်အချက်များ ပါဝင်သင့်သည်ဟုထင်သည်။

    မိမိတို့ရပ်တည်ချက်အပေါ်အခြေခံပြီး နိုင်ငံရေး၊စီးပွားရေး၊ပညာရေးကျမ်းမာရေး၊စာပေယဉ်ကျေးမှု၊ ဖွံ့ဖြိုးရေးစသည့်လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက်ခွဲပြီး ချမှတ်ပါက ဆိုင်ရာအင်အားစုများ အကောင် အထည်ဖော်ရာတွင် လွယ်ကူပြီး မိမိတို့အတွင်း ပူးပေါင်းမှုလည်းတိုးတက်လာမည်ဖြစ်သည်။

    ပူးပေါင်းညိနှိင်းရေးပုံစံ

    လုပ်ငန်းအကောင်အထည်ဖော်မှုအပိုင်းတွင်လည်း အဖွဲ့အားလုံးစုပေါင်းသည့် တပ်ဦးပုံစံအထက် အဖွဲ့အချင်းချင်းပူးပေါင်းနိုင်သည့် ပူးပေါင်းညိနှိင်းရေးပုံစံက ပိုအလုပ်ဖြစ်မည်ဟုထင်သည်၊ တပ်ဦး ပုံစံသည် တဖွဲ့၏သြဇာလွမ်းမိုးမှုဖြစ်စေနိုင်ပြီး ချုပ်ကိုင်မှုကို ပိုမိုဖြစ်စေနိုင်သည်၊ နိုင်ငံရေးအင်အား စုများအားကောင်းသည့်လူ့အဖွဲ့အစည်းတွင် တပ်ဦးပုံစံက အလုပ်ဖြစ်နိုင်သော်လည်း မွန်တို့တွင် ဤအခြေအနေမရှိပါ၊ MUL, MAU တို့ ဖွဲ့နိုင်သော်လည်း တခုလုံးကို မဦးဆောင်နိင်ပေ၊ နိုင်ငံရေး ပါတီများအကွဲအပြဲနေသည့် ယနေ့မွန်နိုင်ငံရေးအခြေအနေမျိုးတွင် ပူးပေါင်းညိနှိင်းရေးပုံစံက ပို အလုပ်ဖြစ်မည်ထင်သည်၊ဤအခြေအနေတွင် ဝိုင်းရံအင်အားစုဖြစ်သည့် လူထုအခြေပြုအဖွဲ့အစည်း ၏ အခန်းဏ္ဍသည် ပိုလွတ်လပ်ပြီး ပိုအားကောင်းစေမည်ဖြစ်သည်။

    ၁၉၆၀ ခုဝန်းကျင် မွန်နိင်ငံရေးသည် ပူးပေါင်းညိနှိင်းရေးပုံစံဖြင့် သွားနေသည်ကို တွေ့ရပေသည်၊ ၁၉၅၈ ခုမွန်ပြည်သူ့တပ်ဦးလက်နက်နှင့်ဒီမိုကရေစီလှဲလှယ်အပြီးတွင် မွန်ပြည်နယ်ဖော်ထုတ်ရေး တိုက်ပွဲကို မွန်အမျိုးသားအဖွဲ့ပေါင်းစုံပါဝင်သည့် မွန်ပြည်နယ်ဖော်ထုတ်ရေးအလုပ်ညီညွတ်ရေး ကော်မတီအနေနှင့် လုပ်ဆောင်ခဲ့သည်၊ ၁၉၆၁ ခုတောင်ကြီးညီလာခံတွင် မွန်ကိုယ်စားလှယ် နိုင်လှအောင်သည် မွန်ပြည်နယ်ဖော်ထုတ်ရေးအလုပ်ညီညွတ်ရေးကော်မတီ ကိုယ်စားလှယ်အဖြစ် စကားပြောခဲ့သည်၊ထိုစဉ်က မွန်တို့၏နိုင်ငံရေးလှုရှားမှုသည် တစ်ခုလုံးအသွင်ဆောင်ပြီး ကျေးလက် ဒေသထိပြန့်နံ့သွားကာ မွန်ပြည်နယ်အပြင် ပဲခူးတိုင်းတွင်လည်း အရှိန်ကောင်းခဲ့သည်၊ ထိုစဉ်က ပဲခူးရှိ မွန်စကားမပြောတတ်သော် မွန်အသင်းသည် အားကောင်းသည့်အသင်းဟု ဆိုသည်။

    ယခုအချိန်လည်း ၁၉၆၀ ခု နိုင်ငံရေးအခြေအနေနှင့်သိပ်မကွာပေ၊ယနေ့လူထုအခြေပြုအဖွဲ့အစည်း နှင့်မွန်တို့အကြား နိုင်ငံရေးနိုးကြားမှုသည် ၁၉၆၀ အထက် ပိုအားကောင်းသည်ဟုထင်သည်၊ ယနေ့ နိုင်ငံရေးအခြေအနေတွင် မွန်ပြည်နယ်ငြိမ်းချမ်းမှုရရှိရေး၊မွန်အခွင့်အရေးကိုအာမခံသည့် အခြေခံ ဥပဒေပေါပေါက်ရေး၊မွန်စာပေတရားဝင်ဖြစ်ရေး၊အသိမ်းဆည်းခံလယ်ယာမြေပြန်လည်ရရှိရေး စ သည့်လုပ်ငန်းများသည် တခုလုံးအသွင်ဆောင်သည့်လုပ်ငန်းဖြစ်ပြီး မွန်အဖွဲ့ပေါင်းစုံပါဝင်သည့် ညိနှိုင်းပူးပေါင်းရေးအဖွဲ့ဖြင့် လုပ်ဆောင်ပါက ထိရောက်မှုရှိမည်မလွဲပေ။

    မွန်အင်အားစုများအကြား လုပ်ငန်းပူပေါင်းလုပ်ဆောင်မှု များလာသည့်အခါ မိမိတို့အကြား နား လည်မှု ယုံကြည်မှုပိုမိုများပြားလာပြီး အချင်းချင်း ပြိုင်ဆိုင်လျော့နည်းလာကာ ညီညွတ်မှုလည်း ပိုမိုရရှိလာမည်မလွဲပေ၊သို့သော်လည်း အချို့နေရာတွင် မတူညီမှု ကွဲပြားမှု ရှိနိ်ုင်ပါသည်၊ ဤမတူ ညီမှုကို တူတာတွဲလုပ်မတူတာဆက်ညှိမူနဲ့သွားပါက မိမိတို့အတွင်း မတွဲလုပ်နိုင်စရာ အကြောင်း မရှိပေ၊ မွန်နိုင်ငံရေး ၂ ပါတီ ဥပမာသည်အကောင်းဆုံးဟုထင်သည်၊ နိင်ငံရေးအခြေအနေကြောင့် မွန်ထဲတွင် နိုင်ငံရေးပါတီ ၂ ပါတီ ပေါ်ပေါက်လာသည့်အပေါ် မကောင်းသော်လည်း မဝေဖန်လိုပါ၊ သို့သော် ဖြစ်ရှိနေသည့်အခြေအနေအပေါ် တဦးအပေါ်တဦး လက်ညိုးထိုးနေမည့်အစား တူတာတွဲ လုပ် မတူတာဆက်ညိ ှမူနဲ့ လက်တွဲနိုင်ပါက အကောင်းဆုံးဟုမြင်သည်။

    ပန်းတိုင်မပျောက်စေလို

    ဤသို့ညှိနှိုင်းနိုင်ရန် မိမိတို့၌ ရှင်းလင်းသည့် နိုင်ငံရေးလုပ်ငန်းစဉ်ရှိရန်လိုသည်၊ သို့မဟုတ်ပါက မိမိတို့အကြား ပဋိပက္ခသာ ပိုလာမည်၊ယနေ့အခြေအနေတွင် မွန်တို့၏အခွင့်အရေးကိုအာမခံသည့် အခြေခံဥပဒေတခုပေါ်ပေါက်ရေးသည် လာတ်တလောနိင်ငံရေးလုပ်ငန်းစဉ်၏ပန်းတိုင်အဖြစ် ထား သင့်သည်၊ဖက်ဒရယ်အခြေခံဥပဒေဘဲပြောပြော တပြည်ထောင်စနစ်ဘဲဆိုဆို အခြေခံဥပဒေထဲ တွင် မွန်တို့၏အခွင့်အရေးကို ဖော်ဆောင်ပေး အာမခံပေးသည့် ဥပဒေပုဒ်မ အတိအကျပြဌာန်း ထားရန် လိုသည်၊သို့ဖြင့် ယနေ့နိုင်ငံတွင် ကျင့်သုံးနေသည့် ၂၀ဝ၈ အခြေခံဥပဒေထဲတွင် မွန်တို့၏ အခွင့်အရေးကို ဖော်ဆောင်ပေးအာမခံပေးသည့် ဥပဒေပုဒ်မ ရှိပါက မွန်တို့လက်မခံနိုင် ဘူးလား။

    သို့ဖြင့် ၂၀ဝ၈ အခြေခံဥပဒေထဲတွင် မွန်တို့၏အခွင့်အရေးကို ဖော်ဆောင်ပေး အာမခံပေးသည့် ဥပဒေပုဒ်မ ပြဌာန်းပေးရေး တနည်းဆိုက ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးသည် နိုင်ငံရေးပန်းတိုင် ဖြစ်ပါက ၂၀၁၅ ရွေးကောက်ပွဲသည် ၄င်းပန်းတိုင်အတွက် ဖြတ်ကျော်ရမည့်တံတားတခု မျှသာဖြစ် သည်၊၂၀ဝ၈ အခြေခံဥပဒေကိုမပြောင်းနိုင်သရွေ့ မွန်ပြည်နယ်ကို မွန်ပါတီအုပ်ချုပ်သော်လည်း မွန် တို့အတွက်အကျိုးမရှိပေ၊အကျိုးရှိသူမှာယနေ့အာဏါရအစိုးရနှင့်၎င်းတို့ခရိုနီသာဖြစ်သည်၊အာဏါရအစိုးရနှင့်၎င်းတို့ခရိုနီအတွက် မွန်နိုင်ငံရေးပါတီများအကြား အားမပြိုင်သင့် အပြေးမပြိုင်သင့်ပါ။

    မိမိတို့အားကို မိမိအမျိုးသားအခွင့်အရေးတိုက်ပွဲဖြစ်သည့် မွန်တို့အခွင့်အရေးကို အာမခံသည့် အခြေခံဥပဒေပေါ်ပေါက်ရေးတိုက်ပွဲအတွက်သာ ဖြစ်သင့်သည်၊ ဤတိုက်ပွဲသည် လွတ်တော်တွင်း တိုက်ပွဲ လွတ်တော်ပြင်ပတိုက်ပွဲ ၂ ခုစလုံး ဟန်ချက်ညီညီဖြင့် တိုက်မှသာ အောင်နိုင်သည့်အတွက် ၄င်းအပေါ် AMDP နှင့် MNP လုပ်ငန်းများညှိနိုင်ပါက လက်တွဲမနိ်ုင်စရာအကြောင်းမရှိပေ၊ ထို့ကြောင့် AMDP ၏အားဖြည့်မှုသည် မွန်တို့အခွင့်အရေးတိုက်ပွဲနှင့် မိမိတို့အကြား ပိုမိုပူပေါင်းနိုင် သည့်အား ဖြစ်ပါစေလိုပါကြောင်း။

    (မှတ်ချက်-စာရေးသူ၏အမြင်အာဘော်ဖြစ်ပြီး IMNA ၏အမြင်သဘောထား မဟုတ်ပါကြောင်း-အယ်ဒီတာ)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts