spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးကျူရှင်မဲ့ပညာရေးစနစ်

    ကျူရှင်မဲ့ပညာရေးစနစ်

    -

     မူကြိုအောင်မြင်ခြင်း(သာထွန်းမွန်)
    မူကြိုအောင်မြင်ခြင်း(သာထွန်းမွန်)
    သာထွန်းမွန် – တိုင်းပြည်တခုတည်ဆောက်ရာတွင် ပညာရေးသည် အဓိက အခန်းကဏ္ဍ၌အရေးကြီးဆုံး ပါဝင်နေသည်ကို စာဖတ်သူတို့ အားလုံးအသိပင်ဖြစ်ပါသည်။ ထို့အတူ နိုင်ငံတခုတွင် ပညာရေး၊စီးပွါးရေး၊နိုင်ငံရေး အစရှိသော ဤအရာသုံးခုသည် အစဉ်ဒွန်တွဲလျှက် ရှိနေပါသည်။ နိုင်ငံတစ်ခုတွင် မြေပေါ်၊မြေအောက်၊ ရေအောက်သယံဇာတများ ဘယ်လောက်ပင်ပေါကြွယ်ဝကာ နေပါစေ ထိုသယံဇာတအား တိ်ုင်းသူပြည်သားတို့၏အကျိုးစီးပွားအတွက် စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းရှိသော အစိုးရမရှိသရွေ့ ၊ ကောင်းမွန်သောပညာရေးစနစ်နဲ့အတ ူအရည်အချင်းပြညှ့်မ ှီသောဘွဲ့ရခေတ်ပညာတတ်လူငယ်တွေနည်းပါးနေသရွေ့ ထိုတိုင်းပြည်သည် ဖွံဖြိုးတိုးတက်မှု နှောင့်နှေးပြီး၊ တိုင်းသူပြည်သားတို့၏ဘဝသည်လည်း ဆင်းရဲမွဲတေနေမည်ဖြစ်ပေသည်။ ထိုကြောင့်…….။

    ”ပညာရဲရင့်၊ပွဲလယ်တင့်” ဟူသောစကားကဲ့သို့ တိုင်းပြည်တခုတိုးတက်ပြောင်းလဲလာအောင် တည်ဆောက်ရာ၌တိုင်းသူပြည်သားတို့၏ ပညာရေးမြင့်မားမူသည် အထူးအခြေခံကျပေသည်။ဤ ကမ္ဘာပေါ်က အရာရာ၌ဖွံ့ဖြိုး တိုးတက်နေသော မည်သည့်တိုင်းပြည်ကိုမဆို လေ့လာဆန်းစစ် ကြည့်သော် ထိုနိုင်ငံရဲ့နိုင်ငံသားတို့၏ပညာရေးအဆင့်အတန်းသည် အလွန်မြင့်မားနေသည်ကို တွေ့နိုင်ပါသည်။

    တိ်ုင်းပြည်၏ မြေပေါ်၊မြေအောက်သယံဇာတ၊ ရေအောက်သယံဇာတ ချိုးတဲ့ပေမဲ့လည်း ပညာတတ်အရည်ချင်းပြည့်ဝပြီး ၊ စီမံခန့်ခွဲမှုကောင်းမွန်တဲ့အစိုးရတရပ်၏ ကောင်းမွန်သောပညာရေးစနစ်နဲ့အတူ၊ အရည်အချင်းပြည့်ဝသောဘွဲ့ရပညာတတ်တွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံ၊အထူးသဖြင့် တိုင်းသူပြည်သားတို့၏ပညာရေးကို အထူးဦးစားပေးအုပ်ချုပ်သော အစိုးရတို့၏နိုင်ငံတိုင်းတို့တွင် စီးပွားရေး၊နိုင်ငံရေးတို့တိုးတက်တည်ငြိမ်ကာ ထိုတိုင်းပြည်အတွင်းမှီတင်းနေထိုင်နေကြသော တိုင်းသူပြည်သားတို့၏ လူနေမှုအဆင့်အတန်းတို့သည်လည်း အစစအရာရာ မြင့်မားနေသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာ အာရှက စင်္ကာပူ၊ တောင်ကိုးရီးယား၊ ဂျပန် …၊။

    မြန်မာနိုင်ငံသည်လည်း( ၁၉၄၈) ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ဦးနုဝန်ကြီးချုပ်အဖြစ် တာဝန်ယူသော ပါလီမန်ဒီမိုကရေစီခေတ် အချိန်ကာလတိုတိုတွင် မြန်မာနိုင်ငံ၏စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးသည် အရှေ့တောင်အာရှတွင် အလွန်ပင်မြင့်မားခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပေသည်။ ပညာရေးဘက်တွင်လည်း အဲဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံခြားသားတက္ကသိုလ် ကျောင်းသားများပင် လာရောက်ဆည်းပူရသည် အထိမြင့်မားခဲ့ပါသည်။ ဦးနုလက်ထက်မြန်မာနိုင်ငံ၏ ပညာရေးစနစ်မြင့်မားလာမှု အကျိုးဆက်တွေနဲ့အတူ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးကလည်း “အာရှ၏စပါးကျီသည် မြန်မာ” ဟူ၍ပြောစမှတ်ရှိခဲ့ပါသည်။ ပါလီမန်ဒီမိုကရေစီခေတ်က မြန်မာ့ပညာရေးစနစ် အဘယ့်ကြောင့်မြင့်မားခဲ့ရသလဲဟု ပြန်စဉ်းစားမိသော်….။

    ဝန်ကြီးချုပ်ဦးနု၏ ပါလီမန်ဒီမိုကရေစီ ဖဆပလခေတ်တွင် “ကျုူရှင် “ဟူသောဝေါဟာရရှိခဲ့သော်လည်း အများစုသော ကျောင်းသူ/ကျောင်းသားများသည် ကျုရှင် ဟူသောဝေါဟာရကို မကြားဖူးကြသလို၊ ကျူရှင် ဟူသောဝေါဟာရကိုကြားဖူးတဲ့ အများစုသောကျောင်း/ကျောင်းသားများက လည်းကျုရှင်မယူကြပါ။ ကျောင်းသားလူငယ်အများစုသည် ကိုယ့်အားကိုယ်ကိုးပြီး တက္ကသိုလ်စာမေးပွဲအောင်မြင်ကာ အရည်အချင်းပြည့်မှီစွာ တက္ကသိုလ်ကိုရောက်ကြသည်။ သို့သော်…….။

    ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် ဒီမိုကရေစီပါလီမန်စနစ်အောက်တွင် စီးပွားရေး၊လူမှုရေး၊ပညာရေးတို့၌ အစစအရာရာတိုးတက်နေသော မြန်မာနိုင်ငံ၏အုပ်ချုပ်မှုအာဏာအရပ်ရပ်အား သိမ်းယူခဲ့ပြီး၊ စစ်အာဏာရှင်တပါတီစနစ်ဖြင့် အုပ်ချုပ်လာခဲ့ရာ မြေပေါ်၊မြေအောက်သယံဇာတ၊ ရေအောက်သယံဇာတတွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံ၏ ပညာရေး၊စီးပွါးရေး၊ လူနေမှုအဆင့်အတန်း အားလုံး ကျဆင်းခဲ့ရပါတယ်။

    ၁၉၆၄ ခုနှစ်တက္ကသိုလ်ပညာရေးစနစ်ပြောင်းလိုက်သည့် တော်လှန်ရေး အစိုးရခေတ် မဆလတစ်ပါတီ အာဏာရှင်ခေတ်မှစ၍ သာသနာပြုကျောင်းများ၊ အလွတ်ပညာသင်ကျောင်းများကို သိမ်းလိုက်သော အခါ မူလတန်းကျောင်းသားများမှအစ၊ တက္ကသိုလ်ကျောင်းသားများအကြား ကျူရှင် ဟူသောဝေါဟာရ ခေတ်စားလာပြီး၊ ၁၉၇၇ ခုနှစ်တွင် ဒေသကောလိပ်များစတင်ဖွင့်လှစ်လိုက်သည့်အချိန်မှစပြီး ကျောင်းသားတိုင်း ကျုရှင် ယူကြကုန်တော့သည်။

    ကျနော်တို့ကိုယ်တိုင်ကလည်း အလယ်တန်းကျောင်းသားဘဝမှသည် တက္ကသိုလ်ရောက်သည်အထိ ကျူရှင်နဲ့မကင်းခဲ့ပေ။ တက္ကသိုလ်ကျောင်းသား ဘဝတွင် မေဂျာအတန်းပိုင်နည်းပြ ရဲ့ ကျူရှင်အားကိုးနဲ့ အတန်းကိုကျောင်းခေါ်ချိန်ပြည့်ဘို့ သက်သက်ဟန်ပြတက်ပေမဲ့ ကျန် ဘာသာရပ်တိုင်းကို ဘာမှသေသေချာမလေ့လာခဲ့ကြပါ။ ပညာရေးနဲ့ပတ်သက်ပြီး ဘာမှလည်းဆွေးနွေးတိုင်ပင်မှုမရှိခဲ့ကြ။

    အဲဒီလို ကျနော်တို့လိုမြန်မာနိုင်ငံအတွင်းကကျောင်းသားအများစုဟာ ကျုရှင်ကိုအားကိုးလိုက်သောကြောင့် ကျောင်းသားများ၏ ပညာရေးကား မြင့်မားလာခြင်းမရှိဘဲ အလွတ်ကျက်ပညာရေးစနစ်အောက်၌ တီထွင်ကြံစမှု၊ ကိုယ့်အားကိုယ်ကိုးတတ်သည့် အကျင့်လျှော့နည်းလာပြီး၊ တယောက်နဲ့တယောက် ဆွေးနွေးတိုင်ပင်အဖြေရှာသည့်အကျင့်ပျောက်လာကြကာ အချိန်တန်စာမေးပွဲအောင်ကြပြီး တက္ကသိုလ်က ဘွဲ့အသီးသီးရခဲ့ပေမယ့်လည်း အရည်အချင်းမမှီတဲ့ပညာရေး ဘွဲ့ရလက်မှတ်တွေနဲ့ဘဲ နှစ်သိမ့်လိုက်ရပါတယ်။

    ဤနေရာ၌ကျောင်းသားတွေဘက်ကိုလည်း တဖက်သတ်အဖြစ်မြင်၍မရပါ။ အဲဒီအချိန်တုန်း ကစစ်အစိုးရရဲ့ ကျောင်းသားလူငယ်တွေအပေါ်ထားရှိခဲ့တဲ့ ပညာရေးစေတနာ မကောင်းခဲ့ကြလို့ပါပဲ၊ဥပမာ လက်တွေ့ခန်းဝင်မဲ့ သိပ္ပံကျောင်းသားတွေရဲ့ လက်တွေ့ခန်းထဲမှာဆိုရင် လက်တွေ့ပစ္စည်းတွေက ဘာမှကိုမရှိအောင် ပြောရပါလိမ့်မယ်။

    မဆလခေတ်မှသည် ယနေ့၂၀ဝ၈ အခြေခံဥပဒေနဲ့အတူတက်လာတဲ့အရပ်သားအစိုးရလက်ထက်အထိ မြန်မာနိုင်ငံက အများစုသော တက္ကသိုလ်ဘွဲ့ရ ကျောင်းသူ၊ကျောင်းသားများသည် အင်္ဂလိပ်စာ၊အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ်မပြောနိုင်၊ မရေးနိုင်ကြပါဘူး၊ အင်္ဂလိပ်စာ၊အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ်ပြောတတ်ရေးတတ်ချင်ရင်၊ ကျောင်းတက်နေချိန်တွင်လည်းကောင်း၊ ကျောင်းပြီးသွားတဲ့အခါတွင်လည်းကောင်း အချိန်ကုန်ခံလေ့လာရပြန်ပါသည်။ ဒီအတွက် ချမ်းသာတတ်နိုင်တဲ့ မိဘအသိုင်းဝိုင်းက သားသမီးတွေလေ့လာနိုင်ပေမဲ့၊ဆင်းရဲတဲ့ မိသားစုကဘွဲ့ရ၊ကျောင်းသားတွေ အတွက်ကတော့ ၁၀ တန်းတောင်မအောင်လိုက်တဲ့ သာမာန်လူတယောက်လို ဒီအတိုင်းပဲပြီးသွားတာပါပဲ။

    အဲဒီလို ပညာရေးမှာအစစအရာရာ ချို့တဲ့နေတဲ့ လူငယ်တွေနဲ့ပြည့်နှက်နေတဲ့ တိုင်းပြည်တခုဟာအစစအရာရာမှာ နိုမ့်ကျနေတဲ့တိုင်းပြည်ရဲ့ စီးပွါးရေး၊နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသဖြင့်တိုးတက်အောင် ပြုပြင်ပြောင်းလဲရာ၌ အခက်အခဲများစွာကြုံတွေ့ရမည်မှာအသေအချာပါပဲ။ တိုင်းတပါးရဲ့ပညာရှင်တွေကိုပဲ ဆက်အားကိုးနေရမှာပဲ။

    တိုင်းပြည်ရဲ့မြေပေါ်၊မြေအောက်၊ ရေအောက် သယံဇာတတွေချို့တဲ့ပေမဲ့လည်း ယနေ့ကမ္ဘာပေါ်တွင် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်၌ထိပ်တန်းစာရင်းတွင်ရပ်တည်နေနိုင်တဲ့ “ဖင်လန်နိုင်ငံ” ရဲ့ပညာရေးစနစ်ကိုလေ့လာကြည့်ပါ….။ဤသို့ဖင်လန်နိုင်ငံ၏ ပညာရေးစနစ်ကိုမလေ့လာမီ၊ ဖင်လန်နိုင်ငံ၏ နိုင်ငံရေးသမိုင်းနောက်ကြောင်းကိုအနည်းငယ်တင်ပြရလျှင်…..

    ဖင်လန်နိုင်ငံသည် ၁၉၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက် လွတ်လပ်ရေးမရမီအချိန်အထိ ဆွီဒင်နဲ့ရုရှားလက်အောက်တွင်နှစ်ပေါင်း များစွာနေခဲ့ရတယ်။ ဒီအပြင် ၁၉၄၅ နဲ့ ၁၉၄၈ခုနှစ် ကာလတွေကြားဖြစ်ပွားခဲ့တဲ့ ရုရှားနောက်ကျောထောက်နောက်ခံအားပေးတဲ့ အလံနီကွန်မြူနစ်နဲ့တဖက်က အနောက်ဂျာမဏီကျောထောက်နောက်ခံ အားပေးတဲ့ဆိုရှယ်ဒီမိုကရက်တစ်လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုကြားကပြည်တွင်းစစ်မှာ ဖင်လန်နိုင်ငံသည် အမျိုးသားဘာသာ၊စာပေ၊ယဉ်ကျေးမှု လုံးဝနီးပါးပျောက်ဆုံးရမဲ့အခြေနေတရပ်ကို ကြုံခဲ့ရတယ်။

    သို့သော် ဂျာမဏီကျောထောက်နောက်ခံအားပေးထားတဲ့ စည်းလုံးညီညွတ်မှုကိုအလေးထားတဲ့ ဆိုရှယ်ဒီမိုကရက်တစ် လက်နက်ကိုင်အင်အားဘက်မှ ပြည်တွင်းစစ်ကို အနိုင်ရပြီးတဲ့နောက် မွဲပြာကျတိုင်းပြည်ကို ပညာရေးနဲ့ ဦးစားပေးပြီး ပြန်လည်တည်ဆောက်ခဲ့ကြသောအခါမှာတော့ အားလုံးသိမြင်ကြတဲ့အတိုင်းပါပဲ ယနေ့ဖင်လန်ပြည်သူ၊ပြည်သားတွေရဲ့ဘဝတွေသည် ရောက်လေရာ နေရာတိုင်းတွင် ရေပြည့်အိုးပမာ ထည်ဝါတည်တဲ့နေနိုင်ကြပြီ မဟုတ်ပါလား။ ဖော်ပြပါ အောက်ကဓါတ်ပုံနှစ်ပုံကတော့….။

    မြန်မာနိုင်ငံနဲ့ဖင်လန်နိုင်ငံကြားက “မူကြိုကျောင်းသင်ယူပြီးမြောက်ခြင်း” လက်မှတ်နှစ်ခုရဲ့ဓါတ်ပုံပါ။ မြန်မာနိုင်ငံက မူကြိူ ကျောင်းပြီးသွားတဲ့ ကလေးငယ်ရဲ့ certificate ထဲမှာဘာတွေရေးထားသလဲဆိုတာ မသိရပေမဲ့….ဖင်လန်နိုင်ငံကမူကြိုကျောင်းပြီးသွားတဲ့ချစ်သမီးငယ်ရဲ့ certificate ထဲမှာတော့
    ၁. သင်သည် ပန်းချီနဲ့ပန်းပုလက်မှုအတတ်ပညာမှာ ကျွမ်းကျင်သည်။
    ၂.သင်သည် မူလတန်းအကြို စာသင်နှစ် 2013-2014 ၌ ဖတ်ရှုလေ့လာခြင်းကို သင်ယူခဲ့တတ်မြောက်ခဲ့သည်။
    ၃. သင်သည် ကောင်းမွန်သော ကစားဖော်/ကစားဖက်သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်သည်။ ဟူ၍ အလှည့်ကျအနီးကပ်ပြုစု စောင့်ရှောက်ခဲ့သော ကလေးထိန်းကျောင်းမှ ဆရာ/ဆရာမ လေးယောက်တို့၏ ထိုးမြဲလက်မှတ်နဲ့အတူ ပါရှိပါသည်။

    ……ထိုကြောင့် ချစ်သမီးသည် ကျနော်နဲ့အတူ သွားလေရာ၌ တွေ့သမျှ ကြေငြာဆိုင်းပုဒ်တွေ၊ လမ်းနာမည်၊ ဈေးဆိုင်၊ ကုမ္မဏီနာမည် နဲ့ လူနာမည်တွေကို ကြိုးစားပြီး အမြဲတမ်းအသံထွက်ဖတ်တတ်နေပါသည်။

    ….သင်္ချာကိုတော့ အပေါင်း၊အနှုတ်၊အမြှောက် တွေကို ဂဏန်းငယ်ငယ်လေးတွေနဲ့အမြဲတမ်းကျနော့်အား အိမ်မှာဖြစ်စေ၊တခါတရံ လမ်းမှာဖြစ်စေ အဖြေမှန်မမှန် မေးတတ်ပါသည်။ အစား ကိုတော့ မူကြိုကလေးတိုင်းကို ဖင်လန်နိုင်ငံ၏ ပညာရေးစနစ်အရ မသင်ပေးပါဘူး။ ဘာဖြစ်လဲလို့ ကလေးထိန်းဆရာမတွေကိုမေးမိတော့ ကလေးတွေရဲ့ အသက်အရွယ်အရ ဦးနှောက်ကို အရှုပ်မခံစေချင်လို့ပါတဲ့။

    …….မူကြိုကျောင်းမပြီးခင် မိဘ၊ကလေးထိန်းတွေနဲ့တွေးဆုံပြီး နောင်နှစ် မူလတန်းကျောင်းသွားတော့မယ့် သမီးနဲ့ပတ်သက်ပြီး….ကျောင်းတွင်သင်ယူလေ့လာရာ၌ ဉာဏ်ရည်ထက်မြက်စေနိုင်ရန် မိခင်ဘာသာစကားကို ကျွမ်းကျင်ရန်လိုအပ်ကြောင်း၊ အိမ်တွင် ကလေးတွေအား မိမိတို့၏ မိခင်ဘာသာစကားတွေနဲ့ တတ်နိုင်သလောက်ပြောစေချင်တဲ့အကြောင်းနဲ့၊ ကျောင်းတွင် မိမိတို့၏ ကလေးအတွက် ကျောင်းစာသင်ချိန်အတွင်းတွင် မိခင်ဘာသာစကား အတွက် ဖောင်ဖြည့်ထားခဲ့ပါ ဟူ၍ ဆွေးနွေးအကြံပြုခဲ့ပါသည်။
    …..ဖင်လန် နိုင်ငံရဲ့ ပညာရေးစနစ်ကတော့
    ဖင်လန်နိုင်ငံအတွင်းမှာနေထိုင်နေတဲ့ကလေးတိုင်း (၃) နှစ်ပြည့်ရင် မူကြိုကျောင်းပို့ခွင့်ရှိတယ်။ မူကြိုကျောင်းက ကလေးတယောက်ရဲ့ ကုန်ကျစရိတ်အတွက် ပထမ မိဘရဲ့ဝင်ငွေပေါ်မူတည်ပြီး သက်ဆိုင်ရာမြို့နယ်ရဲ့ မူကြိုကျောင်းကလေးစောင့်ရှောက်ရေးက ကောက်ယူတယ်။ မိဘတွေက အလုပ်လက်မဲ့ သို့တည်းမဟုတ် ပညာရှာနေသူတွေဆိုရင် ပေးစရာမလိုပါ။ဒီအတွက်ကုန်ကျ စရိတ်အထွေထွေကို ပညာရေးကို ဦးစားပေးသော အစိုးရက ထောက်ပံ့သည်။

    မူကြိုကျောင်းပြီး၍ မူလတန်းစတက်ပြီဆိုရင်တော့ ဖင်လန်နိုင်ငံရဲ့အခမဲ့ပညာရေး စနစ်နဲ့အတူပညာရှာကလေးတွေအတွက် မိဘတွေက ယခုလက်ရှိမြန်မာနိုင်ငံက ကျောင်းဝင်ကြေး၊ ဟိုကြေး၊ဒီကြေးတွေ ဘာမှပေးစရာ၊ ပူစရာ မလိုတော့ပါ။ဖင်လန် နိုင်ငံရဲ့ ပညာရေးစနစ်နဲ့အတူ…ကျောင်းသားတိုင်း ယူနီဖောင်းမရှိဘူး ..။ ဝင်ခွင့်စာမေးပွဲမရှိဘူး ..။ အချိန်ဇယားတွေမရှိဘူး ..။လူတန်းစားခွဲခြားတာမရှိဘူး။ အစားအသောက်ကို ကျောင်းမှာအလကားကျွေးတယ်။ Bus ကားလက်မှတ်ကိုအစိုးရက သတ်မှတ်ထားတဲ့ ကျောင်းသားနှုန်းအတိုင်း ပြုလုပ်ပေးထားတယ်။ မြန်မာနိုင်ငံက အလွတ်ကျက်ပညာရေး နဲ့လုံးဝဆန့်ကျင်နေသော လေ့လာ၊တီထွင်၊ အချင်းချင်းဆွေးနွေးဖလှယ်ယူခြင်း စနစ်ကို ကျင့်သုံးသည်။ ကျူရှင်၊ဝိုင်းမရှိပါ။

    ကျောင်းမှာ ဖင်လန်ဘာသာစကားအပြင် တခြားဘာသာစကား(ဥပမာ…အင်္ဂလိပ်၊ပြင်သစ်၊ ရုရှား၊ ဂျာမာန် အစရှိသဖြင့်) ကျောင်းသားတိုင်းက မိမိနှစ်သက်ရာ ဘာသာစကား၊စာပေတွေကို စိတ်ကြိုက်ရွေးချယ်လေ့လာသင်ယူခွင့်ရှိသည်။ ထိုကြောင့် ဖင်လန်နိုင်ငံက အထက်တန်းကျောင်းကို ကျော်လွှားနိုင်ပြီး သက်ဆိုင်ရာတက္ကသိုလ်မှဘွဲ့ရကျောင်းသားတိုင်း၊( သို့တည်းမဟုတ် ) အထက်တန်းကိုအောင်မြင်ပြီး အခြေအနေအကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဆက်မတက်တော့ပဲ အနာဂတ်အတွက် မိမိနှစ်သက်ရာသက်မွေးဝမ်းကျောင်းကိုတက်ရောက်ပြီးမြောက်တဲ့ ဖင်လန်ကျောင်းသားတိုင်းသည် အင်္ဂလိပ်ဘာသာစကားကို အဆင့်အတန်းမှီမှီတတ်မြောက်ကြပါသည်။ ဒီအတွက် ကျူရှင်ဆိုတာလည်း သူတို့မှာမရှိ၊ သိလည်းမသိကြပါ။ ပညာရှာနေ ကာလအတွင်းပူပင်ကြောင့်ကြမှုမရှိလေအောင် သူတို့တတွေရဲ့ အစစအရာရာ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေတာကတော့ ပညာရေးကိုဦးစားပေးတဲ့ သူတို့တတွေရဲ့မိဘနဲ့အစိုးရပါပဲ။

    ကျောင်းစာသင်ချိန်မှာတော့ ကျောင်းသားတွေကို သူတို့အရည်အသွေးအပေါ်မူတည်ပြီး အုပ်စုခွဲထားတယ်။ (ဥပမာ စာလုပ်တာ မလုပ်တာ ဉာဏ်လိုက်နိုင်တာမလိုက်နိုင်တာ လိမ္မာရေးခြားရှိမရှိ ) ကလေးတွေကို ဆရာဆရာမတွေက အနီးကပ်စောင့်ရှောက်ပြီး။ သူတို့ကိုခေါ်ရင် နာမည်ရှေ့ဆုံးစာလုံးပဲခေါ်တယ် ။ ဘယ်ကျောင်းသားကိုမှ ညဖက်ကို နာရီဝက်ကျော်ပြီး အိမ်စာမလုပ်ရတဲ့စနစ်ကိုကျင့်သုံးတယ်။ ကျောင်သားတွေကို စာတတ်အောင် ရိုက်နှိက်ဆုံးမကာတဖုံ၊ကြောက်အောင် ဟောက်ကာတဖုံ၊ သင်ကြားတဲ့စနစ်ကို မကျင့်သုံးပါ။

    အထူးသဖြင့် ………ဖင်လန်နိုင်ငံက ဘယ်မိဘ၊ဘယ်ကျောင်းဆရာ၊ ဘယ်နိုင်ငံ့ခေါင်းဆောင်ကမှ နိုင်ငံ၏အနာဂတ် စာသင်ရွယ်ကလေးများ၊ နိုင်ငံအတွင်းတွင်ရှင်သန်နေထိုင်နေသော နိုင်ငံသားများအားလုံးကိုသော်လည်းကောင်း၊ နိုင်ငံအတွင်းတွင်အကြောင်းအမျိုးမျိုးကြောင့် ခိုလှုံနေသော အခြေချနေထိုင်နေတဲ့ နိုင်ငံခြားသားအားလုံးကို အကြောက်တရားတွေနဲ့ဖိနှိပ်ဆက်ဆံတဲ့ အကျင့်ဆိုး၊စနစ်ဆိုးကို ရှောင်ကြည်ကြသည်။ ခေတ်ပညာတတ်နိုင်ငံရေးသမားပေါများသော ဖင်လန်နိုင်ငံသည် တိုင်းပြည်အားဆိုရှယ်လစ်တပိုင်း၊ ဒီမိုကရက်တစ် တပိုင်းမျှမျှတတအုပ်ချုပ်ပြီး တိုင်းသူပြည်သားတို့၏ အခွန်ဝင်ငွေကို အထူးအလေးထားဂရုစိုက်ပြီး၊ နိုင်ငံ့ခေါင်းဆောင်တိုင်းသည်အကျင့်ပျက်လာဒ်စားမှုတွေနဲ့ ကင်းရှင်းကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts