spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းKNU တပ်မဟာ ၄ နှင့်အစိုးတပ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

    KNU တပ်မဟာ ၄ နှင့်အစိုးတပ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

    -

    ရှေ့တန်းရောက် KNU တပ်ဖွဲ့ဝင်(FBR)
    ရှေ့တန်းရောက် KNU တပ်ဖွဲ့ဝင်(FBR)
    မင်းသုတ – တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အရှေ့ဘက် မိုးကဖော့နယ်စပ်အနီး၌ KNU နှင့် မြန်မာစစ်တပ်တို့ ဇွန်လ ၁၃-၁၄ ရက်နေ့များတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာတွင် KNU ဘက်မှကျဆုံးမှုများရှိခဲ့သည်ဟု တပ်မဟာ ၄ အရာရှိတစ်ဦးက IMNA သို့ပြောသည်။

    KNU တပ်မဟာ ၄ အရာရှိက “ကျနော်တို့ရှိတဲ့စခန်းနေရာကို ဝင်ရောက်ပစ်ခတ်တာပါ၊ အပစ်ရပ်စဲထားတော့ ဒီအထိမဖြစ်နိုင်ဘူးလို့ထင်တာပေါ့၊ ကျနော်တို့ ရဲဘော် ၂ ယောက်ကျသွားတယ်၊ သေနတ်နဲ့ ကျည်ဆံတွေ သိမ်းသွားတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် မြန်မာအစိုးရ၏ ရှေ့တန်း ခမရ ၅၈၂ စစ်ကြောင်းသည် မိုးကဖော့နယ်စပ်စခန်း၏တောင်ဘက်ရှိ KNU အမှတ် ၁၁ တပ်ရင်းမှ တပ်စိပ်တစ်စိပ်အား လာရောက်ပစ်ခတ်ခဲ့သည်ဟု အဆိုပါအရာရှိက ပြောသည်။

    ထို့အပြင် ဇွန်လ ၁၃ ရက်နေ့တွင်လည်း ရှေ့တန်း ခမရ ၅၇၇ စစ်ကြောင်းသည် မိုးကဖော့စခန်းအနီး၌ KNU တပ်ဖွဲ့ဝင် ၃ ဦးနှင့် ၁၀ မိနစ်ခန့်တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့ရာ KNU တပ်ဖွဲ့ဝင်အလောင်း ၁ လောင်း၊ M 16 သေနတ် ၁ လက်၊ ကျည်ဆံ ၁၁၀ တောင့်နှင့် ကျည်အိမ် ၂ ခုကို မြန်မာတပ်ဖွဲ့များသိမ်းဆည်းခဲ့သည်ကိုသိရှိရကြောင်း အမည်မဖေါ်လိုသော ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့အရာရှိတစ်ဦးက ဆိုသည်။

    အဆိုပါဒေသအနီးစခန်းချနေသော မွန်ပြည်သစ်ပါတီ၊ မြိတ်ခရိုင်စည်းရုံးရေးဒေသခေါင်းဆောင် ဒုဗိုလ်မှူးကြီးဟံသာက “KNU တပ်ဖွဲ့နဲ့ အစိုးရတပ်တွေတိုက်ပွဲ ၂ ကြိမ်ဖြစ်တာသိရတယ်၊ အပစ်အခတ်ရပ်စဲထားတယ်ဆိုပြီး စိတ်ချလက်ချနေလို့တော့မရပါ၊ တော်လှန်ရေးသတိ ရှိဖို့လိုတယ်” ဟု IMNA သို့ပြောသည်။

    အလားတူ ယမန်နှစ် ဇူလိုင်လတွင်လည် ထိုင်းမြန်မာနယ်စပ်အနီး မြိတ်ခရိုင်အခြေစိုက် မွန်ပြည်သစ်ပါတီစခန်းတစ်ခုအား အစိုးရစစ်တပ်ဝင်ရောက်ပစ်ခတ်ရာတွင် မွန်ပြည်သစ်တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး လက်နက်များသိမ်းဆည်းခဲ့သည်ဟု သတင်းမှတ်တမ်းများ၌ ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

    ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာအစိုးရတို့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ရှမ်းပြည်နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး (RCSS) တပ်များနှင့် မြန်မာအစိုးရတပ်ဖွဲ့တို့ တိုက်ပွဲအကြိမ် ၁၀ဝ ကျော်ဖြစ်ပွားခဲ့သည်ဟု မီဒီယာများက ရေးသားဖေါ်ပြကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts