မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်ဒေသလုံးဆိုင်ရာနွေရာသီ မွန်စာပေ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာဖြေပွဲကျင်းပပြီးစီး

မွန်ဒေသလုံးဆိုင်ရာနွေရာသီ မွန်စာပေ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာဖြေပွဲကျင်းပပြီးစီး

ရေးသားသူ: >

This slideshow requires JavaScript.

ဂျူရီချိုင်း – မွန်ဒေသလုံးဆိုင်ရာ နွေရာသီ မွန်စာပေ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာဖြေပွဲအခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် သာသနာတော် (၂၅၀ဝ)ကျောင်း၌ မေလ ၁၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။

စာဖြေပွဲတွင် နွေရာသီ စာသင်ဌာန ၁၉ မြို့နယ်အတွင်းမှ စာသင်သားဦးရေ ၉၁၃ ဦးတက် ရောက်ဖြေဆိုခဲ့သည်ဟု နွေရာသီ မွန်စာပေ ဗုဒ္ဓဘာသာယင်ကျေးမှုအဖွဲ့မှ ကြီးကြပ်ကွပ်ကဲသူ ဟံသာထောဆရာတော်က မိန့်သည်။

ဟံသာထော ဆရာတော်က “အခုလာဖြေကြတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ သူတို့မြို့နယ်ကနေ ထူးချွန်စွာအောင်မြင်ပြီးမှ ဒီမှာလာဝင်ဖြေကြတယ်၊ သူတို့တွေလည်း မွန်စာကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ တတ် မြောက်တဲ့သူတွေ ဖြစ်တယ်” ဟု မိန့်ဆိုသည်။

အဆိုပါစာဖြေပွဲတွင်း ဟံသာဝတီသမိုင်းတန်း၊ သုဝဏ္ဏဘူမိသမိုင်းတန်း၊ မုတ္တမသမိုင်းတန်း၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှုနှင့် အဘိဓမ္မာဘာသာရပ်များ ပါဝင်သည်။
“ကျမတို့ရေးမြို့နယ်အဖွဲ့မှာ အယောက် ၆၀ ကျော်ကျော်ဖြေတယ် ၊ စာမေးပွဲ အောင်မှတ်တော့ရနိုင်မယ်လို့ မျှော်လင့်တယ်” ဟု မုတ္တမသမိုင်းတန်းတွင် တက်ရောက် ဖြေဆိုခဲ့သူ ရေးမြို့နယ်မှ ကျောင်းသူတစ်ဦးက ပြောသည်။

အောင်မြင်သည့်ကျောင်းသူ/သားများအတွက် ဆုပေးပွဲအခမ်းအနားကို မေလ ၂၃ ရက်နေ့တွင် သာသနာတော် (၂၅၀ဝ) ကျောင်း၌ ပြုလုပ်ကျင်းပသွားမည်ဟု ဟံသာထော ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နွေရာသီ မွန်ဘာသာ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာဖြေပွဲကို ယခုအခါ (၁၅) ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ပါတီသစ်ဖွဲ့သင့်မသင့် မွန်တို့၏သဘောထားများကို ဆက်လက်ကောက်ခံမည်

မွန်အမျိုးသားကိုယ်စားပြုပါတီသစ်တစ်ခု ထပ်မံဖွဲ့စည်းတည်ထောင်ရန် သင့်/မသင့်ကိစ္စကို မွန်ပြည်သူများ၏ သဘောထားမှတ်ချက်များကို လာမည့်ဒီဇင်ဘာလကုန်အထိ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း မွန်ပါတီသစ်တည်ထောင်ရေးလှုပ်ရှားနေသူ ဒေါက်တာအောင်နိုင်ဦးက ဇူလိုင် ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ Related

Leave a Reply

%d bloggers like this: