spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းရေးမြို့နယ် ကျောက်မီးသွေး လျပ်စစ်စက်ရုံ စီမံကိန်းအား လူမှုအကျိုးဆောင်အဖွဲ့ ကန့်ကွက်

    ရေးမြို့နယ် ကျောက်မီးသွေး လျပ်စစ်စက်ရုံ စီမံကိန်းအား လူမှုအကျိုးဆောင်အဖွဲ့ ကန့်ကွက်

    -

    Toyo Thai ၏စီမံကိန်းအကျဉ်းချုပ်(Copy)
    Toyo Thai ၏စီမံကိန်းအကျဉ်းချုပ်(Copy)
    အေမီအောင် – မွန်ပြည်နယ်၊ ရေးမြို့၊ အံဒင်ကျေးရွာအနီး Toyo Thai ကုမ္ပဏီ၏ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည့်စီမံကိန်းအား ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS) က ကန့်ကွက်သည်ဟု YSS ဥက္ကဋ္ဌ ဦးမြသန်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    အဆိုပါ ဒေါ်လာသန်း ၂၇၀ဝ ရင်းနှီးမြှပ်နှံမည့် မဂ္ဂါဝပ် ၁၂၈၀ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသည် ဒေသခံများနှင့် ရေးတစ်မြို့နယ်လုံးရှိ ပြည်သူများအပေါ် ဆိုးကျိုးများစွာ ကျရောက်လာမည်ဖြစ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဦးမြသန်းက ပြောသည်။

    သူက ” ကျနော်တို့ ရေးမြို့လူမှုအကျိုးဆောင်အဖွဲ့က ဦးဆောင်ပြီးဒေသခံတို့ကို စည်းရုံးပြီးဆော်သြသွားမယ်၊ လုပ်ငန်းမလုပ်ဖြစ်တဲ့အထိ ကျနော်တို့ အဲဒီဒေသမှာ အခြေစိုက်ပြီးတော့ ရက်ရှည်ကန့်ကွက်သွားမယ်” ဟု ဆက်ပြောသည်။

    ထိုအပြင် ဒေသခံပြည်သူလူထုများအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်သူဒေသခံများ၏ လက်မှတ်များဖြင့် မွန်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ ကန့်ကွက်စာတင်ပြမည်ဟု သိရသည်။

    “အချို့သူတွေ သူတို့လယ်မြေရောင်းရတာကို နှစ်သက်တဲ့လူတွေရှိသလို လက်မခံတဲ့သူက အများကြီးရှိနေတယ်၊ ဆိုးကျိုးတွေဖြစ်တဲ့ ထွက်ရှိလာမယ့် ကာဘွန်ဒိုင်အောက်ဆိုက်၊ ဆာလဖါဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက် ၊ Fly Ash လို့ခေါ်တဲ့ပြာအမှုန်တွေ အမြဲလွှင့် ထုတ်နေပါလိမ့်မယ်၊ အဆိပ်ပြာမှုန်တွေဟာ အနီးအဝေးမှာရှိတဲ့
    လယ်ယာအင်းအိုင်၊ ရေထဲကိုကျသွားမှာပါ ” ဟု ဦးမြသန်းက ဆက်ပြောသည်။

    Toyo Thai ၏စီမံကိန်းအကျဉ်းချုပ်(Copy)
    Toyo Thai ၏စီမံကိန်းအကျဉ်းချုပ်(Copy)
    ရေးမြို့မှ ၈ မိုင်ခန့်ဝေးကွာသော ပင်လယ်ကမ်းခြေအနီး တည်ဆောက်မည့် ကျောက်မီးသွေးလျပ်စစ်စက်ရုံတည်နေရာအနီးတဝိုက်တွင် မွန်လူမျိုးများသာအများစုနေထိုင်ကြောင်း၊ ပညာတတ်လူငယ်များရှိသော်လည်း ရပ်ဝေးများသို့ရောက်ရှိနေထိုင်ကြသဖြင့် ဒေသခံများအနေဖြင့် ထွက်ပေါ်လာမည့်ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးကြောင်း သူက ဆက်ပြောသည်။

    ရေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိမြင့်သန်း က” အန္တရာယ်ရှိတယ်ဆိုရင် ဘယ်လို အန္တရာယ်မျိုးလည်း ရှင်းပြစေချင်တယ်၊ အမှန်တကယ်တိတိကျကျဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ကျမတို့သိချင်တယ်၊ အန္တရာယ်ရှိလို့ ကန့်ကွက်ရမယ်ဆိုရင် ကျမတို့က ရှေ့တန်းကနေ ကန့်ကွက်ပေးသွားမယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံမှ ထွက်ပေါ်လာမည့် ဆိုးကျိုးအန္တရာယ်များအတွက် ပြည်သူဘက်ရပ်တည်ကာကွယ်သွားမည်ဟု သူမက ဆက်ပြောသည်။

    ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် ဘေးထွက်ဆိုးကျိုးများဖြစ်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း၊ မြစ်ချောင်းအင်းအိုင်များတွင် သား၊ ငါး သေကြေပျက်ဆီး ဆုံးရှုံးခြင်း၊ အပူရှိန်မြင့်တက်ခြင်းကြောင့် စိုက်ပျိုးသီးနှံများ ထွက်နှုန်းလျှော့သွားခြင်းကို လက်ကမ်းစာစောင်များတွင် မွန်၊ ဗမာ နှစ်ဘာသာဖြင့် ဖော်ပြပြီး ဖြန့်ဝေပညာပေးသွားမည်ဟု ဦးမြသန်း ကပြောသည်။

    ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီးတွင် Toyo-Thai Group ၏ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းအား မွန်ပြည်နယ်အစိုးရအဖွဲ့က မူအားဖြင့် သဘောတူခွင့်ပြုချက် ပေးထားသည်ဟု သိရသည်။

    ထိုင်းနိုင်ငံ၊ ရယောင်းခရိုင် Map Ta Phut ကျောက်မီးသွေးသုံးလျပ်စစ်စက်ရုံများမှ ထွက်ရှိသော ပြာများကိုရှူရှိုက်မိသောကြောင့် ၂၀ဝ၄ ခုနှစ်တွင် လူ ၁၀ဝ၀ လျှင် ၆၉၆ ယောက်မှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားခဲ့ရခြင်း၊ ၂၀ဝ၅ ခုနှစ်တွင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၁၉၉၇ ခုနှစ်ထက် သုံးဆမြင့်တက် လာခဲ့ခြင်း၊ ကလေးအသေမွေးနှုန်းတွင် လူ ၁၀ဝ၀ လျှင် ၁၆၃ ဦးထိ တိုးလာခဲ့ခြင်း၊ ၂၀ဝ၇ ခုနှစ်တွင် သွေးကင်ဆာ ဖြစ်ပွားမှု ငါးဆမြင့်တက် လာခဲ့ပြီး အက်စစ်မိုးများ ရွာသွန်းခဲ့သောကြောင့် ဒေသခံများက ဝန်ကြီးချုပ်၏ National Environmental Board ကို တရားစွဲခဲ့ကြောင်း ၂၀ဝ၉ ခုနှစ်တွင် ထိုင်းအစိုးရက Pollution Control Area အဖြစ် သတ်မှတ်လိုက်ကြောင်း ၂၀၁၃ ဇူလိုင် ၃၀ ရက်နေ့ Eleven Media Group သတင်းတွင် ဖေါ်ပြခဲ့သည်။

    ကုမ္ပဏီများကလည်း အန္တရာယ် မကျရောက်ရန် ကာကွယ်ထားသည်ဟု အားမခံထားပြီး ပြောထားသည့် အတိုင်း ဖြစ်မလာပါက အန္တရာယ် ကျရောက်လာပါက ကုမ္ပဏီ ရပ်သွားသည်အထိ ပြည်သူတွေဘက်မှ ရပ်တည်ကာ ကာကွယ်သွားမည်ဟုပြောသည်။

    ကျောက်မီးသွေးဆောက်လုပ်ပါက ပြည်သူများကို ဆိုးကျိုးဘယ်လိုပေးသလဲ၊ စိုက်ပျိုးရေးသီးနှံတွေအပေါ်မှာ လျှော့နည်းသွားမလဲ၊ မြစ်ချောင်း အင်အိုင်တွေမှာလဲ သားငါးတွေ သေကြေ ပျက်စီးပြီးတော့ ဘယ်လိုရှားပါးသွားမလဲ အပူရှိန်မြင့် တိုးပြီးတော့ ထွက်နှုန်းလျှော့သွားမည်းကိုု ပါလက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်ဟုပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts