မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / အရွယ်ရောက်သည့် မွန်လူငယ်တိုင်း အခြေခံစစ်ပညာ တတ်မြောက်သင့်ဟု မွန်ပြည်သစ် တိုက်တွန်း

အရွယ်ရောက်သည့် မွန်လူငယ်တိုင်း အခြေခံစစ်ပညာ တတ်မြောက်သင့်ဟု မွန်ပြည်သစ် တိုက်တွန်း

ရေးသားသူ: >

This slideshow requires JavaScript.

ဂျူရီချိုင်း – အသက် ၁၈ နှစ်ပြည့်သည့်မွန်လူငယ်တိုင်း အခြေခံစစ်ပညာ တတ်မြောက်ထားသင့်ဟု သင်တန်း ဆင်းပွဲတရပ်တွင် မွန်ပြည်သစ်ပါတီက တိုက်တွန်းပြောဆိုလိုက်သည်။

ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်းဖိုက်ရွာ၌ အပတ်စဉ် (၁၀၄) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့စဉ် မွန်ပြည်သစ်ပါတီဘုရားသုံးဆူမြို့နယ်ဥက္ကဌ နိုင်ထောရွတ်က ထိုသို့တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။

သင်တန်းဆရာအဖြစ်ပါဝင်ပို့ချပေးခဲ့သူ နိုင်ထောရွတ်က “သင်တန်းမှာ တက်ရောက်လာတဲ့လူငယ်တွေက စစ်ဘာသာရပ်ကို စိတ်ဝင်စားတာကြတယ်၊ တချို့ဆို သင်တန်းဆင်းတာတောင်မှ အိမ်မပြန်ဘဲနဲ့ တပ်ထဲမှာတစ်ခါတည်းနေချင်တဲ့လူငယ်တွေရှိတယ်၊ ကျနော်တို့လည်း ဒီမှာနေပါလို့ အတင်းမခေါ်ပါဘူး၊ သူ့သဘောနဲ့သူ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်” ဟု ပြောသည်။

စစ်ပညာသင်တန်း တက်ရောက်ခဲ့သည့် ဒေသခံလူငယ်သင်တန်းသားများအနေဖြင့် နေရပ် သို့ပြန်သူများရှိသကဲ့သို့ နေရပ်မပြန်လိုဘဲ ပါတီထမ်းဆောင်သူများလည်း ရှိနေသည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၏ ညွှန်ကြားချက်အတိုင်း အသက် ၁၈ နှစ်ပြည့်သော မွန်လူငယ်တိုင်း အခြေခံစစ်ပညာကို တတ်မြောက်ရမည်ရည်ရွယ်ချက်ဖြင့် သင်တန်းကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း အမှတ်(၅) တပ်ရင်း၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွန်က ပြောသည်။

ဗိုလ်မှူး ချမ်းလွန်က “ကျနော်တို့ပါတီ ညွှန်ကြားတဲ့အတိုင်းပဲ အခြေခံစစ်ပညာသင်တန်း ဖွင့်လှစ်တာဖြစ်တယ်၊ ကျနော်တို့ပါတီက မူလချမှတ်ထားတဲ့လမ်းစဉ်အတိုင်းပါပဲ” ဟု ပြောသည်။

အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ခရိုင်အသီးသီးတွင်လည်း အခြေခံစစ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀ဝ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် …

Leave a Reply

%d bloggers like this: