spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းအာစီယံလူငယ်ထုတွေ့ဆုံပွဲ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လက်ခံကျင်းပ

    အာစီယံလူငယ်ထုတွေ့ဆုံပွဲ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လက်ခံကျင်းပ

    -

    အာစီယံလူငယ်ထုတွေ့ဆုံပွဲ ၂၀၁၄(AYF 2014-Facebook)
    အာစီယံလူငယ်ထုတွေ့ဆုံပွဲ ၂၀၁၄(AYF 2014-Facebook)
    မင်းသုတ – ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအာစီယံအလှည့်ကျဥက္ကဌဖြစ်လာသဖြင့် အာစီယံနှင့်ပတ်သက်သောအစည်းအဝေးများ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိရာ အာစီယံလူငယ်ထုတွေ့ဆုံပွဲ Asean Youth Forum ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။

    အရှေ့တောင်အာရှဆယ်နိုင်ငံမှ လူငယ် ၂၀ဝ ကျော် ပါဝင်သည့် အဆိုပါ ၇ ကြိမ်မြောက် အာဆီယံလူငယ်ထုတွေ့ဆုံပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ၃ ရက်ကြာ ကျင်းပခြင်းဖြစ်သည်။

    လူငယ်ဖိုရမ်ဖြစ်မြောက်ရေးစီစဉ်သူတစ်ဦးဖြစ်သည့် မသဉ္ဇာရွန်းလဲ့ရည်က “၂၀၁၅ အာဆီယံ One community ကြီး စတင်အသက်ဝင်လာမယ်၊ ဆယ်နိုင်ငံလုံးက အသိုက်အဝိုင်းတစ်ခု One community ဆိုတာမျိုးတွေ၊ အစိုးရက စတင်ပြောလာနေတဲ့ အချိန်မှာ ကျမတို့ လူငယ်တွေတတ်နိုင်တဲ့ဘက်က ဝင်ရောက်ပြီး အာဆီယံ community ဆိုတာ ငါတို့နဲ့လည်း သက်ဆိုင်တယ်၊ အာဆီယံဆိုတာ ငါတို့လည်းပါဝင်နေတယ်၊ လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုကို အာဆီယံမှာဖော်ဆောင်သွားမယ်” ဟု ပြောသည်။

    ယခုကျင်းပလျက်ရှိသည့် ၂၀၁၄ အာစီယံလူငယ်ထုတွေ့ဆုံပွဲတွင် လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့်ဒီမိုကရေစီ၊ လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့်ပညာရေး စသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို အဓိကထားဆွေးနွေးကြမည်ဟု အခမ်းအနားအစီအစဉ်တွင် ဖေါ်ပြထားသည်။

    ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်မင်းကိုနိုင်က အာစီယံလူငယ်ထုတွေ့ဆုံပွဲ ဖွင့်ပွဲအခမ်းနားသို့ မိန့်ခွန်းတက်ရောက်ပြောကြားရာတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ပညာကို တန်ဖိုးထားသော လူ့အဖွဲ့အစည်းဖြစ်စေရန် အာစီယံလူငယ်များကြိုးစားပေးစေရန် တိုက်တွန်းပြောကြားခဲ့သည်ကို သတင်းဌာများက ရေးသားဖေါ်ပြကြသည်။

    ထို့အတူ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန် ပေးပို့သောသဝဏ်လွှာ၌ မြန်မာလူငယ်များနိုင်ငံပြုပြင် ပြောင်းလဲရေးတွင် လက်တွေ့ကျကျ ပါဝင်လာရန်နှင့် လူငယ့် အကြံပြုချက်များကို အစိုးရထံ ထိရောက်စွာ ပေးပို့နိုင်ရန်အတွက် မြန်မာလူငယ်စင်တာတစ်ခု ဖွဲ့စည်း တည်ထောင်သွားမည်ဖြစ်ကြောင်း၊ ယင်းလူငယ်စင်တာသို့ ပြည်ထောင်စုဝန်ကြီးများကို ပုံမှန်စေလွှတ်၍ လူငယ်များ၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ၊ အကြံပေးချက်များကို ရယူသွားရန် ရည်ရွယ်ထားကြောင်း တွေ့ရှိရသည်။

    ၄င်းအပြင် အာစီယံနိုင်ငံတစ်နိုင်ငံချင်းအနေဖြင့် ယခုကြုံတွေ့နေရသော ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်၏ စိန်ခေါ်မှုများကိုကို ကြံ့ကြံ့ခံဖြေရှင်းရန်မလွယ်ကူသော်လည်း အာစီယံနိုင်ငံအားလုံးပူးပေါင်းခြင်းဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်မှ ရရှိနိုင်သောအကျိုးကျေးဇူးများကို အမြင့်ဆုံးခံစားနိုင်ပြီး စိန်ခေါ်မှုများ၊ အန္တရာယ်များကို အနိမ့်ဆုံးလျော့ချနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ရလာဒ်ကောင်းများ ရရှိနိုင်အောင်ဆောင်ရွက်နိုင်ရန်အတွက် အာစီယံနိုင်ငံများအကြား ထိတွေ့ဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ဆောင်ရွက်သွားကြမည်ဖြစ်သောကြောင့် ယခုကဲ့သို့ အာစီယံလူငယ်တွေ့ဆုံပွဲများသည် အာစီယံ၏အနာဂတ်အတွက် အလွန်အရေးကြီးသည်ဟု သမ္မတ၏သဝဏ်လွှာတွင် ဆက်လက်ဖေါ်ပြထားသည်။

    လာမည့်မေလအတွင်းကျင်းပမည့် အာဆီယံထပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည့်လူငယ်ကိုယ်စားလှယ် ၂၀ ဦးကို ယခုအာစီယံလူငယ်ထုတွေ့ဆုံပွဲက ရွေးချယ်မည်ဖြစ်ပြီး ၂၀၁၄ အာစီယံလူငယ်ဖိုရမ်၏ထုတ်ပြန်ကြေညာချက်ကိုလည်း အာဆီယံခေါင်းဆောင်များအား တွေ့ဆုံတင်ပြကြမည်ဟု ညီလာခံဖြစ်မြောက်ရေးကော်မတီတာဝန်ခံ ကိုသက်ဆွေဝင်းထံမှ သိရသည်။

    အလားတူ မြန်မာနိုင်ငံတွင်းရှိ ဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ ဖိုရမ်ကိုလည်း မတ်လ ၁၇ နေ့မှစတင်၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံမျက်မမြင်များ မိတ်သဟာယအသင်းတွင် ၃ ရက်ကြာ ကျင်းပလျက်ရှိသည်။

    အစိုးရပိုင်းကလုပ်တဲ့ အာဆီယံလို့ပဲ လူတွေ တော်တော်များများက သိကြတယ်ဆိုတော့ ကျမတို့က ဒီလို ASEAN Fourm တွေကို လုပ်ခြင်းအားဖြင့် လူတွေကို aware ပေးရာလည်းရောက်တယ်။ နောက်တခုက လူငယ်တွေက အခု ထိုင်းနိုင်ငံတို့၊ ကမ္ဘောဒီးယားတို့မှာဖြစ်နေတဲ့ လူငယ်တွေပြဿနာတွေ ရှိတယ်။ ကျမတို့ မြန်မာနိုင်ငံမှာလည်း အများကြီးရှိတယ်။..ဆိုတော့ ဒါတွေကို ကိုယ့်နိုင်ငံနဲ့ကိုယ် ဒါကို ပူးပေါင်းဖြေရှင်းတာထက်စာရင် သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံပေါင်းပြီးတော့ ပြဿနာတွေကို ဘုံတူညီမှုကိုရှာမယ်။ ပြီးရင် အာဆီယံအတွင်းရေးမှူးရုံးတွေကို တင်ပြမယ်၊ သူတို့ ဘယ်လို ဖြေရှင်းပေးလို့ရနိုင်မလဲ၊ အာဆီယံကြီးက ဖွဲ့စည်းထားတာ ဒါ ပူးပေါင်းအဖြေရှာနိုင်တဲ့နည်းလမ်းတွေ ရှိသင့်တယ်ပေါ့နော်၊ အဲလိုမျိုးအပိုင်းတွေကိုလည်း ကျမတို့က lobby လုပ်သွားချင်တယ်။ အစိုးရပိုင်းကို အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ lobby လုပ်သွားချင်တဲ့ အပိုင်းတွေလည်း ပါတယ်။ ကိုယ့်နိုင်ငံမှာလည်း ကျမတို့ Myanmar Youth Forum တွေ လုပ်နေကြပြီ၊… ဆိုတော့ မြန်မာလူငယ်အသံတွေ တစုတစည်းတည်း ထွက်တယ်ဆိုတော့ Regional မှာလည်း အာဆီယံလူငယ်တွေက တစုတစည်းတည်းရှိနေဆိုတာကို ပြချင်တယ်၊ အစိုးရတွေကိုရော၊ အရပ်ဘက်အဖွဲ့အစည်းတွေအကုန်လုံးကို။”

    မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒေသ တွင်း နိုင်ငံတွေက လူငယ်တွေရဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးနိုင်ဖို့အတွက်၂၀၁၄ အာဆီယံ လူငယ်ညီလာခံကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ ဒီကနေ့ ကျင်းပပါတယ်။
    “ကျနော်တို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဟာ အာဆီယံနိုင်ငံတွေထဲက လူငယ်တွေအတွက် စုပေါင်းအားထုတ်ရမယ့်အရာလို့ ကျနော်နားလည်ပါတယ်၊ ကျနော်တို့ အာရှသားတွေ အထူးသဖြင့် အရှေ့တောင်အာရှ ၁ဝ နိ်ုင်ငံမှာ ပညာကိုတန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် လက်ရုံးရည်ထက် နှလုံးရည်ကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် အဲဒီမျိုးဆက်လူငယ်တွေ တစ်ညီတစ်ညွှတ်တည်း ရုန်းကန်ပေးကြပါ” မြန်မာလူငယ်တွေနဲ့ အာဆီယံနိုင်ငံ ၉ နိုင်ငံက ကိုယ်စားလှယ် တစ်ရာကျော် တက်ရောက်တဲ့ ၂၀၁၄ အာဆီယံ လူငယ်ညီလာခံ ဖွင့်ပွဲအခမ်းနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ လာမယ့်မေလမှာ ကျင်းပမယ့် အာဆီယံထပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ လူငယ်အယောက် ၂၀ ကို ဒီညီလာခံကနေ ရွေးချယ်သွားမှာဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ကိုသက်ဆွေဝင်းက ပြောပါတယ်။

    “အာဆီယံလူငယ်ဖိုရမ်ပေါ့ဗျာ လူငယ်ကိုယ်စားလှယ် အယောက် ၂ဝ ကို အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေကို ၄၅ မိနစ်ခန့်တွေ့မယ်၊ Interface တွေလည်းရှိပါတယ်၊ အဲဒီ Interface တွေအတွက်ကို အာဆီယံက သူငယ်ချင်းတွေရော မြန်မာနိ်ုင်ငံက သူငယ်ချင်းတွေရော ကျနော်တို့ ဒီတွေ့ဆုံပွဲမှာ သေသေချာချာ ဆွေးနွေးပေးစေလိုပါတယ်” အာဆီယံ လူငယ်ညီလာခံကို မတ်လ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး၊ ညီလာခံ နောက်ဆုံးနေ့မှာ ထုတ်ပြန်မယ့် ကြေညာချက်ကိုလည်း အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တင်သွင်းဆွေးနွေးမယ်လို့လည်း ညီလာခံဖြစ်မြှောက်ရေးကော်မတီက ပြောပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts