spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းအာဆီယံလူငယ်ဖိုရမ်တက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များရွေးချယ်ပြီးစီး

    အာဆီယံလူငယ်ဖိုရမ်တက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များရွေးချယ်ပြီးစီး

    -

    မော်လမြိုင်မြို့တွင်ကျင်းပခဲ့သော မြန်မာလူငယ်များဖိုရမ်(Facebook)
    မော်လမြိုင်မြို့တွင်ကျင်းပခဲ့သော မြန်မာလူငယ်များဖိုရမ်(Facebook)
    မင်းသုတ – ရန်ကုန်တက္ကသိုလ်တွင် လာမည့်မတ်လ(၁၇)ရက်နေ့မှ(၁၉)ရက်နေ့အတွင်းကျင်းပမည့် အာဆီယံလုံးဆိုင်ရာ လူငယ်ဖိုရမ်တက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ် ၇၀ ဦးအား မတ်လ ၆ ရက်နေ့က ရွေးချယ်ပြီးစီးခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်များတွေ့ဆုံပွဲ (Myanmar Youth Forum) က ရွေးချယ်ခဲ့ကြောင်း မွန်လူငယ်တာဝန်ခံ ကိုကြည်ဇော်လွင်က ပြောသည်။

    ကိုကြည်ဇော်လွင်က “တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ်ကိုယ်စားလှယ် ၃၅၀ ကျော်ပါဝင်တက်ရောက်ပါတယ်၊ အာစီယံလူငယ်ဖိုရမ်တက်ရောက်ဖို့ မြန်မာလူငယ်ကိုယ်စားလှယ် ၇၀ ဦးကိုလည်းရွေးချယ်ထားပြီးပြီ” ပြောသည်။

    အဆိုပါ လူငယ်တွေ့ဆုံပွဲသို့မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ မွန်၊ ကရင်၊ ဗမာနှင့် ပအို့ဝ်တိုင်းရင်းသားလူငယ် ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

    လွန်ခဲ့သည့် ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှစတင်၍ Mon Youth Forum ဆွေးနွေးပွဲကို မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ၂ ရက်ကြာ ကျင်းပခဲ့ပြီး Myanmar Youth Forum သို့ တက်ရောက်ဆွေးနွေးကြမည့်အကြောင်းအရာများနှင့် မွန်လူငယ်ကိုယ်စားလှယ်များရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

    ယင်းမြန်မာလူငယ်ဖိုရမ်တွင် ကိုယ်စားလှယ်ကိုယ်စားလှယ်များက တရားဥပဒေ စိုးမိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ မူးယစ်ဆေးဝါး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး၊ ပညာရေးတို့ကို ဦးစားပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

    လူငယ် Networking ဘုန်းမြတ်ဟန်(မွန်တာဝန်ခံ)က “မြန်မာအာစီယံမှာတော့ ကိုယ့်ရဲ့တစ်နိုင်ငံလုံးမှာ ရှိတဲ့ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အထိမ်းအမှတ်တစ်ခုရှိတယ်၊ ကြေငြာချက်တစ်ခုရှိတယ် အဲဒီကြေငြာချက်တွေကို ကိုင်ပြီးတက်သွားမယ်၊ ဆွေးနွေးဖို့ကတော့ ကျနော်တို့နိုင်ငံကိစ္စရယ်၊ ဒေသတွင်း Reginal ကိစ္စရယ်၊ တခြားမဲခေါင်ကိစ္စပြသနာတွေရှိတယ်၊ အာစီယံမှာ ကြုံတွေ့နေတဲ့ပြသနာတွေသိထားရတယ်” ဟု ပြောသည်။
    အာဆီယံလူငယ်ဖိုရမ်၏အဓိကရည်ရွယ်ချက် ၄ ရပ်မှာ(၁)အာဆီယံအသိုက်အဝန်းတွင် လူငယ်ပါဝင်မှုမြင့်တက်လာရန်။(၂)အာဆီယံနိုင်ငံကြား လူငယ်အချင်းချင်း နယ်စည်းမခြားဘဲ ချစ်ခင်ရင်းနှီးမှုရရှိရန်။(၃) ပြည်တွင်းနှင့်ဒေသဆိုင်ရာ အရေးများအကြား လူငယ်များစွမ်းရည်ပြည့်ပါဝင်နိုင်ပြီး ကောင်းမွန်တဲ့ဖြေရှင်းမှုရရှိသည်အထိ ပူးပေါင်းဆောင်ရွက်နိုင်ရန်။ (၄) ငြိမ်းချမ်းရေးစသည့်အရေးများပါဝင်ပူးပေါင်းနိုင်ရန်နှင့်ပညာရေး၊ သဘာဝဝန်းကျင်ထိန်းသိမ်ရေး၊ စီးပွားရေးကဏ္ဍများမှာ လူငယ်များအခြေတကျပါဝင်ခွင့်ရရန်တို့ဖြစ်သည်ဟု အာစီယံလူငယ်များ သတင်းအင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်များတွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီး၌ ပထမအကြိမ်ကျင်းပခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မွန်ပြည်နယ်၌ ဒုတိယအကြိမ်မြောက်ကျင်းပခြင်း ဖြစ်သည်။

    (၂၀ဝ၉)ခုနှစ် ထိုင်းနိုင်ငံအာစီယံဥက္ကဌရာထူးလက်ခံချိန်မှ အာဆီယံလူငယ်ဖိုရမ်ကို စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

    လက်ရှိ အာဆီယံဥက္ကဌရာထူးကို မြန်မာနိုင်ငံကလက်ခံရယူထားသဖြင့် အာစီယံနှင့်ပတ်သက်သော ထိပ်သီးအစည်းအဝေးများ မြန်မာနိုင်တွင်ဦးဆောင်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts