မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / တစ်ခုတည်းသော မွန်အမျိုးသား နိုင်ငံရေး အင်အားစုတစ်ရပ် တည်ဆောက်ရေး(၁)

တစ်ခုတည်းသော မွန်အမျိုးသား နိုင်ငံရေး အင်အားစုတစ်ရပ် တည်ဆောက်ရေး(၁)

ရေးသားသူ:
မွန်နှစ်ပါတီပေါင်းစည်းရေးဆွေးနွေးပွဲတစ်ခု (IMNA)
မွန်နှစ်ပါတီပေါင်းစည်းရေးဆွေးနွေးပွဲတစ်ခု (IMNA)
ခင်မောင်ရင်

နိဒါန်း

မွန်အမျိုးသားတုုိ့၏ တောက်ပခန်းနားလှသော မျိုးဆက်သမိုင်းကြောင်းကို ၎င်းတို့၏ အနုသုခမလက်ရာများ၊ စာပေဘာသာစကား၊ ကိုးကွယ် ယုံကြည်ဘာသာတရား၊ တရားဥပဒေထုံးတမ်းများ၊ အရပ်ဖက်လူမှု အစုအစည်းများက သက်သေခံနေကြသည့်နည်းတူ ၎င်းတုုိ့၏ ကျဆုုံးမှုကိုလည်း ဖျက်ဆီးခံရမှုများ၊ ပြည်တော်ဝေးဘဝများနှင့် တုုံဏှိဘာဝေဆိပ်ငြိမ်နေရမှုများက သက်သေထူနေပါသည်။ (အီမင်နူယယ်ဂီလန်၊ ၁၉၉၉၊ နှာ ၁၁)

၂၀၁၁ ခုနှစ်ဦးမှ အစပြုခဲ့သော မြန်မာ့နိုင်ငံရေး ဖြေလျော့မှုမှာ ယခုအခါ သိသိသာသာ အရှိန်ရလာနေပြီး ပြည်တွင်းနှင့်နိုင်ငံတကာအဝန်းအဝိုင်း၏ အသိအမှတ်ပြုမှုကို တစ်ဆင့်ထက်တစ်ဆင့် ပို၍ရရှိလာနေပါသည်။ သို့သော် အခြားတစ်ဖက်တွင် မြန်မာ့ဒီမိုကရစ်တစ်ကူးပြောင်းမှု ဖြစ်စဉ်အပေါ် နှေးကွေးလွန်းသည်ဟု အားမလိုအားမရဖြစ်ခြင်းနှင့်အတူ တကယ့်အစစ်အမှန်ဖြေလျော့မှု (genuine liberalisation) ဟုတ်မှဟုတ်ပါလေစ ဟူသည့်သံသယမှာလည်း ပြည်တွင်းတွင်မက ပြည်ပမှာပါ တစ်စတစ်စနှင့် စုပုံလာနေပါသည်။ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ၏ လက်တွေ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို တစ်ကွက်စီတစ်စစီဖြစ်နေသော လက်တွေ့ဖြစ်ရပ်များမှတစ်ဆင့် မြင်တွေ့နေ ရပြီဟု ဆိုချင်သည်။ ၂၅ ရာခိုင်နှုန်းသော ဆွဲခန့်စစ်သားအမတ်များ ပါ၀င်နေသဖြင့် နိုင်ငံတကာ ဒီမိုကရေစီနှုန်းစံများအရ တရားဝင်ဖြစ်မှုအားနည်းသည်ဟု ဝေဖန်ခံနေရသည့် မြန်မာလွှတ်တော်ကို မည်ကာမတ္တ ရာဘာတံဆိပ် တုံးလွှတ်တော်မဟုတ်၊ မြန်မာနိုင်ငံ၏ အမှန်တကယ် ဥပဒေပြုအဖွဲ့အစည်းဖြစ်သည်ဟု အသိအမှတ်ပြုလာ နေပြီဖြစ်သည်ကို ပြည်တွင်းပြည်ပမီဒီယာသတင်းပို့ချက်များတွင် တွေ့မြင်နေရပါသည် (ICG ၂၀၁၃၊ နှာ ၂)။ တစ်ဘက်တွင်လည်း မြန်မာအရပ်သားတစ်ပိုင်းအစိုးရသစ်၏ ဗဟိုထိန်းချုပ်မှုလျှော့ချရေး (decentralisation) လုပ်ငန်းစဉ်များ၊ ဘဏ္႑ာရေးနှင့် ငွေကြေးမူဝါဒ ခွဲခြားကျင့်သုံးမှုနှင့်အတူ စျေးကွက်စီးပွားရေးစနစ် ပီပြင်လာစေရန်ကြိုးပမ်းမှုများ၊ အတိုင်းအတာတစ်ခု အထိရောက်လာပြီဖြစ်သော မီဒီယာထိန်းချုပ်မှုဖြေလျှော့ရေးများမှာ မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်းဖြစ်စဉ်၏ မြင်သာသောလက်တွေ့ ဖြစ်ရပ်များဟု ဆိုရပါမည်။ စီမံအုပ်ချုပ်မှုအာဏာ (Executive power) နှင့် တရားစီရင်ရေးအာဏာ (Judiciary power) တို့ကြားရှိ လွတ်လပ်အမှီအခိုကင်းမှုကို ယခုထက်တိုင် သဲသဲကွဲကွဲမမြင်ရသေးသည့် တုုိင် နိုင်ငံ၏ပင်မအာဏာသုံးရပ်ဖြစ်သော ဥပဒေပြုရေးအာဏာ (legislative power) နှင့် ဆိုခဲ့ပါ စီမံအုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတို့ကြားတွင် အကောင်းဘက်သို့ ဦးတည်သည့် အာဏာချိန်ခွင်လျှာ ထိန်းညှိမှု ဖြစ်စဉ်တစ်ရပ် အစပြုနေပြီဟု ဆိုချင်သည်။

သို့ရာတွင် ဆိုခဲ့ပါပြောင်းလဲမှုများသည် မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်းဖြစ်စဉ် လစ်ဘရယ်မကျသည့် ဒီမိုကရေစီထောင်ချောက် (illiberal democracy trap) ထဲသို့ပြုတ်ကျပြီး ရှေ့ဆက်မသွားတော့သည့် အတုအယောင် ဒီမိုကရေစီစနစ်သို့ ရောက်မသွားနိုင်ဟူ၍ကား မဆိုလိုပါ။ အာရှ၊ အရှေ့ဥရောပ၊ အာဖရိကနှင့် လက်တင်အမေရိက အတွေ့အကြုံများအရ မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ် နောက်ကြောင်းပြန်နိုင်ခြေမှာ ယခုထက်တိုင် ၅၀ ရာခိုင်နှုန်းအထက်တွင် ရှိနေဆဲဟု မြင်ပါသည်။

မြန်မာ့နိုင်ငံရေးတွင် အရေးကြီးသည်ဟု လက်ခံလာကြပြီဖြစ်သော လူမျိုးစုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် ကျေနပ်စရာကောင်းလောက်အောင် ဖြစ်ပေါ်တိုးတက်မှု မရှိသေးသည့်တိုင် ရာစုနှစ်ဝက်မက ဖိနှိပ်၊ ပိတ်ဆို့ခံခဲ့ကြရသည့်အနေအထားနှင့် နှိုင်းစာလျှင် အတော်အတန် လုပ်ခွင့်သာ လာပြီဖြစ်သည်ဟု ဆိုရပါမည်။ ဖြစ်တည်လာနေသော ဥပဒေတွင်းနိုင်ငံရေး အခင်းအကျင်းသစ်တွင် နိုင်ငံရေးအရ တရားဝင်ကိုယ်စားပြုခွင့်၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုကဏ္႑များတွင် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ်များ သြဇာသက်ရောက်လာနိုင်မှု၊ ပိုမိုလွတ်လပ်လာသည့် အမျိုးသားကြန်အင် လက္ခဏာ (National identity) ဆိုင်ရာလှုပ်ရှားဆောင်ရွက်ခွင့်၊ အကန့်အသတ်နှင့် ရှိနေသေးသည့်တိုင် ပိုမိုလွတ်လပ်လာနေသည့် အရပ်ဘက်လူမှုလှုပ်ရှားမှု (civil society movement) များက ပိုမိုလုပ်ခွင့်သာ သည့် အခြေအနေတစ်ရပ်သို့ ဦးတည်နေသည်ကုုိ ပြညွန်နေသည်ဟုု ဆုုိချင်ပါသည်။ ဆိုခဲ့ပါ အစိုးရသစ်၏ ဗဟိုထိန်းချုပ်မှုလျှော့ချရေးလုပ်ငန်းစဉ် (decentralisation process) များ ပီပြင်လာသည်နှင့်အမျှ ပြည်နယ် အဆင့် အုပ်ချုပ်စီမံမှုများ တစ်စထက်တစ်စပို၍ဒေသန္တရဆန် (localised) လာမည်ဟု မျှော်လင့်ရပါသည်။ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတကခန့်အပ်သည့် စနစ်အစား ပြည်နယ်အဆင့်ရွေးကောက်ပွဲမှတဆင့် တုုိက်ရုုိက်ရွေးကော်တင်မြှောက်ရေးစနစ်သို့ အမှန်တကယ် သာပြောင်းလဲနုုိင်ခဲ့လျှင် လူမျိုးစုုများ၏ လက်ရှိပြည်ထောင်စုုဘောင်အတွင်းမှ ကုုိယ်ပုုိင်ပြဌာန်းခွင့်ဆုုိင်ရာ အနေအထား အဆင့်သစ်တစ်ခုုသုုိ့ ရောက်ရှိလာမည်ဟုုိ ဆုုိရပါမည်။ သုုိ့သော် လက်ရှိအခင်းအကျင်း အောက်တွင် ထုုိအနေအထား အဆင့်အတန်းသစ်သည် လူမျိုးစုုပြည်သူများနှင့်နုုိင်ငံရေးပါတီများအတွက် အခွင့်အလန်းတစ်ရပ်ဖြစ်သလုုိ တစ်ဖက်တွင်လည်း ကြီးစွာသော စိန်ခေါ်မှုများ ဖြစ်သည်ကုုိ သတိချပ်ကြရမည် ဖြစ်ပါသည်။

ယခုုအခါ ၂၀၁၅ ရွေးကောက်ပွဲအတွက် အခြားသော မြန်မာ့နုုိင်ငံရေးအင်အားစုုများ ပတ်စာခွံ့အသံစမ်း နေကြပြီဖြစ်သဖြင့် မွန်အမျိုးသားထုုကုုိ ကုုိယ်စားပြုကြမည့်ကျွန်တော်တုုိ့ မွန်နုုိင်ငံရေးအင်အားစုုများ သည်လည်း ကျွန်တော်တုုိ့၏ တယော၊ မိကျောင်း၊ ဗာတ်ကုုိင်(လခြမ်း)၊ ပတ္တလားစတဲ့ရိုးရာတူရိယာများကိုုသာမက လျှပ်စစ်ဂစ်တာနှင့် ဒရမ်များကိုုပါ အသံညှိကြရတော့မည်ဟုု သဘောရပါသည်။ အင်အားကြီး ရွေးကောက်ပွဲ ပြိုင်ဖက်များကိုု ယှဉ်ပြိုင်နုုိင်ရန်မှာ မွန်အမျိုးသားထုုတစ်ရပ်လုုံးကိုု ကုုိယ်စားပြုသည့် စုုစည်း ညီညွတ်သော၊ တစ်ခုုတည်း သောနိုုင်ငံရေးအင်အားစုုတစ်ရပ် တည်ဆောက်ရေးပင်ဖြစ်သည်ဟုု ယုုံကြည်ပါ သည်။

သုုိ့အတွက်ကြောင့် ညီညွတ်သော မွန်နုုိင်ငံရေးအင်အားစုုတစ်ရပ် မည်သို့တည်ဆောက်သင့်သည်ကို ဤစာတမ်းတွင် ကျွန်တော်ဉာဏ်မီသမျှ အဆိုပြုတင်ပြပါမည်။ ဦးစွာပထမ စုုစည်းညီညွတ်သော နုုိင်ငံရေး ပါတီတစ်ရပ်၏ အရေးပါမှုအခန်းနှင့် စစ်အာဏာရှင်များအုုပ်ချုပ်မှုကာလ ဥပဒေတွင်း မွန်အမျိုးသားများ၏ နုုိင်ငံရေးလှုပ်မှုကိုု အကျဉ်းမျှ တင်ပြပါမည်။ ထုုိ့နောက်တွင် မွန်နုုိင်ငံရေးအင်အားစုုများကြား ဖြစ်ရှိနေသည့် အခြေအနေအကဲဖြတ်ချက်များကုုိ တင်ပြပါမည်။ ထို့နောက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ထုုိမှ မွန်ဒီမုုိကရေစီပါတီ နှင့် ဒေသလုုံးဆုုိင်ရာမွန်ဒီမုုိကရေစီပါတီတုုိ့ကြားရှိ အမြင်သဘောထားဆိုင်ရာ အခြေခံကွဲလွဲချက်များကိုု သဘောတရားရေး အခြေခံပေါ်မှ ခွဲခြမ်းစိစစ်သွားမည်ဖြစ်ပြီး နောက်ဆုုံးတွင် တစ်ခုုတည်းသော မွန်နုုိင်ငံရေး အင်အားစုု တည်ဆောက်ရေးနှင့်ပတ်သက်သည့် အဆုုိပြုချက်ဖြင့် စာတမ်းကိုု အဆုုံးသတ်ပါမည်။

၁။ စုုစည်းညီညွတ်သော နုုိင်ငံရေးပါတီတစ်ရပ်၏အခန်းကဏ္ဍ

ရွေးကောက်ပွဲအနုုိင်အရှုံးသည် ၀င်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ၏ မှန်ကန်အားကောင်းသော လမ်းစဉ် မူဝါဒများပေါ်တွင် မူတည်ကြောင်း အများညီသဘောတူကြသော်လည်း ၀င်ရောက်ယှဉ်ပြိုင်သည့် နုုိင်ငံရေး ပါတီတစ်ရပ်၏ စုစည်းညီညွတ်မှုပေါ်တွင် ပုုိ၍တည်မှီနေသည်ကို ၂၀၁၃ စက်တင်ဘာ သြစတြေးလျ ဖက်ဒရယ်ရွေးကောက်ပွဲမှတဆင့် အံ့သြစရာ မြင်တွေ့လိုက်ရပါသည်။ အာဏာရသြစတြေးလျ လေဘာ ပါတီအတွင်း ထိပ်ဆုံးမှ ခေါင်းဆောင်နှစ်ဦးကြား စေ့စပ်မရနိုင်သည့် အကွဲအပြဲကြောင့် ပါတီ၏လမ်းစဉ်မူဝါဒ များ ပြိုင်ဖက်လက်ဘရယ်ပါတီထက် ပိုမိုမှန်ကန်အားကောင်းစေကာမူ လူထုယုံကြည်မှုဆုံးရှုံးကာ အရှုံးနှင့် ရင်ဆိုင်သွားခဲ့ရပါသည်။ ရွေးကောက်ပွဲအပြီးတွင် ဆုုိခဲ့ပါ ပါတီခေါင်းဆောင်နှစ်ဦးစလုုံး ဖက်ဒရယ်ပါလီမန် ထဲမှထွက်ခွါသွားရပြီဖြစ်ပြီး သြစတြေးလျားအနေဖြင့် ပုုဂ္ဂိုလ်ရေးစွမ်းဆောင်ရည်မြင့်မားပြီး ပြည်တွင်းတွင် သာမက နိုင်ငံတကာအသိုင်းအဝိုင်းကပါ အလေးထားကြရသည့် ခေါင်းဆောင်နှစ်ဦး ဆုံးရှုံးသွားရပါသည်။ အနည်းငယ် အကျယ်ချဲ့ရှင်းလင်းပါမည်။

၂၀၁၃ ခုုနှစ်နှောင်းပုုိင်းတွင် အသည်းယားစရာကောင်းလှသော သြစတြေးလျား ဖက်ဒရယ်အဆင့် ရွေးကောက်ပွဲကုုိ လေ့လာခွင့်ရခဲ့ပါသည်။ အစုုိးရသက်တမ်းနှစ်ခုု ဆက်တုုိက်အာဏာရထားခဲ့သည့် သြစတြေးလျား လေဘာပါတီ၏ အားကောင်းလှသော ခေါင်းဆောင်နှစ်ဦးကြား မည်သုုိ့မျှစေ့စပ်မရနုုိင်ခြင်း က ပါတီ၏ ကြီးမားလှသော အောင်မြင်မှုအားလုုံးကိုု ပျက်စီးစေကာ နောက်ဆုုံး ရွေးကောက်ပွဲတွင် အရှုံးနှင့် ရင်ဆုုိင်ခဲ့ကြရသည်ကိုု ၀မ်းနည်းဖွယ်ရာ တွေ့မြင်ခဲ့ရပါသည်။ နုုိင်ငံရေးအတွေးအခေါ်အယူဝါဒထက် လူထုုနှင့် လူမှုဆုုိင်ရာမူဝါဒ (public policy and social policy) များပေါ်တွင် ပုုိမုုိအလေးထားသော (၈)ပတ်ကြာရွေးကောက်ပွဲမဲဆွယ်ပွဲကာလအတွင်း လေဘာပါတီ၏ လူထုုထောက်ခံမှုမှာ အမြင့်မှ တဖြည်းဖြည်းချင်း လျော့ကျလာနေခဲ့သည်။ လေဘာပါတီ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး၊ အလုုပ်အကုုိင် စသည်တုုိ့နှင့်ပတ်သက်သော လူမှုဖူလုုံရေးဆိုုင်ရာမူဝါဒများ ၊ အကောက်အခွန်နှုန်းထား၊ ငွေကြေးဆုုိင်ရာမူဝါဒ၊ အစုုိးရအသုုံးစရိတ် စသည်တုုိ့နှင့်ပတ်သက်သော ဘဏ္႑ာရေးမူဝါဒများ၊ လူဝင်မှု၊ နုုိင်ငံခြားရေး အစရှိသည်တုုိ့နှင့် ပတ်သက်သည့်နုုိင်ငံရေးမူဝါဒများမှာ ပြိုင်ဘက် လစ်ဘရယ်ပါတီ၏မူဝါဒ များနှင့် နှိုင်းစာလျင် များစွာသာလွန်ကောင်းမွန်သည်ဟုု အများစုုက သဘောတူကြပါသည်။ သြစတြေးလျ နုုိင်ငံသား မိတ်ဆွေများနှင့် ဆွေးနွေးကြည့်ရာတွင်လည်း အများစုုက လေဘာပါတီ၏ နိုုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နုုိင်ငံခြားရေးမူဝါဒများကုုိ ပုုိမုုိအမှတ်ပေးကြပါသည်။ သုုိ့သော် ရွေးကောက်ပွဲတွင် လေဘာပါတီ ရှုံးနိမ့်သွားပါသည်။ ရွေးကောက်ပွဲအပြီး ၆ ပတ်အကြာတွင် ကောက်ယူခဲ့သော လူထုုထောက်ခံမှုစစ်တမ်းတွင် လေဘာပါတီကုုိလူထုုထောက်ခံမှုပြန်လည်မြင့်တက်လာခဲ့သည့်အပြင် ၅ လအကြာတွင်ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း လေဘာပါတီပင် ပြန်လည်အနုုိင်ရခဲ့ခြင်းတုုိ့က ဆုုိခဲ့ပါယူဆချက်မှန်ကန် ကြောင်း သက်သေပြနေပါသည်။

သြစတြေးလျဖက်ဒရယ်ရွေးကောက်ပွဲစနစ်သည် လူပုုဂ္ဂိုလ်ကိုု ရွေးချယ်သည့်စနစ်မျိုးမဟုုတ်ဘဲ ပါတီကိုု ရွေးချယ်သည့်စနစ်ဖြစ်ပြီး ပါတီခေါင်းဆောင်သည် အလုုိအလျောက် သြစတြေးလျ ဖက်ဒရယ်အစိုုးရ၏ ၀န်ကြီးချုပ်ဖြစ်ရသည့် စနစ်မျိုးဖြစ်ပါသည်။ သိုု့အတွက် ပါတီခေါင်းဆောင်နေရာသည် နုုိင်ငံရေးသမားများ အဓိကအာရုုံထားကြသည့် နေရာဖြစ်သည့်အပြင် ရွေးကောက်ခံ ပါတီဝင်အမတ်များ၏ အဆုုံးအဖြတ်အာဏာ တည်ရာလည်းဖြစ်ပါသည်။ ပါတီဝင်အမတ်များက ပါလီမန်ကောကပ်စ်အတွင်းတွင် ပါတီခေါင်းဆောင်ကိုု ဖြုတ်ချခြင်း၊ အသစ်ရွေးချယ်တင်မြှောက်ခြင်းများ ပြုလုုပ်ခွင့်ရှိကြပါသည်။ ၂၀၀၇ ခုုနှစ်၊ လေဘာပါတီ အနုုိင်ရခဲ့စဉ်က ပါတီခေါင်းဆောင် မစ္စတာကီဗင်ရတ်၏ ပြင်းထန်ကြမ်းတမ်းလှသော စီမံခန့်ခွဲမှုပုုံစံကိုု မခံနုုိင်တော့သဖြင့် လေဘာပါတီ၏ ရွေးကောက်ခံအမတ်များက ၂၀၁၀ ခုုနှစ်တွင် မစ္စတာရတ်ကိုု ပါတီ ခေါင်းဆောင်အဖြစ်မှ ဖြုတ်ချလုုိက်ကြပြီး မစ္စတာရတ်လက်တွဲခေါ်ယူလာခဲ့သော ဒုုတိယပါတီ ခေါင်းဆောင် မစ္စဂျူလီယာဂီးလတ်ကိုု ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြပါသည်။ သုုိ့နှင့် မစ္စဂျူလီယာဂီးလတ် ၂၀၁၀ ခုုနှစ်တွင် သြစတြေးလျ၏ ၀န်ကြီးချုပ်ဖြစ်လာပါသည်။ ၂၀၁၀ ရွေးကောက်ပွဲ တွင် လေဘာပါတီပင် ဆက်လက်အနုုိင်ရခဲ့သော်လည်း ခေါင်းဆောင်နှစ်ဦး၏ဦးဆောင်မှု အောက်မှ သက်ဆုုိင်ရာပါတီတွင်း အုုပ်စုုနှစ်ခုုကြား အားပြိုင်မှုမှာ တဖြည်းဖြည်းချင်း ပုုိ၍ပုုိ၍ပြင်းထန်လာခဲ့ပါသည်။ ၀န်ကြီးချုပ်မစ္စဂီးလတ်သည် ၂၀၁၂ ခုုနှစ်တွင် မစ္စတာကီဗင်ရတ်၏ ခေါင်းဆောင်နေရာ စိန်ခေါ်မှုကိုု အောင်မြင်စွာဖြတ်ကျော်နုုိင်ခဲ့ သော်လည်း ၂၀၁၃ ခုုနှစ်နှောင်းပုုိင်းတွင်ထပ်မံပေါ်ပေါက်လာသော မစ္စတာ ကီဗင်ရတ်အုုပ်စုု၏ ဒုုတိယ အကြိ်မ်စိန်ခေါ်မှုတွင် ရှုံးနိမ့်ခဲ့ပြီး ကတိအတိုု်င်း ပါလီမန်ထဲမှ နှုတ်ထွက်သွားခဲ့ရပါသည်။ မစ္စတာကီဗင်ရတ် ၀န်ကြီးချုပ်ပြန်ဖြစ်လာသောအခါ ပါတီတွင်းပြိုင်ဖက်အုုပ်စုုမှ ၀န်ကြီး ၆ ယောက် နှုတ်ထွက်သွားပါသည်။ ၂၀၁၃ ရွေးကောက်ပွဲကလည်း နီးကပ်နေသဖြင့် ၀န်ကြီးချုပ် မစ္စကီဗင်ရတ်၏ ပါတီညီညွတ်ရေး ကြိုးပမ်းမှု များနှင့် လက်တွေ့ကျသော ပါတီမူဝါဒလမ်းစဉ်များကိုု ထိရောက်အောင် မဆောင်ရွက်နုုိင်ခဲ့တော့ပါ။ ၂၀၁၃ စက်တင်ဘာလ ရွေးကောက်ပွဲတွင် လေဘာပါတီရှုံးနိမ့် သွားပါသည်။ သိုု့နှင့်မစ္စတာကီဗင်ရတ်လည်း သြစတြေးလျပါလီမန် ပြန်လည်ကျင်းပသည့် ပထမသီတင်းပတ်တွင်ပင် ပါလီမန်ထဲမှ နှုတ်ဆက်ထွက်ခွါ သွားရပါတော့သည်။

စုုစည်းညီညွတ်မှှုမရှိသော နုုိင်ငံရေးဦးဆောင်မှုတစ်ရပ်၏ လက်ထဲသုုိ့ မိမိတုုိ့၏ နုုိင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များစီမံခန့်ခွဲခွင့်ကိုု အပ်နှင်းလုုိက်ရန်အတွက် ဆင်ခြင်တုုံတရားရှိသော မည်သူမဆုုိ တွန့်ဆုုတ်နေမည် သာဖြစ်ပါသည်။

၂။ စစ်အာဏာရှင်အုုပ်စုုိးမှုကာလ ဥပဒေတွင်းမွန်အမျိုးသားလှုပ်ရှားမှုအကျဉ်း

မြန်မာနုုိင်ငံလွတ်လပ်ရေးခေတ်ဦးတွင် အရှိန်အဟုုန် ပြင်းထန်အားကောင်းခဲ့သည့် ဥပဒေတွင်း မွန်နုုိင်ငံ ရေးလှုပ်ရှားမှုများ ၁၉၆၂ ခုုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် အချိန်ကာလအတန်ကြာ ရပ်တန့်သွားခဲ့ သည်။ သိုု့သော် စာပေ၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် အရပ်ဖက်လူမှုရေးနယ်ပယ် အချို့တုုိ့တွင် အမျိုးသားရေး ဆုုိင်ရာလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါသည်။ ၁၉၈၈ ခုုနှစ်တွင် မြန်မာစစ်တပ်မှ ထပ်ဆင့်အာဏာသိမ်းပြီနောက်တွင် ဥပဒေတွင်း နုုိင်ငံရေးလှုပ်ရှားမှုများ ပြန်လည် အစပြုရန်အတွက် မွန်အမျိုးသား ဒီမုုိကရေစီအဖွဲ့ (Mon National Demoncratic Front) ကိုု မွန်အမျိုးသား တုုိ့ကိုု ကိုယ်စားပြုသည့် ဥပဒေတွင်းနုုိင်ငံရေးပါတီအဖြစ် မှတ်ပုုံတင်ခဲ့ကြပါသည်။ ၁၉၉၀ ခုုနှစ်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်များအနက် (၅) နေရာအနုုိင်ရခဲ့သော်လည်း အနည်းဆုုံး မြို့နယ် (၁၀) မြို့နယ်တွင် ပါတီရုုံးခွဲများ ထားရှိနုုိင်ရမည်ဟူသော စစ်အစုုိးရရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၏ သတ်မှတ် ချက်ကြောင့် ၁၉၉၂ ခုုနှစ်တွင် မွန်အမျိုးသားတုုိ့၏ တစ်ခုုတည်းသော ဥပဒေတွင်းနုုိင်ငံရေးပါတီ အဖျက်သိမ်း ခံခဲ့ရပါသည်။ သိုု့သော် မွန်အမျိုးသား ဒီမုုိကရေစီအဖွဲ့သည် မွန်အမျိုးသားတုုိ့၏ ဦးဆောင် နုုိင်ငံရေး ကိုုယ်ထည် (political leading body)အဖြစ်ဆက်လက်ရပ်တည်နေခဲ့ကာ နုုိင်ငံရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်နေခဲ့ပါသည်။

၂၀၀၈ ခုုနှစ်တွင် မြန်မာစစ်အစုုိးရက ၎င်းတုုိ့တစ်ဖက်သတ်စိတ်ကြိုက်ရေးဆွဲထားသော ပြည်ထောင်စုုမြန်မာ နိုုင်ငံတော်ဖွဲ့စည်းပုုံအခြေခံဥပဒေကိုု ပွင့်လင်းမြင်သာမှုမရှိသော ပြည်လုုံးကျွတ်ဆန္ဒခံယူပွဲဖြင့်အတင်းအကြပ် အတည်ပြုပြီးနောက် ၂၀၁၀ ခုုနှစ်တွင် အထက်ပါအခြေခံဥပဒေကိုု အခြေခံ၍ ရွေးကောက်ပွဲ ကျင်းပပြုလုုပ် မည်ဟုု ကြေညာခဲ့ပါသည်။ ဆုုိခဲ့ပါဖြစ်ပေါ်လာသော နုုိင်ငံရေးအခြေအနေသစ်အောက်တွင် ၀င်ရောက် လှုပ်ရှားရန်သင့်မသင့် မွန်နုုိင်ငံရေးအင်အားစုုများကြား သဘောကွဲလွဲမှုများရှိခဲ့သော်လည်း အရပ်သား အစိုုးရဝန်ထမ်းဟောင်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှအင်အားစုုများ၊လက်နက်ကိုုင်တော်လှန်ရေး အင်အားစုုမှ အနားယူထားသည့်အင်အားစုုအချို့တုုိ့ အပြင် မွန်အမျိုးသားဒီမုုိကရေစီအဖွဲ့မှ ပါတီဝင်အချို့တိုု့ ဖြင့် ဖွဲ့စည်းထားသည့် အင်အားစုုအသစ်တစ်ရပ်က ဒေသလုုံးဆုုိင်ရာမွန်ဒီမုုိကရေစီပါတီကိုု မွန်အမျိုးသား များကုုိ ကုုိယ်စားပြုသည့် နုုိင်ငံရေးပါတီအဖြစ် မှတ်ပုုံတင်ကာ ၂၀၁၀ ခုုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဖြစ်ပေါ်တုုိးတက်လာသော နုုိင်ငံရေးအခြေအနေအပေါ် အခြေပြုပြီး ၂၀၁၀ ခုုနှစ်တွင် မှတ်ပုုံပြန်မတင်ဘဲ ရွေးကောက်ပွဲကိုု သပိတ်မှောက်ခဲ့သော မွန်အမျိုးသားဒီမုုိကရေစီအဖွဲ့ကလည်း ၂၀၁၂ ခုုနှစ် ဇူလုုိင်လ ၁၀ ရက်နေ့တွင်် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ခွင့်ပြုချက်ဖြင့် မိမိတုုိ့ပါတီကိုု မွန်ဒီမုုိကရေစီပါတီ အမည်သစ်ဖြင့် ပြန်လည်မှတ်ပုုံတင်ကာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲကိုု ပါ၀င်ဆင်နွှဲရန်အတွက် ပြင်ဆင်လာသည်ကိုု တွေ့ရပါသည်။

ဤတွင် မြန်မာနုုိင်ငံ၏လူဦးရေအချိုးနှင့် တွက်ဆနှိုင်းစာလျှင် ရာခုုိင်နှုန်းအနည်းငယ်သာရှိသည့်အပြင်[1] မြန်မာနုုိင်ငံပုုိင်နက်နယ်မြေအတွင်း မှီတင်းနေထုုိင်ကြသော အခြားသော လူမျိုးစုုများနှင့်မတူ လူမျိုးကွဲမရှိ တစ်စုုတစ်စည်းတည်း တစ်မျိုးတည်းသာရှိသည့် မွန်အမျိုးသားများကိုု ကုုိယ်စားပြုသည်ဟုု ဆုုိကြသည့် နုုိင်ငံရေးပါတီနှစ်ခုု ဖြစ်ပေါ်လာခြင်းကိုု သဘောမတူနုုိင်ကြသည့် မွန်ရဟန်းတော်များက ဦးဆောင်ပြီး မွန်နှစ်ပါတီ ပေါင်းစည်းရေးကိုု ၂၀၁၀ နှစ်ကုုန်ပုုိင်းမှ အစပြု ကြိုးပမ်းလာခဲ့ကြသည်ကိုု တွေ့ရပါသည်

၃။ လောလောဆယ်အခြေအနေအကဲဖြတ်ချက်

ယခုုလောလောဆယ်အနေအထားမှာ နှစ်ပါတီပေါင်းစည်းရေး တွေ့ဆုုံဆွေးနွေးပွဲ (၁၈) ကြိမ် ကျင်းပပြုလုုပ် ခဲ့ပြီးနောက် မွန်ဒေသမှ ခေါင်းဆောင်အချို့နှင့် နောက်လုုိက်နောက်ပါ အဖွဲ့ဝင်အချို့ မွန်ဒီမုုိပါတီထဲသုုိ့ ပေါင်းသွားသည်ကိုု တွေ့ရပါသည် ။ နှစ်ပါတီပေါင်းစည်းရေးဖြစ်စဉ်ကိုု အတိအကျ မသိရသော်လည်း တစ်ဖက်လျှင် ဗဟုုိကော်မတီဝင် ၂၁ ဦးစီဖြင့် ယာယီဗဟုုိကော်မတီတစ်ရပ် ဖွဲ့စည်းပြီး နှစ်ဖက်ပါတီ ပေါင်းစည်းရေး၊ လမ်းစဉ်မူဝါဒများ ရေးဆွဲရေး၊ အစရှိသည်တုုိ့ကိုု အသေးစိတ် ဆက်လက်ညှိနှိုင်း ဆွေးနွေးနေသည်ဟုု သိရပါသည် (သံလွင်တုုိင်းမ်၊ ၃၁၊ ဒီဇင်ဘာ ၂၀၁၃)။ မွန်ဒီမုုိနှင့် မွန်ဒေသတစ်ခြမ်း ပေါင်းစည်းထားသော ပါတီကိုု မွန်အမျိုးသား ပါတီဟုု အမည်သစ်ပေး၍ ရွေးကောက်ပွဲကော်မရှင်ထံတွင် ပါတီမှတ်ပုုံတင်ရန် ပြင်ဆင်နေပြီဟုုလည်း သတင်းများကဆုုိပါသည်။ သိုု့ရာတွင် ၁၀၊၂၊ ၂၀၁၄ ရက်နေ့တွင် မွန်ဒီမိုုပါတီသည် မွန်ဒီမုုိကရေစီပါတီဟူသည့် ၎င်းတုုိ့၏ပါတီ အမည်အား မွန်အမျိုးသားပါတီဟုု အမည်ပြောင်းလဲခွင့်ပြုရန် ပြည်ထောင်စုုရွေးကောက်ပွဲကော်မရှင်သိုု့ တင်ပြလျှောက်ထားခဲ့သည်ကိုု တွေ့ရပြန်ပါသည် (ပြည်ထောင်စုု ရွေးကောက်ပွဲကော်မရှင်ကြေညာချက်၊ မြန်မာ့အလင်းသတင်းစာ)။

ထွက်ပေါ်လာသည့် ရလာဒ်အပေါ် အင်အားစုုအမျိုးမျိုးက မတူကွဲပြားသော သဘောထားတုု့ံပြန်ချက်များဖြင့် တုုံ့ပြန်ကြသည်ကုုိ တွေ့ရပါသည်။ မွန်ဒေသပါတီက ၂၀၁၅ ခုုနှစ်ရွေးကောက်ပွဲအထိ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း ထုုတ်ပြန်ကြေညာပါသည် (မွန်ဒေသပါတီ ကြေညာချက် ၁/၂၀၁၄၊ ၅ ရက်၊ ဇန်နဝါရီ ၂၀၁၄)။ မွန်ပြည်သစ်ပါတီက နှစ်ခုုပေါင်းမွန်ပါတီကုုိသာ အသိအမှတ်ပြုမည် ဖြစ်ပြီး ကျန်ရစ်ခဲ့သော ပါတီကြွင်းများကုုိ အသိအမှတ်ပြုမည်မဟုုတ်ဟုု ကြေငြာချက်ထုုတ်ပြန်ခဲ့ပါသည် (မွန်ပြည်သစ်ပါတီ ကြေညာချက်)။ ထုုိ့အပြင် နုုိင်ငံအစုုိးရနှင့် စျေးကွက်အင်အားစုုများပြီးလျှင် နုုိင်ငံ လူ့အဖွဲ့အစည်းတစ်ရပ်တွင် တတိယမြောက် အရေးအပါဆုုံး အင်အားစုုအဖြစ် သတ်မှတ်ကြသည့် မွန်လူမှုအင်အားစုုများကလည်း မွန်နှစ်ပါတီမပေါင်းလျှင် ပါတီအသစ်ထောင်မည်ဟုု အသံပေးနေသည် ကိုလည်း တွေ့လိုက်ရပါသည် (မစ္ဖျိမသတင်းစာ၊ ၁၆ ရက် အောက်တုုိဘာ ၂၀၁၃)။ ခုုမပေါင်းသေးတဲ့ လူတွေ နောက်မှ လာပေါင်းလည်းရပါတယ်ဟုု မွန်ဒီမုုိခေါင်းဆောင်သစ်တစ်ဦးက ဆုုိပါသည်။

ဤတွင် အားလုုံးသော မွန်နုုိင်ငံရေးအင်အားစုုများအတွက် အရေးကြီးသော၊ မဖြစ်မနေဖြေရန်လုုိအပ်သော မေးခွန်းများ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာပါသည်။

ပါတီသက်တမ်းငွေရတုုတုုိင်ခဲ့ပြီဟုု ကြွေးကျော်နေသော မွန်အမျိုးသားဒီမုုိကရေစီအဖွဲ့၊ထုုိမှ မွန်ဒီမုုိကရေစီ ပါတီထဲသုုိ့ ၂၀၁၀ ခုုနှစ်တွင် ရွေးကောက်ပွဲဝင်ခဲ့ပြီး မွန်အမျိုးသားတို့၏ ခေတ်ပြိုင်နိုင်ငံရေးသမိုင်းတွင် ကိုုယ်စားလှယ်အရေအတွက် အများဆုံးအနုုိင်ရခဲ့သည့် ဒေသလုုံးဆုုိင်ရာမွန်ဒီမုုိကရေစီပါတီ၏ ခေါင်းဆောင် အချို့နှင့် နောက်လိုုက်အချို့ ၀င်ရောက်ပူးပေါင်းပြီး ပါတီအသစ်တစ်ခုထပ်မံထူထောင်နုုိင်ခြင်း သိုု့မဟုုတ် ပါတီဟောင်းကိုု နာမည်အသစ်တစ်ခုုဖြင့် ပြောင်းလဲမှတ်ပုုံတင်လုုိက်နုုိင်ခြင်းကိုု ညီညွတ်သော မွန်နုုိင်ငံရေး အင်အားစုုတစ်ရပ် ဖြစ်တည်လာပြီဟုု ယူဆနုုိင်ပါသလား။ ထုုိ့အပြင် နှစ်ရပ် ပေါင်းပါတီသစ်ကိုုသာ အသိအမှတ်ပြုမည်ဟုုဆုုိသည့် မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်သည် သမာသမတ်ကျ၊ အမြော်အမြင်ရှိပြီး မွန်နုုိင်ငံရေးအင်အားစုုများကြား ညီညွတ်ရေးတည်ဆောက်မှုကိုု အထောက်အကူဖြစ်စေနုုိင်သည့် ၀င်ရောက်စွက်ဖက်မှုဖြစ်ပါသလား။ “နောက်မှလာပေါင်းလည်းရတယ်”ဟုု ဆုုိသည့် မွန်ဒီမုုိခေါင်းဆောင်သစ် ၏ မှတ်ချက်မှာ တစ်ဖက်အင်အားစုုကိုု အထင်သေးရာရောက်နေသည့် အပြင် စုုစည်းညီညွတ်သော မွန်နုုိင်ငံရေးအင်အားစုုတစ်ရပ် တည်ဆောက်ရေးအတွက် ကြီးစွာအဟန့်အတား ဖြစ်စေပါသည်။

အသီးသီးအသကအသက မွန်အမျိုးသားများကိုု ကုုိယ်စားပြုကြကုုန်သည့် မွန်နုုိင်ငံရေး ပါတီ ၂ ခုု သိုု့မဟုုတ် ၃ ခုုဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမုုိကရေအဖွဲ့ချုပ်၊ ပြည်ခုုိင်ဖြိုး၊ ပေါ်ထွက် လာနုုိင်ခြေရှိသည့် အခြားသော ဗမာအများစုုကိုု ကုုိယ်စားပြုမည့်နုုိင်ငံရေးပါတီများ (၈၈၊ လူ့ဘောင်သစ်) နှင့် ယှဉ်ပြိုင်အရွေးခံရ မည်ဆုုိလျှင် မည်သုုိ့နေမည်နည်း။ မျက်စိစုုံမှိတ်စိတ်ကူးပုုံဖော်ကြည့်စေချင်ပါသည်။ ကျွန်တော်တုုိ့မွန်လူမျိုး တုုိ့တွင် အမှန်တကယ်လက်တွေ့ “ကွဲ”နုုိင်လောက်သည့် နုုိင်ငံရေးအင်အားရော ရှိပါသေးသလော။

သုုိ့ဆုုိလျှင် မွန်ပြည်သူ တစ်ရပ်လုုံးကိုု ကုုိယ်စားပြုသည့် အမှန်တကယ်စုုစည်းညီညွတ်ပြီး အမျိုးသားရေး ကိုုအခြေခံသော မွန်ဒီမိုကရက်တစ်နုုိင်ငံရေးအင်အားစုတစ်ရပ် ဖြစ်ပေါ်လာရန် မျှော်လင့်ချက်မရှိ တော့ပြီလော။ အနုုိင်နုုိင်ငံမှ လူမျိုးဆုုိင်ရာ သမုုိင်းပညာရှင်များ ကာလတာရှည် အကဲဖြတ်ခဲ့ကြသည့် နုုိင်ငံရေးဦးဆောင်မှုကုုိယ်ထည် ပျောက်ဆုုံးပြီး “ကွယ်ပျောက်တော့မည့် ဘာသာစကားတစ်မျိုး (dying language) ဖြစ်လာနေသည့်အပြင် ပြန်လည်ရှင်သန်မလာနုုိင်တော့လောက်အောင် ပျက်ယွင်းလာနေသည့် (irreversible decline) လူမျိုးတစ်မျိုး၏ယဉ်ကျေးမှု” (South 2003, p. xv) အဖြစ်သုုိ့ အမှန်တကယ်ပင် ရောက်ကြရတော့မည်လော။

မြန်မာနုုိင်ငံနယ်နိမိတ်အတွင်းရှိ အခြားသော လူမျိုးစု (ethnic minority) များ[2]နှင့် မတူဘဲ လူမျိုးကွဲမရှိ၊ တစ်စုုတစ်စည်းတည်း၊ တစ်မျိုးတည်းသာရှိသော မွန်အမျိုးသားတုုိ့ကိုု ကိုုယ်စားပြုရန်အတွက် ထပ်တူကျ၍ တစ်ပုုံစံတည်းသော ရုုန်းကန်လှုပ်ရှားမှုဘောင်အတွင်း နုုိင်ငံရေးပါတီနှစ်ခုု ဖြစ်ပေါ်လာသော ဖြစ်စဉ်ကိုု အသေးစိတ်နားလည်နုုိင်မှသာလျှင် လက်တွေ့ကျသော အမျိုးသားညီညွတ်ရေးကိုု တည်ဆောက်နိုုင်မည်ဟုု ယုုံကြည်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲပြီးစကတည်းက မွန်နိုင်ငံရေးအင်အားစုများကြား အကွဲအပြဲဖြစ်မည်စိုး၍ဟူသော အကြောင်းပြချက်ဖြင့် မွန်သံဃာတော်များဦးစီးပြီး မွန်နှစ်ပါတီပေါင်းစည်းရေးကို အစပျိုးခဲ့ကြသည်ကို တွေ့ရပါသည်။ ထိုစဉ်က မွန်ဒီမိုကရေစီပါတီ (နောင်တွင် “မွန်ဒီမုုိပါတီ” ဟုုသုုံးနှုံးပါမည်) မှာ နုုိင်ငံရေးပါတီ တစ်ခုအဖြစ် အင်ပြည့်အားပြည့် ပြန်လည်လှုပ်ရှားနေခဲ့ခြင်း မရှိသေးပါ။ ပါတီကိုလည်း ပြန်လည်မှတ်ပုံ မတင်ရသေးပါ။ သို့သော် မွန်သံဃာတော်များက ဒေသလုုံးဆုုိင်ရာမွန်ဒီမုုိကရေစီပါတီ (နောင်တွင် “မွန်ဒေသပါတီ” ဟုု သုုံနှုန်းပါမည်) သည် တရားဝင်မှတ်ပုံတင်ပြီးပါတီဖြစ်သည့်အပြင် အမတ်နေရာ အချို့လည်း အနိုင်ရထားသောပါတီဖြစ်သည်။ အကယ်၍ မွန်ဒီမိုပါတီအနေဖြင့် ဥပဒေဘောင်တွင်း နိုင်ငံရေး ရုုန်းကန်လှုပ်ရှားမှုများ ပြန်လုပ်မည်ဆိုလျှင် သီးခြားပါတီအဖြစ်ရပ်တည်ပါက မွန်အမျိုးသားထုုအတွင်း ညီညွတ်ရေးထိခိုက်စေနိုင်သည့်အပြင် မွန်ပြည်သူများကြားတွင်လည်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သီးခြားပါတီမဖွဲ့သင့်ဟု မွန်သံဃာတော်များက သတိပေးခဲ့သည်ဟု ကြားသိခဲ့ရဖူးပါသည် (အရှင်ကောဏ္႑ည၊ သွေးဆေးကန်မွန်ပါဠိတက္ကသိုုလ်၏ မိန့်ကြားချက်၊ ၉ ရက်၊ ဇန်နဝါရီ ၂၀၁၁)။

ဤတွင် အရေးကြီးသည့် အချက်တစ်ချက်မှာ ဒေသလုုံးဆုုိင်ရာမွန်ဒီမုုိကရေစီပါတီသည် ဖြစ်တည်ပြီးသား နုုိင်ငံရေးပါတီတစ်ခုု အတွင်းမှ ကွဲထွက်လာသည့် ပါတီအကွဲမဟုုတ်၊ ဖြစ်တည်ပြီးသား မွန်နိုင်ငံရေးအင်အားစုု များက ၂၀၁၀ ခုနှစ်တွင် ပေါ်လာသည့် မျိုမကျစရာအခွင့်အလန်းကို ဆုပ်ကိုင်ရန် ငြင်းပယ်ခဲ့သဖြင့် လုုိအပ်ချက်အရ ပေါ်ထွက်လာရသည့် ပါတီဖြစ်သည်ကိုုတွေ့ရပါမည်။ ထုုိ့အပြင် မွန်ဒေသပါတီ၏ အခြေခံနုုိင်ငံရေးအကောက်အယူ၊ သဘောတရားရေးရာ အယူအဆ၊ ဖြစ်ရပ်များကိုု ချဉ်းကပ်ပုုံ၊ အဖွဲ့အစည်း ဖွဲ့စည်းတည်ဆောက်ပုုံအစရှိသည်တုုိ့မှာ ရှိနှင့်ပြီးသား မွန်နုုိင်ငံရေးအဖွဲ့အစည်းနှင့် ကွဲပြားခြားနားနေပါ သည်။ ပုုိမုုိကောင်းမွန်မှန်ကန်သည်ဟုုမဆုုိလုုိပါ။ အခြေခံကျစွာမတူညီကြောင်း ဆုုိလုုိရင်းဖြစ်ပါသည်။ တစ်ပါတီထဲမှ ကွဲထွက်သွားသော ပါတီနှစ်ခုု ပြန်ပေါင်းရန်အတွက် ဆုုိခဲ့ပါအခြေခံကွဲလွဲချက်များကို အသေးစိတ်ညှိနှိုင်းရန် လုုိကောင်းမှ လုုိအပ်ပါမည်။ သုုိ့သော် သီးခြားဖြစ်စဉ်ဖြင့် ဖြစ်တည်လာသော ပါတီတစ်ခုုနှင့် တည်ရှိပြီးသား နုုိင်ငံရေးပါတီတစ်ခုုတုုိ့အား ကွဲလွဲချက်များကိုု အသေးစိတ်ညှိနှိုင်းခြင်းမှုမပြုဘဲ ဖိအားပေးပေါင်းခုုိင်းသည့် ပုုံစံမျိုးဖြင့် လက်တွေ့ကျသော အဖြေမရနုုိင်ဟုု ဆုုိပါမည်။

[1] ၁၉၈၃ သန်းခေါင်စာရင်းတွင် ၂.၄ ရာခုုိင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်မြန်မာနုုိင်ငံခန့်မှန်းလူဦးရေစာရင်းတွင် ၂.၆ ရာခုုိင်နှုန်း (မြန်မာနုုိင်ငံအစုုိးရ၊ ၁၉၈၆။ ၁၉၉၀ ခုုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ထုုတ် လုုပ်သားပြည်သူ့နေ့စဉ်သတင်းစာ။ နှင့် လှမင်း၊ ဦး၊ ၂၀၀၁)

[2] ကချင် – ၁၂ ၊ ကယား- ၉ ၊ ကရင်- ၁၁၊ ချင်း- ၅၃၊ မွန် -၁၊ ဗမာ- ၉၊ ရခုုိင်- ရ၊ ရှမ်း- ၃၃၊ ပေါင်း- ၁၃၅၊

(မြန်မာနိုင်ငံအစိုးရ (၁၉၈၆)၊ လှမင်း၊ ဦး ၂၀၀၁)။

စာရေးသူ ခင်မောင်ရင်၏အထက်ပါအမြင်အမြင်နှင့်သုံးသပ်ချက်အား အပိုင်းများခွဲ၍ နေစဉ်ဆက်လက်တင်ပြသွားပါမည်—(အယ်ဒီတာ)

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

Leave a Reply

%d bloggers like this: