မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်လူမျိုးအဖြစ်ခံယူပြီး စာရင်းထည့်သွင်းရန် မွန်လူ့အခွင့်အရေးအဖွဲ့ပြော

မွန်လူမျိုးအဖြစ်ခံယူပြီး စာရင်းထည့်သွင်းရန် မွန်လူ့အခွင့်အရေးအဖွဲ့ပြော

ရေးသားသူ: >

This slideshow requires JavaScript.

အေမီအောင် – မျိုးနွယ်တစ်မျိုးတည်းသာရှိသည့် မွန်လူမျိုးများ မွန်စာ၊ မွန်စကားမပြောတတ်သော်လည်း မွန်သွေးပါလျှင် မွန်လူမျိုးအဖြစ်ခံယူပြီး စာရင်းထည့်ကြရန် မွန်လူ့အခွင့်ရေးဖောင်ဒေးရှင်းက တိုက်တွန်းပြောကြားသည်။

သန်းခေါင်စာရင်းကောက်သည့်အခါတွင် လူဦးရေစာရင်းသည် မွန်လူမျိုးအတွက် အရေးကြီးပြီး၊ မွန်လူမျိုးများသည် နိုင်ငံအနှံ့ရှိကာ မိမိ ဆွေမျိုးသားချင်း မိတ်ဆွေများ ထိုင်း၊ မလေးရှား၊ အမေရိကန်စသော မည်သည့်နေရာရှိစေကာမူ မွန် သွေးရှိလျှင် “မွန်” ဟုထည့်သွင်းကြရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ သံဖြူဇရပ်မြို့နယ်၊ ပငရွာရှိ မွန်စာပေနှင့် ယဉ်ကျေးမှုခန်းမတွင် မွန်လူ့အခွင့်ရေးဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်ကဆော့မွန်က ပြောသည်။

“တစ်ချို့ မွန်လို့မခံယူကြဘူး၊ မွန် မဖြစ်ချင်ကြဘူးဗမာဖြစ်ချင်ကြတယ်၊ အဲဒီလို ဗမာအဖြစ်ခံယူတော့ မွန် လူမျိုးတွေနည်းမယ်၊ အခွင့်အရေးတွေလျှော့တော့ ကိုယ်လူမျိုးအတွက်ပဲ နစ်နာမယ်” ဟု နိုင်ကဆော့မွန်က ပြောသည်။

မွန်လူမျိုးသည် အခြားလူမျိုးများနှင့် အိမ်ထောင်ကျသော်လည်း သားသမီးများကို “မွန်” စာရင်းသွင်းရန်နှင့် သန်းခေါင်စာရင်းကောက်သည့်အခါတွင်လည်း “မွန်”စာလုံးဖြင့် မရေးဘဲ code ကုတ်နံပါတ် အင်္ဂလိပ်စာလုံး 601 ဖြင့်မှတ်ယူမည်ဖြစ်ပြီး ဗဟုသုတရှိသူ၊ စာဖတ်တတ်သူတဦးဦး စာရင်းကောက်သည့်အခါ မှန်ကန်မှု ရှိမရှိစောင့်ကြည့်ရန်ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က“ မွန်လို့ပြောရင် မွန်လို့ရေးမှာ ဗမာလို့ပြောရင် ဗမာလို့မှတ်မှာပဲ ကိုယ်ကြိုက်တာ လွတ်လပ်စွာပြောဆို ရွေးချယ်ခွင့်ရှိတယ်” ပြောသည်။

နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း တိုင်းရင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဦးခင်ရီမှ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး၊ သူများထည့်သလို လိုက်ထည့်လိုက်တယ်၊ မွန်လူဦးရေနည်းရင် မွန်လူမျိုးအတွက် အခွင့်ရေးနည်းသွားမယ်ဆိုတာ အခုမှသိတယ်” ဟု သံဖြူဇရပ်မြို့နယ်၊ ပငရွာသား နိုင်မူး က ပြောသည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ထိ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ နေထိုင်သူအားလုံး၏စာရင်းကို ကောက်ယူမည်ဖြစ်သည်။

ထိုသို့ကောက်ယူရာတွင် လူတိုင်းမေးရန် မေးခွန်းအချက် (၂၀)၊ အိမ်ထောင်ကျဘူးသူ အမျိုးသမီးတိုင်းကို မေးမြန်းရန် မေးခွန်း (၄) ချက်၊ အိမ်အကြောင်းအရာနှင့် သက်ဆိုင်သည့်မေးခွန်း (၈) ချက်၊ အိမ်ထောင်စုထဲမှ နိုင်ငံခြားသို့ ရောက်နေသူများ (၅) ချက်၊ လွန်ခဲ့သည့် ၁၂ လအတွင်း အိမ်ထောင်စုသားများထဲမှ သေဆုံးခြင်း အကြောင်းအရာ (၄) ချက် စုစုပေါင်းမေးခွန်း (၄၁) ချက် မေးမြန်းသွားမည်ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

တာဝန်ရပ်လိုက်သည့်ရေးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးနေရာ အသစ်ပြန်ရွေးမည်

ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် တာဝန်မှရပ်စဲလိုက်သည့် ရေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦး နေရာတွင် အုပ်ချုပ်ရေးမှူးအသစ်ကို တစ်လအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ရေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးမှ သိရသည်။ …

Leave a Reply

%d bloggers like this: