spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းစိတ်ဝမ်းကွဲပြားမှုမရှိစေရန် လူမျိုးအမည်စာရင်း ပြန်လည်သုံးသပ်သင့်

    စိတ်ဝမ်းကွဲပြားမှုမရှိစေရန် လူမျိုးအမည်စာရင်း ပြန်လည်သုံးသပ်သင့်

    -

    NBF အစည်းအဝေး(Internet)
    NBF အစည်းအဝေး(Internet)

    ခတ္တာနန်း – ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရန်စီစဉ်နေမှုတွင် အချို့တိုင်းရင်းသားလူမျိုးအမည် လွဲမှားစွာသတ်မှတ်ထားသည့်အပေါ် တိုင်းရင်းသားလူမျိုးအချင်းချင်းအကြား စိတ်ဝမ်းကွဲမှုဖြစ်ပေါ်စေနိုင်သဖြင့် ပြန်လည်ညှိုနှိုင်းသုံးသပ်သင့်ကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယခေါင်းဆောင် စောသန်းမြင့်က “လူမျိုးနေရာမှာ ဒေသအခေါ်အမည်တွေကို ထည့်လိုက်တော့ လူမျိုးအမှန်မဖြစ်ပဲ မျိုးနွယ်စုလိုဖြစ်သွားတယ်၊ ရှမ်းဆိုလည်း မျိုးနွယ်စုတွေအများကြီးရှိတယ် ဒါပေမယ့် အဲဒီမျိုးနွယ်စုကိုထည့်လိုက်ရင် မူရင်း ရှမ်းဆိုတာ ပျောက်သွားမယ်၊ ချင်းဆိုလည်း ဒီလိုပဲ” ဟု ပြောသည်။

    ယခင်ဦးနေဝင်းအစိုးရလက်ထက် သန်းခေါင်စရင်းကောက်ယူမှုသည် လူမျိုးအသီးသီးကို ဒေသအမည်များဖြစ် ထည့်သွင်းဖော်ပြထားကြောင်း၊ လူမျိုး ၁၃၅ မျိုးသည် အမှန်တကယ်မရှိကြောင်း၊ မပါရှိသေးသည့်လူမျိုးများလည်းရှိသလို ထပ်နေသည့်လူမျိုးအမည်များလည်းရှိကြောင်း၊ လူမျိုးစရင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြန်လည်ညှိုနှိုင်းဆွေးနွေး၍ လူမျိုးကုတ်အမှန် ဖြစ်သင့်သည်ဟု တင်ပြထားကြောင်း စောသန်းမြင့်က ဆက်ပြောသည်။

    စောသန်းမြင့်က “သူတို့က ကြိုတင်ပြင်ဆင်ပြီးတော့မှ ဇယားချလိုက်တယ်၊ သက်ဆိုင်ရာ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းမှုမရှိပဲ မဆလ ခေတ်ကကောက်ခံတဲ့ စာရင်းအတိုင်း ထုတ်ပြန်လာတယ်၊ ပြင်မယ်ဆိုရင်လည်း အချိန်က တအားကပ်နေတယ်” ဟု ပြောသည်။

    ထိုလူမျိုးနွယ်စရင်းနှင့်ပတ်သက်၍ ပြင်ဆင်မှုများပြုလုပ်လိုပါက အချိန်မှီနိုင်သေးကြောင်း၊ သိုသော်လည်း သက်ဆိုင်ရာ လဝကနှင့် သန်းခေါင်စရင်းကောက်ယူရေးအဖွဲ့အနေနှင့် ယခုလက်ရှိ လူမျိုးအတိုင်း ကောက်ယူသွားမည်ဖြစ်ပြီး မိမိတို့သဘောဆန္ဒအတိုင်း စိတ်ကြိုက်ထည့်နိုင်ကြောင်း သိရသည်။

    ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်ကို ယခုလ ၁-၂ ရက်နေ့တွင် နေပြည်တော်ရှိ ရတနာသိင်္ဃဟော်တယ်တွင် ကျင်းပခဲ့ပြီး ညီနောင်တိုင်းရင်းသားပါတီ (Natioanlities Brotherhood Federation NBF) ၂၀ ပါတီတို့ တက်ရောက်ခဲ့ပြီး အချက် ၇ ချက်ပါ သဘောထားထုတ်ပြန်ကြေငြာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP အတွင်းရေးမှူး(၁) နိုင်ချမ်းတွဲ့က “မွန်လူမျိုးက တစ်မျိုးပဲဖြစ်ပေမယ့် ကုတ်နံပါတ် 601 ဆိုတာကို နားလည်ထားဖို့အရေးကြီးတယ်၊ 501 လို့ရေးလိုက်ရင် လူမျိုးအမည် ဗမာဖြစ်သွားမယ်” ဟုပြောသည်။

    ယင်းထုတ်ပြန်ကြေငြာချက်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် တိုင်းရင်းသားခေါင်းဆောင်များ ထည့်သွင်းဖွဲ့စည်းရန်၊ ပြည်နယ် (သို့) တိုင်းဒေသကြီးတွင်း ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များထဲမှ ဝန်ကြီးချူပ်ရွေးချယ်ခန့်အပ်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ၂၀ဝ၈ အခြေခံဥပဒေ နောက်ဆက်တွဲ ဇယာ (၁-၂-၃-၅) တို့ကို ပြင်ဆင်ပြဌာန်းရန်၊ လွတ်တော်သက်တမ်းအလို တပ်မတော်သားကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပါဝင်နေမှုကို လျှော့ချသွားရန်၊ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူကို ပါတီတည်ထောင်ခွင့်၊ ရွေးချယ်ခွင့်၊ မဲပေးခွင့်ပြုခြင်းသည် နိုင်ငံတော်၏အချုပ်အကြာအာဏာကို ထိပါစေးခြင်း၊ တိုင်းရင်းသားစာပေးကို သည်ရိုးညွှန်းတန်ဖြစ် စနစ်တကျ ရေးဆွဲပြဌာန်ပြီး ကျောင်းချိန်အတွင်း သင်ကြားခွင်းပေးရန် နှင့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုး သတ်မှတ်သည့်အပေါ် တိုင်းရင်းသား လူမျိုးစုအကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်စေနိုင်သည့်အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများနှင့် ပြန်လည်ညှိနှိုင်းသုံးသပ်ရန်တို့ ပါဝင်သည်။

    ညီနောင်တိုင်းရင်းသားဖက်ဒရေးရှင်း(၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားလမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၊ ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ကချင် ဒီမိုကရက်တစ်ပါတီတို့ တက်ရောက်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts