spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်သုတေသန စာတမ်းဖတ်ပွဲတွင် အမေရိကန်သမိုင်းပညာရှင် Dr.Donald M.Stadtner ပါဝင်ဖတ်ကြား

    မွန်သုတေသန စာတမ်းဖတ်ပွဲတွင် အမေရိကန်သမိုင်းပညာရှင် Dr.Donald M.Stadtner ပါဝင်ဖတ်ကြား

    -

    (ပုံ - Kyi Zaw Lwin fb)
    (ပုံ – Kyi Zaw Lwin fb)
    ဂျူရီချိုင်း – မွန်သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရေးကော်မတီမှ ကြီးမှူး၍ “သမိုင်းအမွေအနှစ်ထဲက ခေတ်ဦး မွန်” မွန်သုတေသန စာတမ်းဖတ်ပွဲတွင် အမေရိကန်နိုင်ငံ တက္ကဆက် တက္ကသိုလ် (Texas University) မှ တွဲဖက်ပါမောက္ခ သမိုင်းပညာရှင် Dr.Donald M.Stadtner က ပါဝင် ဖတ်ကြားခဲ့ကြောင်း သိရသည်။

    အဆိုပါ စာတမ်းဖတ်ပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ (ဓါတုမာလာကျောင်းတိုက်အနောက်) ကုန်စည်ဒိုင်ခန်းမသစ်၊ ဈေးကြိုအဝေးပြေးကားဝင်း၌ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲပိုင်း ၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

    စာတမ်းဖတ်ပွဲသို့ တက်ရောက်ခဲ့သူ မွန်သမိုင်းပညာရှင် နိုင်မောင်တိုးက “စာတမ်းဖတ်ပွဲမှာ အဓိက ထူးခြားတာ အမေရိကန်က ပါမောက္ခပါတယ်၊ သူဟောပြောတဲ့အထဲမှာ တော်တော့်ကို ကောင်းတယ် မှန်လည်း မှန်တယ်၊ မွန်သမိုင်းနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ အတော်လေးကို လေ့လာထားပုံ ရတယ်၊ ကျနော့်အနေနဲ့ စာတမ်းဖတ်ပွဲက တစ်ရက်တည်းဆိုတော့ သိပ်ကို အားမရဘူး၊ အခမ်းအနားနေရာလည်း ကျဉ်းတယ်” ဟု ပြောသည်။

    စာတမ်းဖတ်ပွဲတွင် နိုင်ငံခြားသား တက္ကဆက်တက္ကသိုလ် သမိုင်းပညာရှင် ပါမောက္ခ Dr.Donald M.Stadtner ၊ သမိုင်းသုတေသီများဖြစ်သည့် ဖားအံတက္ကသိုလ်မှ ဒေါက်တာနန်းလှိုင်၊ မွန်ယဉ်ကျေးမှုအမွေအနှစ်ပထဝ႘ဌာနမှ ဒေါက်တာ ဒေါ်ကြင်စွမ်တို့ ပါဝင်သည်။

    တက္ကဆက်တက္ကသိုလ် သမိုင်းပညာရှင် Dr.Donald M.Stadtner က မွန်သမိုင်းအကြောင်းနှင့် ပတ်သက်ပြီး မွန်လူမျိုးသမိုင်းကြောင်း ဓမ္မစေတီလက်ထက်တွင် တိတိပပ စတင်မှတ်တမ်းခဲ့သည့်ပုံများကို ရှင်းပြခဲ့သည်။

    သမိုင်းသုတေသီများဖြစ်သည့် ဖားအံတက္ကသိုလ်မှ ဒေါက်တာနန်းလှိုင်က မွန်လူမျိုးနှင့် ပျူလူမျိုး ရှေ့ခေတ်ကတည်းက မည်သို့ရောနှောနေထိုင်ခဲ့ပုံများ၊ ပျူလူမျိုးနှင့် ပတ်သက်၍ ယခုခေတ်ကာလမှာ မွန်ပြည်နယ်အတွင်း မည်သည့် အထောက်အထားမှ မတွေ့မြင်ခဲ့ပုံံ၊ ပျူလူမျိုး ကွယ်ပျောက်ဆုံးသွားသည့်အခြေအနေနှင့် ရှေ့ခေတ် မွန်ကျောက်စာ အမျိုးမျိုး အကြောင်းကိုလည်း ရှင်းပြဟောပြောခဲ့သည်။

    ထို့အပြင် မွန်ယဉ်ကျေးမှုအမွေအနှစ် ပထဝီဌာနမှ ဒေါက်တာ ဒေါ်ကြင်စွမ်က သုဝဏ္ဏဘူမိမြို့ဟောင်း၏ ပထဝီအနေအထားအပေါ် အခြေခံ၍ သထုံမြို့ဟောင်း သမိုင်းပထဝီအကြောင်းများနှင့် ယခုလက်ရှိ သထုံမြို့သစ်က မြို့ဟောင်းကို မည်သို့ ဖုံးကွယ်သွားပုံများ ကိုရှင်းပြခဲ့သည်။

    ထိုစာတမ်းဖတ်ပွဲသို့ သမိုင်းသုတေသနပညာရှင်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ သမိုင်းဖော်ထုတ်သူများ၊ စာရေးဆရာများ စုစုပေါင်း လူဦးရေ (၁၀ဝ) ခန့် တက်ရောက်ခဲ့ကြသည်ဟု စာတမ်းဖတ်ပွဲသို့ တက်ရောက်ခဲ့သူ မော်လမြိုင်မြို့ မှ တက္ကသိုက်ကျောင်းသားတစ်ဦးက ပြောသည်။

    အခမ်းအနားတက်ရောက်သူများအနေနှင့်လည်း မွန်သမိုင်းနှင့် ပတ်သက်၍ အပြန်အလှန် အမေးအဖြေ ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ယခုအခါ ကျင်းပသည့် သုတေသနစာတမ်းဖတ်ပွဲကို မော်လမြိုင်မြို့၌ ဆဌမအကြိမ်မြောက် မွန်သုတေသနစာတမ်းဖတ်ပွဲဖြစ်ကြောင်းလည်း နိုင်မောင်တိုးက ပြောသည်။

    တက္ကဆက်တက္ကသိုလ် သမိုင်းပညာရှင် Dr.Donald M.Stadtner သည် ၂၀ဝ၇ ခုနှစ် ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်တွင် ကျင်းပသည့် နိုင်ငံတကာ မွန်သမိုင်းဆိုင်ရာ ဆွေးနွေးပွဲတွင်လည်း ရှေးခေတ်ဦးမွန်သမိုင်းကြောင်းကို ဖတ်ကြားစာတမ်း တင်သွင်းသူတဦးဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts