spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ချက်ကို ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ပြုလုပ်နေ

    ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ချက်ကို ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ပြုလုပ်နေ

    -

    ခတ္တာနန်း – ရန်ကုန်ရှေ့နေများအသင်းနှင့် မွန်ပြည်နယ်ရှေ့နေများအသင်းတို့ ပူးပေါင်း၍ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

    ဗြိတိန်နိုင်ငံ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဘင်ဟမ်းစင်တာ (Bingham Center) မှ ဦးဆောင်၍ ရန်ကုန်ရှေ့နေများအသင်းနှင့် နယ်ရှေ့နေများအသင်းတို့ ပူးပေါင်း၍ ယင်းအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီ ဒေသခံလူမှုအခြေပြုအဖွဲ့များ၊ စိတ်ဝင်စားသူလူထု ၁၀ဝ ကျော်ခန့်တက်ရောက်ကြသည်ဟု ဆိုသည်။

    အလုပ်ရုံဆွေးနွေးပွဲ (Ko Ko Zaw)
    အလုပ်ရုံဆွေးနွေးပွဲ (Ko Ko Zaw)
    ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ဦးကိုကိုဇော်က “ အခြေခံဥပဒေတစ်ခုလုံးကို ဆွေးနွေးဖို့ အချိန်က မလောက်ဘူးလေ၊ ဒါကြောင့် ဆွေးနွေးတဲ့နေရာမှာ ခေါင်းစဉ် ၅ ခုခွဲပြီးတော့ ဆွေးနွေးတယ်၊ ထွက်လာတဲ့ ရလဒ်တွေကို လွှတ်တော်သို့ တင်သွင်းသွားမယ်” ဟု ပြောသည်။

    အဓိကအချက်များမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ နှင့် အသွင်းကူပြောင်းရေးဆိုင်ရာ ပြဌာန်ချက်များကို ဦးစားပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရာမညငြိမ်းချမ်းရေးဖောင်ဒေးရှင်းဥက္ကဌ မင်းအောင်ဇေက “ဒီအခြေခံဥပဒေမှာ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းထောက်ခံမှ ဖွဲ့စည်းပုံ ပြင်ဆင်လို့ရမယ်ဆိုတာကို အရင်ဆုံးပြင်ရပါမယ်၊ စစ်တပ်က နေရာယူထါးတာကိုလည်း ပြင်ရမယ်” ဟု ပြောသည်။

    ဦးဆောင်ဆွေးနွေးကြသည့် ရှေ့နေအဖွဲ့များနှင့် တက်ရောက်သူများ၏ ဆန္ဒသဘောထားများတူညီကြကြောင်း၊ အခြေခံဥပဒေကို အသစ်ရေးဆွဲချင်သော်လည်း မဖြစ်နိုင်သည့် အနေအထားကြောင့် ပြင်ဆင်ရေးကိုသာ ဦးစားပေး လုပ်ဆောင်လိုသည့် ဆန္ဒများလည်း ထပ်တူရှိနေကြောင်း မင်းအောင်ဇေက ဆက်ပြောသည်။

    မင်းအောင်ဇေက “ အသစ်ရေးရင် စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်နေတယ် ပြောနေတော့ အာဏာသိမ်းမယ့် အန္တရာယ်ကိုလည်း စိုးရိမ်နေရတယ်” ဟု ဆက်ပြောသည်။

    အလားတူ ယင်းရန်ကုန်ရှေ့နေများအသင်းသည် နိုဝင်ဘာ ၅ ရက်နေ့၌ ကရင်ပြည်နယ်၊ ဖားအံမြို့၊ဇွဲကပင်ဟိုတယ်တွင်၄င်း၊ ၆ ရက်နေ့၌ ပဲခူးမြို့၊ ရွေဝါထွန်းဟိုတယ်တွင်၄င်း ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်များကို နယ်မြေခံရှေ့နေများနှင့် ကျင်းပခဲ့သည်ဟု သိရသည်။

    ထို့နောက် နိုဝင်ဘာ ၇ ရက်နေ့တွင် နေပြည်တော်၊ ၈ ရက်နေ့တွင် မန္တလေး၊ ၁၀ ရက်နေ့တွင် တောင်ကြီးမြို့၊ ၁၁ ရက်နေ့တွင် မိတ္ထိလာမြို့နှင့် ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆက်လက် လုပ်ဆောင်သွားမည်ဟု လက်ကမ်းစာများ ဖြန့်ဝေထားသည်။

    ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်သူ ဆန္ဒသဘောထားကောက်ယူမှုများကို မွန်ပြည်နယ်အတွင်း၌ နိုဝင်ဘာ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

    အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို လာမည့်ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်သွင်းရမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts