မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ထိုင်း-မြန်မာနယ်စပ်ဂိတ် ၄ ခုတွင် ပတ်စပို့ဖြင့်ဝင်ထွက်သွားလာနိုင်ပြီ

ထိုင်း-မြန်မာနယ်စပ်ဂိတ် ၄ ခုတွင် ပတ်စပို့ဖြင့်ဝင်ထွက်သွားလာနိုင်ပြီ

ရေးသားသူ: >

မင်းလုံး – အပြည်ပြည်ဆိုင်ရာအဆင့် ထိုင်း-မြန်မာ ဝင်ထွက်ပေါက် ၄ ခုတွင် နိုင်ငံကူးလက်မှတ်ပတ်စပို့နှင့်ပြည်ဝင်ခွင့်ဗီဇာပါရှိသူများ ဝင်ရောက်သွားလာနိုင်ရန် ဂိတ် ၄ ခုကို ယမန်နေ့က ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

မဲဆောက်လဝကဂိတ်(internet)
မဲဆောက်လဝကဂိတ်(internet)
မြဝတီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-နမ့်ဖုရော်စသည့် နယ်စပ်ဂိတ် ၄ ခုကို အပြည်ပြည်ဆိုင်ရာအဆင့် ဝင်ပေါက်ထွက်ပေါက်အဖြစ် နှစ်နိုင်ငံသဘောတူညီချက်အရ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်ရှိ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် ဖွင့်လှစ်ပွဲအခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဋ္ဌေးအောင် တို့က တက်ရောက်မိန့်ခွန်း ပြောခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ဦးခင်ရီက “အခုလိုအပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်အဖြစ်ဖွင့်လှစ်နိုင်ခဲ့ခြင်းဟာ ကရင် ပြည်နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူများအတွက်ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှု အလုပ်အကိုင်ဖန်တီးပေး နိုင်မှုစတဲ့အခွင့်အလမ်းကောင်းများကိုလည်း ပိုမိုဖေါ်ဆောင်နိုင်ဖို့ဖြစ်တယ်” ဟု ပြောသည်။

ယမန်နေ့ကဖွင့်လှစ်ထားသော မြဝတီဂိတ်တွင် ပတ်စ်ပို့ကိုင်ဆောင်ထားသူ ခရီးသည်များ စတင်သွား လာနေကြကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။
သူက ” ဒီနေ့ နိုင်ငံခြားခရီးသွား ၄ ယောက် အဲဒီဂိတ်ကနေပဲဖြတ်သွားတယ်၊ ထိုင်းဘက်ကိုနှစ်ယောက် ၂ ယောက်ထွက်သွားပြီး မြန်မာနိုင်ငံထဲကို ၂ ယောက်ဝင်လာတယ် ဒီဂိတ်ကြီးဖြစ်သွားတာကလဲ နိုင်ငံခြားခရီးသွားတွေအတွက်အများကြီးအဆင်ပြေပါတယ်” ပြောသည်။

အလားတူ မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာရရှိထားသည့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များနယ်စပ်ဂိတ်မှတဆင့် ဝင်ထွက်သွားလာနိုင်ရန် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်-မယ်ဆိုင် ဂိတ်ဖွင့်လှစ်ပွဲအခမ်းအနားကို ထိုင်းမြန်မာချစ်ကြည်ရေးတံတားဖြစ်သည့် အမှတ် ၁ တံတားပေါ်တွင် ယမန်နေ့နံနက်က ပြုလုပ်ခဲ့သည်။

ယင်းဂိတ်မှ ဝင်ရောက်လာသောနိုင်ငံခြားသားများအနေနှင့် ယခင်က သွားလာခွင့်မပြုသည့် မိုင်းပြင်း၊ ပုံပါကျင်၊ မိုင်းယောင်၊ မိုင်းတုံ၊ မိုင်းခုတ်၊ မိုင်းပေါက်၊ မိုင်းဆတ်၊ မုန်းထော၊ မုန်းထ၊ မိုင်းယု၊ မိုင်းယန်း စသည့် ရှမ်းပြည်အရှေ့ပိုင်း မြို့နယ်များကို လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိသည်ဟု သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: