မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / တစ်နှစ်တန် ၁.၈ သန်း ထုတ်မည့်ဘိလပ်မြေစက်ရုံ မွန်ပြည်နယ်တွင် တည်ဆောက်မည်

တစ်နှစ်တန် ၁.၈ သန်း ထုတ်မည့်ဘိလပ်မြေစက်ရုံ မွန်ပြည်နယ်တွင် တည်ဆောက်မည်

ရေးသားသူ: > >

ခတ္တာနန်း – ထိုင်းနိုင်ငံတွင် အကြီးဆုံးဘိလပ်မြေထုတ်လုပ်သည့် Siam Cement Group (SCG) သည် တစ်နှစ်လျှင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်မည့် စက်ရုံကြီးကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း SCG က ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

28-SCGလွန်ခဲ့သည့်နှစ်တွင် SCG မှ မြန်မာနိုင်ငံသို့ ဘိလပ်မြေ တန် ၁သန်း ၇ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဘိလပ်မြေဝယ်လိုအားသည် လာမည့်ငါးနှစ်အတွင်း တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်းနှင့် အရှေ့တောင်အာရှနိုင်ငံများမှလည်း ဘိလပ်မြေဝယ်လိုအား မြင့်တက်နေမှုကြောင့် အမေရိကန်ဒေါ်လာသန်း ၄၀ဝ ခန့် အကုန်ကျခံ တည်ဆောက်သွားမည် ဖြစ်ကြောင်း SCG ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

“စက်ရုံ တည်နေရာက ကျိုက်မရော ဆိုတော့ အတွင်းကျတယ်၊ သူတို့လိုအပ်တဲ့ပစ္စည်းတွေ သူတို့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်တွေကို အပြင်ထုတ်ဖို့က အထ္ထရံမြစ်ကြောင်းကို သုံးရမှာ၊ သူတို့စက်ရုံနဲ့ အနီးဆုံးနေရာမှာ ဆိပ်ကမ်းငယ်လေးတစ်ခုတော့ ဆောက်ရမယ်၊ သူတို့လုပ်ငန်းတွေကတော့ ပြည်နယ်အစိုးရနဲ့ ဆက်သွယ်တာတော့ရှိတယ်၊ ဒါပေမဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုက ပြည်ထောင်စုကနေ ချတာ”ဟု မွန်ပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဘီဘီစီမြန်မာပိုင်းကို ပြောသည်။

ယင်းဘိလပ်မြေစက်ရုံသည် လာမည့် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် စက်ရုံစတင်လည်ပတ်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် SCB ၏ ရင်းနှီးမြှပ်နှံမှုပထမခြေလှမ်းဖြစ်ကြောင်း သိရသည်။

ကျိုက်မရေဒေသတဝိုက် ဘိလပ်မြေ စက်ရုံတည်ဆောက်ရေးစီမံကိန်းများ ရပ်ဆိုင်းရေးအတွက် ပျားတောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက် အဖွဲ့က လွန်ခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ ကန့်ကွက်စာပေးပို့ထားသည်။

ယင်းဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ရန် ဒေသခံပြည်သူများ၏ လယ်မြေ၊ ခြံမြေများနှင့် လယ်မြေများကို ခြိမ်းခြောက် အဓ္ဓမဝယ်ယူထားကြောင်း၊ ထိုနစ်နာဆုံးရှုံးမှုများအတွက် လျှော်ကြေးမရရှိကြောင်း ယင်းပျားတောင်ကွန်ယက်လှုပ်ရှားသူများက ပြောသည်။

About မွန်သတင်းအေဂျင်စီ

Check Also

တာဝန်ရပ်လိုက်သည့်ရေးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးနေရာ အသစ်ပြန်ရွေးမည်

ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် တာဝန်မှရပ်စဲလိုက်သည့် ရေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦး နေရာတွင် အုပ်ချုပ်ရေးမှူးအသစ်ကို တစ်လအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ရေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးမှ သိရသည်။ …

Leave a Reply

%d bloggers like this: