မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်(ခွဲထွက်)ခေါင်းဆောင်နေအိမ်မှ ဖယ်ပေးရန် မြို့နယ်တရားရုံး အမိန့်စာဖတ်

မွန်(ခွဲထွက်)ခေါင်းဆောင်နေအိမ်မှ ဖယ်ပေးရန် မြို့နယ်တရားရုံး အမိန့်စာဖတ်

ရေးသားသူ:

အေမီအောင် – မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရှိ မွန်(ခွဲထွက်)အဖွဲ့ခေါင်းဆောင် နိုင်စိုက်ချမ်း၏ မိသားစုဝင်မောင်နှမများအား လက်ရှိနေအိမ်မှဖယ်ရှားပေးရန် မြို့နယ်တရားရုံးက အမိန့်ထပ်မံထုတ်ပြန်ခဲ့သည်။

အမိန့်စာလာဖတ်သောမော်လမြိုင်မြို့နယ်တရားရုံးအရာရှိ(Facebook)
အမိန့်စာလာဖတ်သောမော်လမြိုင်မြို့နယ်တရားရုံးအရာရှိ(Facebook)
အိမ်အမှတ် (၅၀)၊ ငန်းတေးလမ်း(ဖက်ခင်း)၊ ဈေးကြိုရပ်ကွက်ရှိ နိုင်စိုက်ချမ်းနေအိမ်သို့ မော်လမြိုင်မြို့နယ်တရားရုံးအရာရှိတစ်ဦးဖြစ်သူ ဦးဝင်းမြင့်က သြဂုတ်လ ၁၄ ရက်နေ့ခင်းပိုင်းတွင် တရားရုံး၏အမိန့်ဒီကရီလာရောက် ဖတ်ရှုခဲ့ခြင်း ဖြစ်သည်။

ယင်းနေအိမ်တွင်နေထိုင်လျှက်ရှိသော နိုင်စိုက်ချမ်း၏ယောက်ဖတော်သူ ကိုရွှေအောင်က “ဒီအိမ်ကနေဆင်းပေးဖို့ ဘယ်တော့မှ အစီအစဉ်မရှိဘူး၊ မဆင်းဘူးလို့လည်း ဆုံးဖြတ်ချက် သံန္ဓိဌာန်ချထားပီးသား”ဟုပြောသည်။

၄ နှစ်ကြာဖြစ်ပွားနေခဲ့သော အဆိုပါနေအိမ်အငြင်းပွားမှုကိစ္စအား မြို့နယ်တရားရုံးမှ ဖယ်ရှားပေးရန်အမိန့်ထုတ်ပြန်ခဲ့သည်မှာ အကြိမ် ၂၀ ခန့်ရှိပြီဟု ကိုရွှေအောင်က ဆက်ပြောသည်။

အလားတူ ၂၀၁၂ ခုနှစ် ဧပြီလတွင်လည်း အထက်ပါမော်လမြိုင်တရားရုံးအရာရှိက ရဲတပ်ဖွဲ့အင်အား ၅၀ ခန့်နှင့်အတူ နေထိုင်သူများအား နှင်ထုတ်ဖယ်ရှားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

နိုင်စိုက်ချမ်းက “ဘဏ်မှာအပေါင်ဆုံးထားတဲ့အိမ်ကို ကျနော်ရွေးပြီးဝယ်ခဲ့တာ၊ တရားရုံးမှာ စာချုပ်တရားဝင်ချုပ်ထားတာရှိတယ်၊ လက်ရှိအိမ်မြေခြံဂရမ်တွေ ကျနော့်လက်ထဲမှာ၊ ဒီလိုဝရမ်းလာကပ်တာ၊ လာနှင်ထုတ်နေတာ ကျနော်တို့စိတ်အနှောက်ယှက်ဖြစ်နေရတယ်”ဟု ပြောသည်။

ယင်းကိစ္စအားလွှတ်တော်သို့တင်ပြနိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးလမ်းကြောင်းမှ ရပ်တည်ကူညီသွားရန် ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေအား နိုင်စိုက်ချမ်းက အကူအညီတောင်းခံခဲ့သည်ဟု သိရသည်။

မဆလခေတ်၊ ဒေသပါတီယူနစ်အဖွဲ့ဝင် ဦးသိန်းအောင်တင်(ကွယ်လွန်)ပိုင်ဆိုင်သည့်နေအိမ်ကို ၎င်း၏သားသမီးများထံမှ ဝယ်ယူခဲ့ပြီးနောက် အဆိုပါနေအိမ်ကို အပ္ပရောင်း (ခေါ်) မောင်အေးကလည်း ဦးသိန်းအောင်တင် မကွယ်လွန်မီ ဝယ်ယူခဲ့သည်ဟုဆိုကာ အမှုရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မြို့ဝင်ကြေးကောက်ခံခြင်း ဖျက်သိမ်းပေးရန်တောင်းဆိုမှုရှိ

မွန်ပြည်နယ်အတွင်း (၁၀) မြို့နယ်စလုံးတွင် ဒေသဖွံ့ဖြိုးရေးဆိုသည့် မော်တော်ယာဉ်များအပေါ် မြို့ဝင်ကြေးကောက်ခံနေခြင်းသည် စားဝတ်နေရေး မပြေလည်သည့် ပြည်သူလူထု၏ စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသည်။ Related

Leave a Reply

%d bloggers like this: