spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမီဒီယာဥပဒေကြမ်းပြင်ဆင်ရန်အတွက် မွန်ပြည်နယ်တွင်ဆန္ဒလက်မှတ်စတင်ကောက်ယူ

    မီဒီယာဥပဒေကြမ်းပြင်ဆင်ရန်အတွက် မွန်ပြည်နယ်တွင်ဆန္ဒလက်မှတ်စတင်ကောက်ယူ

    -

    ခတ္တာနန်း – မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲထားသည့် မီဒီယာဥပဒေကြမ်းအား ပြန်လည်ပြင်ဆင်ပေးရန် ယနေ့မှစ၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆန္ဒလက်မှတ်များ စတင်ကောက်ယူလျှက်ရှိကြောင်း မြန်မာနိုင်ငံတောင်ပိုင်း မီဒီယာကွန်ယက်မှ ကိုကြည်ဇော်လွင်က ပြောသည်။

    သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေး စတစ်ကာကပ်လှုပ်ရှားမှု( Photo - Eaint Khaine)
    သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေး စတစ်ကာကပ်လှုပ်ရှားမှု( Photo – Eaint Khaine)
    ကိုကြည်ဇော်လွင်က “ ကျနော်တို့ လွတ်လပ်သော သတင်းမီဒီယာဥပဒေ ပေါ်ထွန်းရေး နဲ့ပတ်သက်ပြီး ပြည်သူဆန္ဒ လက်မှတ် ကောက်ယူဖို့အတွက် စတင်လှုပ်ရှားနေပါတယ်” ဟု ပြောသည်။

    ဆန္ဒလက်မှတ်ကောက်ခံရာတွင် မြန်မာနိုင်ငံတောင်ပိုင်း မီဒီယာကွန်ယက်အဖွဲ့ဝင် ၂၅ ဦးတို့သည် တူညီဝတ်စုံများဖြင့် ယနေ့ မနက် ၉ နာရီခွဲခန့်တွင် မော်လမြိုင်တက္ကသိုလ်တဝိုက် စတစ်ကာများ ကပ်ခြင်း၊ မီဒီယာလွတ်လပ်ခွင့်အကြောင်းများကို ရှင်းလင်းခြင်းနှင့် ဆန္ဒလက်မှတ်များ ကောက်ခံခြင်းတို့ လုပ်ဆောင်ကြကြောင်း သိရသည်။

    ကိုကြည်ဇော်လွင်က “ ပြည်သူတွေကတော့ ရှင်းပါတယ် ဒီဥပဒေအကြောင်းကို သူတို့မသိဘူးတဲ့၊ ဒါပေမဲ့ လွတ်လပ်မှုရှိမယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီး လက်မှတ်ရေးထိုးပေးပါတယ်” ဟု ပြောသည်။

    ဆန္ဒလက်မှတ်ကောက်ယူမှုတွင် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်များကွန်ရက်၊ မြန်မာနိုင်ငံသတင်းစား ဆရာများအသင်း (မွန်ပြည်နယ်)နှင့် မွန်ပြည်နယ် မီဒီယာအဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

    မြန်မာဂျာနယ်လစ် ကွန်ယက်၏ “လူထူသတင်းမှန်ရရှိရေး- မီဒီယာဥပဒေလွတ်လပ်ခွင့်ပေး” ဟူသော ခေါင်းစဉ်ဖြစ် တနိုင်ငံလုံး အတိုင်းအတာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    လွှတ်တော်သို့ ဆက်လက်တင်သွင်းရန် ပြင်ဆင်လျှက်ရှိသည့် မီဒီယာဥပဒေကြမ်း အတည်ပြုနိုင်ရန်နှင့် ပုံနှိပ်/ ထုတ်ဝေ ဥပဒေမူကြမ်းအား ပြန်လည်ပြင်ဆင်ပေးရန်အတွက် ပြည်သူများထံမှ ဆန္ဒလက်မှတ် ကောက်ယူသွားမည် ဖြစ်ကြောင်းကို လွန်ခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကြေညာချက် တရပ် ထုတ်ပြန်ထားသည်။

    ၎င်းကြေညာချက်တွင်း စာနယ်ဇင်းကောင်စီမှ ရေးဆွဲထားသည့် သတင်မီဒီယာဥပဒေကြမ်းပါ အချက် ၁၇ ချက်အား ပြန်လည်ပြင်ဆင်ရန်နှင့် သတင်းစာဆရာများ ကန့်ကွက်နေသည့် ပုဒ်မများ ပါဝင်နေသည့် ပုံနှိပ်/ထုတ်ဝေ ဥပဒေကြမ်းအား ဇူလိုင်လ ၄ ရက်နေ့တွင် အောက်လွှတ်တော်မှ အတည်ပြုလိုက်သည့်အတွက် သတင်းလွတ်လပ်ခွင်အတွက် နောက်ပြန်ဆွဲနေသည့် အချက်များ ပါဝင်သည်။

    နိုင်ငံတကာ မြန်မာ့သတင်း (Burma News International – BNI) မှလည်း အောက်လွှတ်တော်မှ အတည်ပြုလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား ကန့်ကွက်သည့် ကြေညာချက်တစ်စောင်ကို ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts