မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်ပြည်နယ်လူမှုအဖွဲ့အစည်းကွန်ရက် ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်လူမှုအဖွဲ့အစည်းကွန်ရက် ဆွေးနွေးပွဲပြုလုပ်

ရေးသားသူ:

မင်းလုံး – ဂရုဏာနာစွမ်းရည်အဖွဲ့ကဦးစီး၍ မွန်ပြည်နယ်လူမှုအဖွဲ့အစည်းကွန်ယက် တရားဝင်မှတ်ပုံတင်နိုင်ရန် ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

This slideshow requires JavaScript.

ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ကိုကြည်ဇော်လွင်က “ လွှတ်တော်မှာဆွေးနွေးနေကြတဲ့ အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေဆိုတာရှိတယ်လေ၊ အသင်းအဖွဲ့တစ်ခုကိုဖွဲ့ရင် အသင်းအဖွဲ့ဆိုင်ရာဥပဒေအရ မှတ်ပုံတင်ရမယ်၊ မှတ်ပုံတင်ခ ၅ သိန်းပေးသွင်းရမယ်၊ တကယ်လို့မှတ်ပုံမတင်ထားဘူးဆိုရင် အသင်းအဖွဲ့တစ်ခုလုံးကို ဖျက်သိမ်းနိုင်သည်အထိ အစိုးရဘက်က အရေးယူနိုင်တဲ့အနေထားရှိတယ်” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲသည် ပထမအဆင့်ဖြစ်ပြီး မွန်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများစာရင်းကောက်ခံ၍ ကွန်ယက်ဖြစ်မြောက်ရေးအတွက် ယာယီကော်မတီ ၁၂ ဦးဖြင့် ဖွဲ့စည်းထားသည်ဟုလည်း ကိုကြည်ဇော်လွင်က ဆက်ပြောသည်။

ယင်းယာယီကော်မတီသည် လာမည့်စက်တင်ဘာလ ၁ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး မွန်ပြည်နယ်လူမှုအဖွဲ့အစည်းညီလာခံကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ Myanmar Peace Center (MPC) မှ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ကိုအောင်နိုင်ဦးနှင့် ကိုညိုအုန်းမြင့်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဦးလှမောင်ရွှေက “အရပ်ဖက်လူ့အဖွဲ့အစည်းတွေကနေပြီတော့ ဒီလိုအလုပ်ရုံဆွေးနွေးပွဲတွေလုပ်လာ တယ်၊ အပြန်အလှန်ဆွေးနွေးမှုတွေလုပ်လာကြတယ်၊ အခုဆိုရင်အရင်ကထက်ပိုပြီး စိတ်ဝင်တစားရှိ လာတာကိုတွေ့ရတယ်” ဟု ပြောသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၄ ရက်နေ့တွင် မော်လမြိုင်မြို့ Strand Hotel ၌ပြုလုပ်ကျင်းပခဲ့ ပြီး ဂရုဏာစွမ်းရည်အဖွဲ့၊ မွန်ပြည်နယ်ရှိ လူမှုအခြေပြုအဖွဲ့အစည်းများ၊ National Enlightenment Institute -NEI သင်တန်းကျောင်းအဖွဲ့ဝင်မျာ စုစုပေါင်း လူဦးရေ ၁၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်လူမှုအဖွဲ့အစည်းကွန်ယက် တရားဝင်ဖြစ်မြောက်ရေးအတွက် ပထမခြေလှမ်းတစ်ရပ် ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: