spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းအစိုးရစစ်ကြောင်း မွန်ပြည်သစ်ပါတီအလံကိုမီးရှို့၊ အဖွဲ့ဝင် ၃ ဦးကိုဖမ်းဆီးထား

    အစိုးရစစ်ကြောင်း မွန်ပြည်သစ်ပါတီအလံကိုမီးရှို့၊ အဖွဲ့ဝင် ၃ ဦးကိုဖမ်းဆီးထား

    -

    မင်းသုတ – မြန်မာအစိုးရလှုပ်ရှားစစ်ကြောင်းတစ်ကြောင်းသည် အလံတိုင်ခုတ်လှဲ၍ မွန်ပြည်သစ်အလံကိုမီးရှိခဲ့သည့်အပြင် တပ်ဖွဲ့ဝင်နှင့်ဇနီးသည်တို့အား ယခုသီတင်းပတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသရှိမွန်ပြည်သစ်ပါတီတပ်မှူး ဗိုလ်ကြီးတမော့ချမ်းက ပြောသည်။

    တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်ချိဒေသရှိ မွန်ပြည်သစ်ပါတီ မိသားစုဝင်များနေထိုင်ရာ သုမင်္ဂလံရွာသစ်၌ ပြီးခဲ့သည့် ဇူလိုင်လ ၉ နေ့တွင် အစိုးရစစ်ကြောင်းရွာထဲဝင်ရောက်စဉ် ယင်းကဲ့သို့ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    ဗိုလ်ကြီးတမော့ချမ်းက “ အိမ်ထောင်ကျခါစရဲဘော်တစ်ယောက် သူ့ဇနီးအိမ်ပြန်ပို့ရင်း လင်ရောမယားပါ အစိုးရစစ်ကြောင်း ဖမ်းဆီးခေါ်သွားတယ်၊ နောက်ရဲဘော်တစ်ယောက်လည်း အမဲထောင်ချောက်လိုက်ရင်းနဲ့ အဲဒီစစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံသွားရပြန်တယ်” ဟု ပြောသည်။

    ပြီးခဲ့သည့်ဇူလိုင်လ ၉ ရက်နေ့တွင် ခွင့်ပြန်ရဲဘော် မွန်ပြည်သစ်ပါတီရဲဘော် နိုင်ကရက်မွန်(အသက် ၂၉-နှစ်) နှင့် သူ၏ဇနီးသည်တစ်ဦး၊ ဇူလိုင်လ ၁၆ ရက်နေ့၌ အမဲထောင်ချောက်လိုက်သူ ရဲဘော် နိုင်ဝင်းသောင်(အသက် ၃၅-နှစ်) တို့ ၃ ဦး ဖမ်းဆီးခံနေရဆဲဖြစ်ပြီး မည်သည့်နေရာသို့ရောက်ရှိနေသည်ကိုလည်း သတင်းမကြားသိရဟု ဆိုသည်။

    ယင်းဒေသတွင်နေထိုင်သူ နိုင်လဂွန်းအိန်က “အစိုးရတပ်တွေ သုမင်္ဂလံရွာသစ်ကိုရောက်လာပြီးတော့ မွန်ပြည်သစ်အလံတိုင်ကို ဒါးနဲ့ခုတ်ပိုင်းပြီး အလံကိုမီးရှိထားတဲ့ဓါတ်ပုံတွေ ကျနော်တို့လက်ခံရရှိထားတယ်” ဟု ပြောသည်။

    ထို့အပြင် အစိုးရတပ်ဖွဲ့ဝင်များသည် ရွာသားများစိုက်ပျိုးထားသော ပြောင်းဖူးပင်အများအပြားကိုလည်း ခွင့်မတောင်းပဲချိုးယူစားသုံးဖျက်ဆီးခဲ့သည်ဟုလည်း နိုင်လဂွန်းအိန်က ဆက်ပြောသည်။

    ဇူလိုင်လ ၉ ရက်နေ့တွင် အင်အား ၃၀ ခန့်ရှိ မြန်မာအစိုးရတပ် ခမရ ၅၉၇ စစ်ကြောင်းတစ်ကြောင်းသည် ထိုင်းနယ်စပ်မှ ၁၀ မိုင်ခန့်ဝေးကွာသော သုမင်္ဂလံရွာသစ်သို့ ရောက်ရှိအခြေပြုခဲ့ကြောင်း ထိုင်းနယ်ခြား လုံခြုံရေးအရာရှိတစ်ဦးထံမှ သိရသည်။

    ထို့နောက် ယင်းစစ်ကြောင်းသည် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်တွင် ထိုင်းနယ်စပ်မှ ၃ မိုင်ခန့်ဝေးကွာသော သုမင်္ဂလံရွာရှိ မွန်ပြည်သစ်ပါတီကင်းစခန်းတစ်ခုအား ဝင်ရောက်ပစ်ခတ်သဖြင့် မွန်ပြည်သစ်ပါတီရဲဘော် ၂ ကျဆုံးသည့်အပြင် သေနတ် ၂ လက်နှင့်ခဲယမ်းပစ္စည်းများကိုပါ သိမ်းဆည်းခဲ့သည်။

    ယင်းတိုက်ပွဲတွင် မွန်ပြည်သစ်ပါတီဝင်ရဲဘော် နိုင်ရှိန်(အသက် ၄၀)၊ မင်းချမ်းမွန်(အသက် ၂၀)နှင့် အစိုးရတပ်ဖွဲ့မှ တပ်ကြပ်ကြီးစိုးနိုင် သေနတ်ထိမှန်သေဆုံးခဲ့သည်ဟုလည်း စုံစမ်းသိရှိရသည်။

    အစိုးရစစ်ကြောင်းများဖြစ်ကြသည့် ခလရ ၂၂၄၊ ခလရ ၂၈၈၊ ခမရ ၅၈၁ ၊ ခမရ ၅၉၇ တပ်ခွဲစစ်ကြောင်းများသည် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များနေထိုင်ရာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် အရှေ့ဘက်ရှိ သုမင်္ဂလံရွာနှင့် အနီးတဝိုက်တွင် ယနေ့နံနက်စောစောပိုင်းတွင် ဝင်ရောက် နေရာယူထားသဖြင့် ဒေသခံများအားလုံး ထွက်ပြေးနေကြောင်း နယ်မြေခံများပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts