spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းUNFC နှင့် အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံကြဆွေးနွေးကြမည်

    UNFC နှင့် အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံကြဆွေးနွေးကြမည်

    -

    ခတ္တာနန်း – ပြည်တောင်စုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၏ နည်းပညာ အထောက်အကူပြု အဖွဲ့ (Techical Team) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နည်းပညာ အထောက်အကူပြု အဖွဲ့တို့ ယခုလ ၁၃ ရက်နေ့တွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် အကြိုတွေ့ဆုံဆွေးနွေးရန်ရှိကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    UNFC ၏ထုတ်ပြန်ချက် (UNFC)
    UNFC ၏ထုတ်ပြန်ချက် (UNFC)
    နိုင်ဟံသာက “ အဓိက ဒီမှာဆွေးနွေးဖြစ်မှာကတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာရော နိုင်ငံရေးဆွေးနွေးတဲ့အခါမှာပါ ငြိမ်းချမ်းရေးဆွေးနွေမှုလမ်းပြမြေပုံကို နှစ်ဖက်နားလည်သဘောတူကြဖို့ အတွက်ကို ဆွေးနွေးသွားမှာပါ၊ အရေးကြီးတာက အမြင်မတူကြဘူးဆိုရင် ရေရှည်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟူ ပြောသည်။

    နိုင်ငံရေးဆိုင်ရာ နှစ်ဖက်ညှိနှိုင်းဆွေးနွေးပွဲအတွင်း ပြည်တွင်းပြည်ပမှ စောင့်ကြည့်လေ့လာသူများ၊ ကြားဝင်ပုဂ္ဂိုလ်များနှင့်၊ ဆွေးနွေးပွဲလုပ်မည့် အစီအစဉ်များကို ယခုအကြိုဆွေးနွေးပွဲတွင် ထည့်သွင်းညှိနှိုင်းသွားမည်ဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

    ယင်းအကြိုဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာမူ (၈)ချက် နှင့် UNFC ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် ( ၆ ) ချက် တို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

    နိုင်ဟံသာက “ ကျနော်တို့အနေနဲ့ လက်နက်စွန့်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်စွန့်ပြီး သာမန်ပြည်သူလူထုတွေလို နေစေချင်တယ်၊ ကျနော်တို့က သူတို့ချမှတ်တဲ့စည်းမျဉ်းဥပဒေတွေကို လက်မခံနိုင်တဲ့အတွက် အခုလို တော်လှန်နေရတာပါ၊ ဒါကြောင့် နှစ်ဖက်နားလည်မှုရဖို့အတွက် နည်းလမ်းရှာသွားကြမှာပါ” ဟု ပြောသည်။

    ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာမူဘောင်များထဲမှ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရန်ကိစ္စနှင့် ပတ်သက်၍ မိမိတို့ UNFC အနေနှင့် လက်မခံနိုင်ကြောင်း၊ လွှတ်တော်ပြင်ပ၌သာ ပြဿနာကို ဖြေရှင်းလိုကြောင်း၊ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရန်အတွက်လည်း လုပ်ဆောင်မည်မဟုတ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

    မြန်မာစာနယ်ဇင်သမဂ္ဂ ဒု-ဥက္ကဌ ဦးဇင်လင်းက “ ပြည်ထောင်စုအစိုးရရဲ့ ငြိမ်းချမ်းရေးဆိုင်ရာမူ နဲ့ UNFC ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလမ်းပြမြေပုံက အချက်တွေဟာ အရမ်းကို ကွာဟချက်တွေများနေတယ်၊ ဒါကို ညှိဖို့ ဆိုတာ အချိန်အတော်လေးကို ယူရပါမယ်” ဟု ပြောသည်။

    ပြည်ထောင်စုအစိုးရ၏မူဘောင်များအနက် လက်နက်စွန့်လွှတ်၍ ပါတီထူထောင်ရေးကိစ္စ၊ ရွေးကောက်ပွဲဝင်ရေးကိစ္စ၊ ဖွဲ့စည်းပုံကိုလွှတ်တော်အတွင်းပြင်ဆင်ရေးကိစ္စများ ပါဝင်ပြီး၊ UNFC ၏ လမ်းပြမြေပုံတွင် တိုင်းရင်းသားအားလုံးပါဝင်၍ လူမှုအခြေပြု CBO အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များနှင့် လူငယ်အဖွဲ့များအားလုံး ပါဝင်သည့် ညီလာခံတရပ်လုပ်ဆောင်ရန်နှင့်၊ လွှတ်တော်ပြင်ပတွင်သာ အခြေခံဥပဒေဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးများပါဝင်ကြောင်းဖြစ်သည့်အတွက် ယင်းလမ်းပြမြေပုံ ၂ ခုအတွက် သဘောတူညီမှုရရှိရန် ခက်ခဲကြောင်း ဦဇင်လင်းက သုံးသပ်သည်။

    ယခုအကြိုတွေ့ဆုံမှုတွင် UNFC ၏ နည်းပညာအထောက်အကူပြူအဖွဲ့ကို ဗဒိုမန်းမန်းမှ ဦးဆောင်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ၏ နည်းပညာအထောက်အကူအပြုအဖွဲ့အား ဦးလှမောင်ရွှေမှ ဦးဆောင်ပြီး အဖွဲ့တစ်ဖွဲ့တွင် ခြောက်ဦးခန့် ပါဝင်မည်ဖြစ်ပြီး ယခုလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံတစ်နေရာ၌ တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts