မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားလူဦးရေ စာရင်းကောက်ခံရန် ပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားလူဦးရေ စာရင်းကောက်ခံရန် ပြင်ဆင်

ရေးသားသူ:

မင်းလုံး – ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူဦးရေစာရင်း အတိအကျရရှိနိုင်ရန် လာမည့် သြဂုတ်လ ဒုတိယအပတ်မှစ၍ မွန်လူဦးရေစာရင်းမှန် ရရှိရေးကော်မတီမှ စတင်ကောက်ခံရန် ပြင်ဆင်နေကြသည်ဟု သိရသည်။

လူမြိုမှ လူမျိုးပျောက်မည်ကာတွန်း(internet)
လူမြိုမှ လူမျိုးပျောက်မည်ကာတွန်း(internet)
ယင်းကော်မတီကို အလုပ်အမှုဆောင်ကော်မတီ ၁၁ ဦးဖြင့်ဖွဲ့စည်းထားကာ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ၌ ဖွင့်လှစ်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မွန်လူမျိုးမိသားစုဝင်များကို စာရင်းကောက်ခံမည်ဖြစ်ကြောင်း မွန်လူဦးရေစာရင်းမှန် ရရှိရေးကော်မတီ၏ စံမံကိန်းဒါရိုက်တာ မင်းစိုးအောင် ကပြောသည်။

မင်းစိုးအောင်က ” ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရပြီးရင် သက်ဆိုင်တဲ့လဝကရုံးတွေမှာ မွန်လူမျိုးစာရင်းတွေကိုပြစုမယ်၊ စာရင်းတွေရယူပြီးရင်ကျနော်တို့ ဝန်းထမ်းတွေကို သင်တန်းပေးပြီးတော့မှ အရင်ဆုံးမြို့နယ်တစ်မြို့နယ်ကိုစမ်းသပ် ကောက်ခံမယ်” ဟု ပြောသည်။

အဆိုပါစာရင်းကောက်ခံမှုကော်မတီက ရန်ကုန်တိ်ုင်းဒေသကြီးရှိ မွန်ရပ်မိရပ်ဖများ၊ NGOအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် မွန်အသင်းအဖွဲ့များအား ဖိတ်ကြား၍ အကြံဉာဏ်များနှင့် အကူအညီ်များတောင်းခံရန် စီစဉ်ထားကြောင်း သူက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူမျိုး၏ လူဦးရေစုစုပေါင်းမှာ ၁ သိန်းခွဲနှင့် ၂ သိန်း အကြားတွင်ရှိသည်ဟု ခန့်မှန်းရပြီး ၂ လခွဲနှင့် ၃ လ အတွင်း အပြီးသတ် စာရင်းကောက်ခံသွားမည် ဟုလည်း သိရသည်။

မွန်လူဦးရေစာရင်းမှန်ရရှိရေးကော်မတီဝင် မိခင်လေးမြင့်က “ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ရန်ကုန်တိုင်းမှာ မွန်လူမျိုး ၆ သောင်းမပြည့်လို့ မွန်တိုင်းရင်းသားအမတ်နေရာ မရခဲ့ဘူးလေ၊ အကြောင်းအရင်းကိုရှာကြည့်တော့ ရန်ကုန်တိုင်းမှာရှိတဲ့မွန်အများစုဟာ မိဘတွေကမွန်ဖြစ်ရဲ့သားနဲ့ မှတ်ပုံတင်တွေမှာ ဗမာလူမျိုးဖြစ်နေတယ် ” ဟုပြောသည်။

လာမယ့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားလွှတ်တော်အမတ် တစ်ဦးရရှိရေးအတွက် လွဲမှားနေသော အိမ်ထောင်စုစာရင်းပါ အချက်အလက်များပြန်လည်စိစစ်ပြီး မွန်လူဦးရေစာရင်းတရားဝင်ပြုစုနိုင်ရန်ရည်ရွယ်သည်ဟု သိရသည်။

ယင်းမွန်လူဦးရေစာရင်းမှန်ရရှိရေးကော်မတီ၏ လုပ်ငန်းစဉ်များသည် သြဂုတ်လ ဒုတိယအပတ်မှစတင်ကောက်ခံမည်ဖြစ်ပြီး ဒီဇင်ဘာနောက်ဆုံးအပတ်တွင် အဆုံးသတ်မည်ဟု သိရသည်။

အလားတူ မွန်တိုင်းရင်းသားတို့နေထိုင်ရာ ပဲခူးတိုင်းဒေသကြီးတွင်လည်း မွန်လူဦးရေစာရင်းကောက်ခံနိုင်ရန် စီစဉ်လျှက်ရှိသည်ဟု သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းတွင် တံတား ၂ စင်း ရေစီးထဲမျော၍ လမ်းပိတ်ထား

မိုးသည်းထန်စွာရွာပြီး တောင်ကျရေတိုက်စားမှုကြောင့် ကရင်ပြည်နယ်၊ကြားအင်း ဆိပ်ကြီး-ဘုရားသုံးဆူလမ်းရှိ တံတား(၂)စင်း ရေစီးထဲ မျောပါသွားပြီး လမ်းခရီးသွားလာမှု ခေတ္တပြတ်တောက်နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။ Related

Leave a Reply

%d bloggers like this: