spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီဒုဥက္ကဌနိုင်ရော့စ ကွယ်လွန်ခြင်းဝမ်းနည်းကြောင်းသဝဏ်လွှာများဆက်လက်ပေးပို့

    မွန်ပြည်သစ်ပါတီဒုဥက္ကဌနိုင်ရော့စ ကွယ်လွန်ခြင်းဝမ်းနည်းကြောင်းသဝဏ်လွှာများဆက်လက်ပေးပို့

    -

    အေမီအောင် – မွန်ပြည်သစ်ပါ၏ ဒုဥက္ကဌ နိုင်ရော့စကွယ်လွန်ခြင်းအတွက် နိုင်ငံရေးခေါင်းဆောင်များ၊ တော်လှန်ရေးအဖွဲ့အစည်းများ ၊ အစိုးရအဖွဲ့များ ၊ မွန်အဖွဲ့အစည်းတို့က ဝမ်းနည်းကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်ကို မွန်ပြည်သစ်ပါတီက လက်ခံရှိကြောင်း သိရသည်။

    နိုင်ရော့စအတွက် ဝမ်းနည်းခြင်းမှတ်တမ်း(internet)
    နိုင်ရော့စအတွက် ဝမ်းနည်းခြင်းမှတ်တမ်း(internet)
    ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) တို့မှပေးပို့သောသဝဏ်လွှာတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ ၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းဟု မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြပါရှိသည်။

    ထို့အတူကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ “နိုင်ငံရေးအရ အလွန်အရေးကြီးနေတဲ့ အခုလိုအခြေနေအချိ်န်အခါမျိုးမှာ ကွယ်လွန်သွားတဲ့အတွက် တိုင်းရင်းသားတော်လှန်ရေး အင်အားစုအတွက်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ကြောင်း” ဖော်ပြထားသည်။

    အလားတူ ကရင်အမျိုသားအစည်းအရုံး (ဗဟို) ( ကေအန်ယူ) ၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကလည်း ဝမ်းနည်းခြင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

    ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) “မွန်-ခမာ မျိုးနွယ်ချင်းတူသော မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေနဲ့အစဉ်ဦးညွတ်နေမည်ကြောင်း”ဖော်ပြပါရှိသည်။

    မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB) ၊ သံလွင်တိုင်းမ်ဂျာနယ်အဖွဲ့ မှလည်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

    ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းများ ဖြစ်ကြသော OVERSEAS MON COORDINATING COMMITTEE (OMCC) ၊Mon American Association (MAA) ၊Mon Youth Forum (MYF) ၊MON YOUTH ASSOCIATON – LIBERATED AREA ၊ Mon Youth Progressive Organization(MYPO)၊

    စင်ကာပူရောက် မွန်မိတ်သဟာရအသင်း၊ မွန်ရေးရာအဖွဲ့ချုပ်(MAU) ၊ မွန်အကျဉ်းသားဟောင်းများအဖွဲ့၊ မွန်ရဟန်းပျိုညီညွတ်ရေးအဖွဲ့တို့ကလည်း သဝဏ်လွှာအသီးသီး ပေးပို့ကြသည်။

    ထို့အပြင် လူမှုအသင်းအဖွဲ့များ ၊ မိသားစုပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်လည်း လွမ်းသူ့ပန်းခွေများ ဖြင့်ဂါရဝပြုခဲ့ကြသည်။

    နိုင်ရော့စ အသက် ၆၇ နှစ်သည် ထိုင်းနိုင်ငံ ၊ စံခလပူရီဆေးရုံ၌ ဇွန် ၁၅ ရက် ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

    သူ၏ကြွင်းကျန်သောရုပ်ကလပ်ကို မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ ဘုရားသုံးဆူအနီး ဂျပန်ရေတွင်းရွာ၌ လာမည့် ဇွန်လ ၂၁ ရက်နေ့ ၊ မွန်းလွဲပိုင်းတွင် စစ်အခမ်းအနားဖြင့် မီးသင်္ဂြိုလ်ကျင်းပမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts