spot_img
Wednesday, April 17, 2024
More
    spot_img
    Homeသတင်းဖျားနာမှုအဖြစ်များ၍ ခဲမိုင်းအလုပ်သမားများ အလုပ်မှ ရပ်နားသူများ

    ဖျားနာမှုအဖြစ်များ၍ ခဲမိုင်းအလုပ်သမားများ အလုပ်မှ ရပ်နားသူများ

    -

    မင်းတော်လဝီ – ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ခဲမိုင်းများတွင်နေထိုင်ပြီးအလုပ်လုပ်နေသည့် အလုပ်သမားများ သည် ဖျားနာသူများနေ၍ အလုပ်စခန်းမှ ထွက်သွားသူများပြားနေကြောင်းကို ခဲမိုင်းမှပြန်လာသည့် အလုပ်သ မားများထံမှသိရသည်။

    လောလောဆယ်မှာ မိုးတွင်းကာလဖြစ်၍ အသွားအလာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ရောဂါဖြစ်ပွား မှု များပြားနေ၍ ခဲမိုင်းအလုပ်များမှ အလုပ်လုပ်နေသူသုံးပုံမှာတပုံလောက်ကအလုပ်မှထွက်သွားကြ၍ လောလော ဆယ်မှာအလုပ်သမားများလျှော့နည်းလာရသည်ဟု ခဲမိုင်း အလုပ်သမားများက ပြောသည်။

    “အလုပ်ခွင်မှာ နေထိုင်စားသောက်မှုတွေကအစ ကျန်းမာရေး အတွက်လုံလောက်တဲ့အကာအကွယ်တွေမရှိလို့ ငှက်ဖျားနှင့်အခြားကူးစက်တတ်တဲ့ ရောဂါတွေအလွယ်တကူအဖြစ်ခံရတယ်”ဟု ခဲမိုင်းလုပ်ငန်းမှပြန်လာသူ မယ် ကသာရွာသားတဦးကပြောသည်။

    ဘုရားသုံးဆူမြိုးနယ်အတွင်းရှိ ခဲမိုင်းလုပ်ငန်းကုမ္ပဏီများသည် မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမားများ ကိုငှါး ရမ်းပြီးအဆိုပါခဲမိုင်းလုပ်ငန်းများတွင်ပုတ်ပြတ်ဈေးသို့မဟုတ်နေ့စားနှင့် ငှါးရမ်းအလုပ်လုပ်ကြ ရသည်။

    ခဲမိုင်းကုမ္ပဏီများသည်တရုတ်ကုမ္ပဏီများ ထိုင်းကုမ္ပဏီများ၊တရုတ်မြန်မာဖက်စပ်၊ ထိုင်းမြန်မာဖက်စပ်ကုမ္ပဏီ များဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြားရှိ အလုပ်ကွက်များတွင်လရောက်အခြေချ လုပ်ကိုင် နေကြသည်။

    ခဲမိုင်းအလုပ်နေရာများမှာတောတောင်ထဲငှက်ဖျားဧရိယာဒေသဖြစ်နေ၍မိသားစုအလိုက်ရွှေ့ပြောင်းအလုပ်သွား လုပ်သည့်မိသားစုအဖို့ ကလေးများမှာငှက်ဖျားကူးစက် ဖြစ်ပွားမှုပိုများပြီး ကျန်းမာရေးပြုစုမှု ရရှိနိုင်သည့် ရွာနှင့် မြို့သို့လာရောက်ဆေးကုရသည်ဟု ပြောသည်။

    “ခဲမိုင်းမှာ ဖျားနာတဲ့အခါမှာ ကုမ္ပဏီက ဆေးတချို့ကိုပေးပေမယ့် ရောဂါမသက်သာဘူး၊ ဆရာဝန်ရဲ့ကုသမှု မဟုတ်လို့ ကျန်းမာရေးစောင့် ရှောက်မှုခံဖို့ ရွာပေါ်မြို့ပေါ်ကို တက်လာပြီးမိမိစရိတ်နဲ့လာကုရတာပါ” ဟုဘုရားသုံး ဆူမြို့ နယ် အမှတ် ၄ ခဲမိုင်းတွင်းမှ အလုပ်သမား တဦးက ပြောသည်။

    ခဲမိုင်းကုမ္ပဏီအလုပ်ခွင်များမှာပုတ်ပြတ်လုပ်ငန်းများ လုပ်ကိုင်နေသည့် အလုပ်သမားများအနေဖြင့် တနေ့ ကို ထိုင်းဘတ် ၃၀ဝ မှ ၇၀ဝ အထိရရှိသူများ ရှိသလို နေ့စားဖြင့် လုပ်ကိုင်သူများမှာ တစ်နေ့ကိုနေ့တွက် ထိုင်းဘတ် ၁၂၀ သာရရှိသူများလည်းရှိကြသည်။

    “ ထိုင်းကုမ္ပဏီ နာဝလပ် ခဲမိုင်းကုမ္ပဏီကတော့ ခဲထုတ်လုပ်ရာမှာ အလုပ်သမားတွေကို ပုတ်ပြတ်မပေးဘူး၊ ကုမ္ပဏီကနေ ဒိုင်နမိုက်ဖေါက်ပြီးတဲ့အခါ ခဲတွေကိုလိုက်ကောက်ခိုင်းတယ် ရသမျှအားလုံးကို ကုမ္ပဏီကို ပေး သွင်းရတယ်၊ အလုပ်သမားတွေကို နေ့တွက် ၁၂၀ ဘတ်ပေးတယ်”ဟု နဝလပ်ကုမ္ပဏီက သယ်ယူပို့ဆောင်ရေး ဝန်ထမ်း နိုင်တာ ကပြောသည်။

    မိုးတွင်းဖြစ်ပြီး သွားရေးလာရေးခက်ခဲတာ၊ ဖျားနာတာများနေတယ်၊ အထူးသဖြင့် ငှက်ဖျား အဖြစ်များ၍ အလုပ် သမား တော်တော်လျှော့သွားရသည်ဟု သူကဆက်ပြောသည်။

    ကရင်ပြည်နယ် ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြားတွင်ရှိ် ခဲမိုင်းလုပ်ကွက် (၅)ကွက်ရှိပြီး ၄င်းလုပ် ကွက်အသီးသီးတွင်ပြည်ပကုမ္ပဏီများနှင့် ပြည်ပကုမ္ပဏီနှင့်မြန်ုမာကုမ္ပဏီတို့ဖက်စပ်များဖြစ်ပြီး ၄င်းကုမ္ပဏီများ သည် ခဲမဖြူ၊ အဖြိုက်နက်နှင့် ခနောက်စိမ်းအမျိုးအစား ခဲအမျိုးမျိုးကို ထုတ်လုပ်နေသည်။ခဲမိုင်းအလုပ်များတွင် မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမားများရာချီအလုပ်လုပ်နေကြသည်ဟုနယ်စပ်ဘုရားသုံးဆူမြို့မှစီးပွားရေး လုပ် ငန်းရှင်များထံမှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts