spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းခရုဖျက်ဆီးမှုဒဏ်ကင်းသော်လည်း ပင်လယ်ဂဏန်းများ ဖျက်ဆီးဒဏ်ခံရ

    ခရုဖျက်ဆီးမှုဒဏ်ကင်းသော်လည်း ပင်လယ်ဂဏန်းများ ဖျက်ဆီးဒဏ်ခံရ

    -

    မင်းတော်လဝီ – မွန်ပြည်နယ် ပေါင်မြိုနယ်၏ မိုးစိုက်စပါးကို လျာထားချက်ဧကပြည့်မီရန် စပါးစိုက်ခင်းနှင့် ကြဲခင်းစိုက်ပျိုး နည်း စနစ်ကိုသုံး၍စိုက်ပျိုးကြရသည်။ပျိုးခင်းကွက်များတွင် ခရုနှင့်ပိုးမွှား ကျရောက်မှုမရှိသော်လည်း စပါးကြဲခင်း ကွက်များတွင် ပင်လယ်ဂဏန်းများ ဖျက်ဆီးမှုဒဏ်ရှိသည်ဟု ဒေသခံလယ်သမားများထံမှ သိရသည်။

    “ပေါင်မြို့နယ်စိုက်ဧကအားလုံး၏သုံးပုံတစ်ပုံမှာကြဲခင်းဧကဖြစ်ပြီး ၄င်းဧကများရေနက်ကွင်းနှင့် ပင်လယ်ကမ်း စပ်လယ်မြေများဖြစ်လို့နှစ်စဉ် ကြဲခင်းစိုက်ပျိုးလေ့ရှိတယ်”ဟုပေါင်မြို့နယ် စိုက်ပျိုးရေးဝန်ထမ်း(အငြိမ်းစား) တဦး ကပြောသည်။

    စိုက်ခင်းအတွက်ပျိုးခင်းထောင်ကွက်များတွင်ပြီးခဲ့သည်ခုနှစ်များတွင် Golden Apple Snail ခေါ်ခရုမျိုးသစ် တမျိုးဖျက်ဆီးမှုဒဏ်အနည်းငယ်ခံခဲ့ရပြီယခုနှစ်တွင်ပျိုးထောင်ကွက်များကိုအချိန်ပြောင်းလဲမှုနှင့်ကာကွယ်နှိမ် နင်းမှုများထိရောက်စွာဆောင်ရွက်နိုင်၍ ခရုများဖျက်ဆီးမှုဒဏ်ကင်းပြီး ယခုနှစ်ပျိုးခင်းကွက်များမှာ ကောင်းမွန် သည်ဟု ပေါင်မြို့နယ်စိုက်ပျိုး ရေး ဦးစီးဌာန ဝန်ထမ်းတဦးက ပြောသည်။

    “ရေနက်လယ်နဲ့ ပင်လယ်ကမ်းစပ်နီးတဲ့နေရာတွေမှာ ဒေသမျိုးတွေ၊ကောက်ကြီးမျိုးတွေကြဲလိုက်တော့ စိုက် စ ရိတ်သက်သာတယ်၊နောက်ပြီရေနစ်ဒဏ်ခံနိုင်တယ်၊အပင်နူတုံးမှာပင်လယ်ဂဏန်းဖျက်ဆီးတတ်တယ်၊ လော လောဆယ်မှာစပါးကြဲခင်းအပင်နုတွေဂဏန်းကိုက်တာတော်တော်ခံနေရတယ်”ဟုပေါင်မြို့နယ်အလှပ်ရွာမှလယ် သမားတဦး ကပြောသည်။

    အထူးသဖြင့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် အလှပ်ရွာ၊ဝဲပဒန်ရွာ၊ကော့ကရင်ရွာ၊ဆင်ရွာ၊အုန်းနှစ်ပင်ရွာများမှ ပျိုးခင်း နှင့်ကြဲခင်းတွေမှာ ခရုဖျက်ဆီးဒဏ်မှ ကင်းဝေးသွားပေမယ့်ကြဲခင်းမှာဖေါင်စီးဂဏန်းခေါ်သည့် လယ်ဖျက် ဂဏန်းများ၏ဖျက်ဆီးဒဏ်ခံနေရသည်။ဒီရေအတက်အကျနှင့်ပါလာ၍နှိမ်နင်းဖို့မလွယ်လှဟု၄င်းဒေသလယ်သ မားများထံမှ သိရသည်။

    ထိုနည်းတူစွာမွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကော့မုပွန်၊ဟင်္သာကျွန်းနှင့်ကညှော်၊နတ်မှော်ရွာများတွင် ယခင်နှစ် များက Golden Apple Snail ခရုမျိုးကျရောက်ခဲ့ပြီးယခုနှစ်ပျိုးခင်းကွက်များတွင် အဖျက်အဆီးမရှိဟုချောင်းဆုံး မြို့နယ် စိုက်ပျိုးရေးဦးစီးမှုူးထံမှ သိရှိရသည်။

    “ခရုမျိုးကိုကာကွယ်မှုနဲ့နှိမ်နင်းမှုနှစ်နည်းကိုသုံးတယ်။ကာကွယ်နည်းကတော့ပျိုးကွက်ကိုနွေထယ်ရေးခံတယ်၊ စောပြီးပျိုးထောင်လိုက်တယ်၊နှိမ်နင်းတာက ဥတွေအကောင်တွေဖျက်ဆီးပစ်တယ်၊ သြဘာကုမ္ပဏီက Snailcide ခရုသတ် ဆေးမှုန့်ကိုရေနဲ့ရောပြီး အပင်တွေမှာဖျန်းလိုက်တယ်”ဟု ဦးစီးမှူးကပြောသည်။

    ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတဦးပြောပြချက်အရ ထိုင်းနိုင်ငံမှပန်းရောင် ကရုသတ်ဆေးမှုန့် တစ် ထုပ်တန်ဖိုး၆၀ဝ၀ကျပ်ဆေးမှုန့်တမျိုးကိုလယ်ကန်သင်းပေါ်မှာသင်္ဘောရွက်ခင်းပြီး၄င်းဆေးမှုန့်ကိုပုံထားလျှုင် ခရု ကောင်များလာရောက်စားပြီး သေဆုံးကုန်သည် ဟုပြောသည်။

    သို့သော်ချောင်းဆုံမြို့နယ်ပင်လယ်ကမ်းစပ်နီးရှိရွာများတွင်စပါးပျိုးခင်းနှင့် ကြဲခင်းများမှာ လယ်ဖျက်ပင်လယ် ဂဏန်း ကျရောက်မှုမရှိသေးဟု သိရသည်။

    ပေါင်မြို့နယ်တွင် ၂၀၁၃ခုနှစ် မိုးစပါးစိုက်ဧကပေါင်း (၁၂၆၈၅၄ )စိုက်ပျိုးရန်လျာထာပြီ ပျိုးထောင်မှုအခြေအနေ များပြီးစီးနေပြီဖြစ်သော်လည်းစိုက်ပျိုးပြီးစီးမှုမှာဧကတစ်သောင်းကျော်စိုက်ပျိုးပြီးစီးသည်ဟုစီမံကိန်းဝန်ထမ်းတ ဦးက ပြော သည်။

    မွန်ပြည်နယ်အတွင်းရှိမြို့နယ်(၁၀)မြို့နယ်သည်အများအားဖြင့်ပင်လယ်ကမ်းရိုးတန်းတလျှောက်တွင်တည်ရှိနေသလိုလယ်မြေများသည်လည်းပင်လယ်ကမ်းစပ်တလျှေက်တွင်ဧကများစွာတည်ရှိနေသည်။သို့သော်ပင်လယ် ကမ်း ရိုးတန်းတွင်မတည်ရှိသည့်မြို့နယ်မှာကျိုက္မရောမြို့နယ်ဖြစ်ပြီး ၄င်းမြို့နယ်ရှိလယ်မြေမျာသည်လည်း ပင် လယ်ကမ်းခြေနှင့် အလှမ်းကွာဝေးနေ၍ ပင်လယ်ဂဏန်းဖျက်ဆီးမှုမှလွတ်ကင်းသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts