မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်ပြည်နယ်အတွင်း မြေယာသိမ်းဆည်းမှုများအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့

မွန်ပြည်နယ်အတွင်း မြေယာသိမ်းဆည်းမှုများအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့

ရေးသားသူ:

ခတ္တာနန်း – မွန်ပြည်နယ် မြေသိမ်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ (၉) သည် ယခုလ ၁၀ ရက်နေ့မှစ၍ မော်လမြိုင်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် သိမ်းဆည်းခံထားရသည့် မြေယာများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် မိမြင့်မြင့်သန်းက ပြောသည်။

မွန်ပြည်နယ်အတွင်း မြေယာသိမ်းဆည်းမှုများအားစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့စဉ်-(IMNA)
မွန်ပြည်နယ်အတွင်း မြေယာသိမ်းဆည်းမှုများအားစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့စဉ်-(IMNA)
ရေးမြို့နယ်တွင် သိမ်းဆည်းခံထားရသည့် မြေဧကပေါင်း ၇၀ဝ ခန့် ရှိခဲ့သည့်အတွက် အတိအကျသိရှိနိုင်ရန် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း၊ ခေါဇာမြို့နယ်ခွဲတွင် သိမ်းဆည်းခံထားရသည့် မြေယာများနှင့် ပတ်သက်၍ စစ်ဆေးရာတွင် အများအားဖြင့် ပြေလည်မှုမရရှိသော်လည်း တချို့ကိစ္စများမှာမှု အပြီးသတ် ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

မိမြင့်မြင့်သန်းက “ခေါဇာမှာ ခလရ ၃၁ စစ်တပ်မြေသိမ်းခံရတဲ့ကိစ္စမပြေလည်ဘူး၊ မူလပိုင်ရှင်တွေက ပြေစာပြနိုင်ပေမယ် တစ်ဖက်က လက်မခံဘူးဖြစ်နေတယ်၊ မြေသိမ်းတဲ့ အချိန်တုန်းက ဒီပြေစာတွေကို ဘာ့ကြောင့်မပြပဲ အခုမှလာပြတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လက်မခံဘူးဖြစ်နေတယ် ဒါကြောင့် ညှိနှိုင်းရခက်နေတယ်” ပြောသည်။

စစ်အစိုးရနအဖလက်ထက် ၂၀ဝ၀ ခုနှစ်ဝန်းကျင်တွင် ခေါဇာအနီးတဝိုက်တွင် ခလရ ၃၁ တပ်ရင်းအသစ်တည်ဆောက်ရန် ဒေသခံခြံမြေဧက ၂၀ဝ ခန့်သိမ်းယူခဲ့စဉ် စစ်တပ်ကတစ်ဧကအတွက် ငွေတစ်ရာကျပ်တိတိ မယူမနေရအတင်းအကြပ်လျှော်ကြေးငွေပေးဆောင်ခဲ့သည်ဟု သိရသည်။

“အသိမ်းခံခဲ့ရတဲ့ ပိုင်ရှင်တွေက ကာလတန်းဖိုးနဲ့အညီ လျှော်ကြေးရလိုတယ်၊ ပိုင်ဆိုင်မှုသက်သေခံ စာရွက်တွေကိုလည်း သူတို့ပြသနိုင်ခဲ့တယ်” ဟု မိမြင့်မြင့်သန်းက ဆက်ပြောသည်။

ရေးမြို့ပေါ်တွင် ခမရ ၅၈၇ ၊ ခမရ ၃၄၃ တို့၏ တပ်မြေအဖြစ်သိမ်းဆည်းခဲ့သည့်အမှုတွဲများနှင့် လမိုင်းမြို့နယ်ခွဲတွင် အုပ်ချုပ်ရေးမှူးရုံးမြေအဖြစ်သိမ်းဆည်းခဲ့မှုများအား အဓိကစစ်ဆေးခဲ့ရသည်ဟု သိရသည်။

မွန်ပြည်နယ် မြေသိမ်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ (၉) တွင် အဖွဲ့ခေါင်းဆောင် ဦးဌေးဝင်းနှင့် အဖွဲ့ဝင် ဒေါ်နန်းစေအွာ၊ မိမြင့်မြင့်သန်းနှင့် စိုင်းသန်းနိုင်တို့ ပါဝင်သည်။

မွန်ပြည်နယ်၊ မြေသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ယခုနှစ်ဇန်နဝါရီလတွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ သိမ်းဆည်းခံရသည့် မြေဧကပေါင်း (၁၉၈၅) ဧက ရှိကြောင်း ဖော်ပြထားသည်။

ထိုသို့သွားရောက် စစ်ဆေးမှုပြုလုပ်ထားသည့် မြေသိမ်းခံရမှုကိစ္စများအား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည် ဖြစ်သည်။

ပြည်တောင်စုလွှတ်တော်တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ၌ အဖွဲ့ဝင် ၆၀ ဦးတို့ဖြင့် မြေသိမ်းခံရမှုစုံစမ်းရေး ကော်မရှင်ဖွဲ့စည်းခဲ့ပြီး တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့ခွဲများထားရှိပြီး မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာတိုင်းများတွင် မြေယာစုံစမ်းရေးကော်မရှင်အဖွဲ့ခွဲ (၉) တို့က သွားရောက်စစ်ဆေးခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မော်လမြိုင်တွင် အမှိုက်ဖျက်ဆီးစက်ရုံတည်ဆောက်ရန်ညှိနှိုင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံ တည်ဆောက်ရန် ဖင်လန် နိုင်ငံမှ ကုမ္ပဏီများနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ Related

Leave a Reply

%d bloggers like this: