spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် မွန်စာပေသင်တန်း စာဖြေပွဲကျင်းပ

    မွန်ဒေသလုံးဆိုင်ရာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် မွန်စာပေသင်တန်း စာဖြေပွဲကျင်းပ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဦးစီးကျင်းပသည့် မွန်ဒေသလုံးဆိုင်ရာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် မွန်စာပေ စာဖြေပွဲအခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် သာသနာ (၂၅၀ဝ) ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က ကျင်းပခဲ့သည်။

    သာသနာ ၂၅၀ဝ ကျောင်းတွင် ကျောင်းသား/သူများ စာဖြေဆိုခဲ့စဉ် (အဇ္ဇမန်) Facebook
    သာသနာ ၂၅၀ဝ ကျောင်းတွင် ကျောင်းသား/သူများ စာဖြေဆိုခဲ့စဉ် (အဇ္ဇမန်) Facebook
    မွန်ဒေသလုံးဆိုင်ရာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် မွန်စာပေသင်တန်းမှ အကျိုးတော် ဆောင်ဖြစ်သည့် ဆရာတော် ဘဒ္ဒန္တ သီလဝန္တက “စာဖြေပွဲကို ဆရာတော်တို့ မနေ့ကကျင်းပခဲ့ တယ်၊ ဆုပေးပွဲအခမ်းအနားကိုတော့ လာမယ့် ကဆုန်လဆုတ် ၇ ရက်နေ့မှာ ဒီသာသနာကျောင်းမှာပဲ ပြုလုပ်သွားမယ်” ဟု မိန့်သည်။

    မွန်ဒေသလုံးဆိုင်ရာ နွေရာသီစာဖြေပွဲတွင် ရေးမြို့နယ်၊ ခေါ်ဇာ၊ လမိုင်း၊ သဖြူဇရပ်၊ မုဒုံ၊ မော် လမြိုင်၊ ကျိုက်မရော၊ သထုံ၊ ပေါင်၊ ချောင်းနှစ်ခွ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်ဘွဲနှင့် ဘာအံစသည့် မြို့နယ် ၁၅ မြို့နယ်ပါဝင်ပြီး တမြို့နယ်ကို သင်တန်းသား အရေးအတွက် ၉၀ ခန့်ပါ ဝင်ကြောင်း သိရသည်။

    သာသနာ ၂၅၀ဝ ကျောင်းတွင် ကျောင်းသား/သူများ စာဖြေဆိုခဲ့စဉ် (အဇ္ဇမန်) Facebook
    သာသနာ ၂၅၀ဝ ကျောင်းတွင် ကျောင်းသား/သူများ စာဖြေဆိုခဲ့စဉ် (အဇ္ဇမန်) Facebook
    စာမေးပွဲတွင် ဟံသာဝတီသမိုင်း၊ မုတ္တမသမိုင်း၊ သုဝဏ္ဏဘူမိသမိုင်း၊ မွန်စာပေ၊ အဘိဓမ္မာ အတန်း ၆ တန်းပါဝင်ပြီး တက်ရောက်ဖြေဆိုသူ သင်တန်းသား/သူ ဦးရေ ၉၁၉ ဦးခန့်ရှိသည်ဟု ဆရာတော် က မိန့်သည်။

    နွေရာသီ မွန်စာပေ သင်ကြားမှုကို အစိုးရစာသင်ကျောင်း ပိတ်ချိန် မတ်လမှ မေလအထိ နှစ်လ တာကြားအတွင်း နှစ်စဉ် သင်ကြားလျက်ရှိသည်။

    အချို့မြို့နယ်များတွင် အစိုးရ စာသင်ကျောင်း၌ တရားဝင် သင်ကြားမှုမရှိပဲ နားလည်မှုဖြင့် သင်ကြားခွင့်ရရှိခဲ့ပြီး ယခုအခါ မြို့နယ်အသီးသီးမှ လွတ်လပ်စွာသင်ကြာခွင့်ရရှိလာခဲ့သည်။

    ယခင်နှစ်များတွင် ဘုန်းတော်ကြီးကျောင်းရှိ ဇရပ်များ၊ ဓမ္မာရုံများ၊ နေအိမ်များနှင့် အချို့ကျေး ရွာများတွင် နွေရာသီ မွန်စာပေကို သင်ကြားခဲ့ရသည်။

    နွေရာသီ မွန်စာပေသင်ကြားရေးကို ၁၉၄၁ ခုနှစ်မှ စ၍ မွန်ဘုန်းတော်ကြီးများက ဦးဆောင် စတင်သင်ကြားခဲ့ပြီး မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့် ဘုန်းတော်ကြီးများက ယနေ့တိုင် လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြသည်။

    လွတ်လပ်ရေးရပြီးစ ဦးနု အစိုးရလက်ထက်က အစိုးရကျောင်းစာများတွင် မွန်စာပေသင်ကြား ခွင့်ရရှိခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မွန်ပညာရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းပေးကာ မွန်ကျောင်းဆရာများကို ခန့်အပ်ပေးခဲ့ပြီး မူလတန်းအဆင့်တွင် မွန်စာပေကို တရားဝင် သင်ကြားခွင့်ပေးခဲ့သည်။

    နွေရာသီ မွန်စာပေ သင်ကြားမှုကို ပြည်တွင်းအခြေစိုက် (NGO)အဖွဲ့အစည်းအချို့က သင်ကြား ထောက်ကူပြု ကိရိယာအချို့ကို ထောက်ပံ့ပေးနေကြောင်း သိရသည်။

    သာသနာ ၂၅၀ဝ ဘုန်းတော်ကြီးကျောင်းတွင် နှစ်စဉ်ကျင်းပလာခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် မွန်စာပေသင်တန်း စာဖြေပွဲကို ယခုအခါ ၁၄ ကြိမ်မြောက် ရရှိလာခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts