spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းပြည်ခိုင်ဖြိုးပြည်နယ်ခေါင်းဆောင်များ ဘုရားသုံးဆူမြို့တွင်စည်းရုံးရေးဆင်း

    ပြည်ခိုင်ဖြိုးပြည်နယ်ခေါင်းဆောင်များ ဘုရားသုံးဆူမြို့တွင်စည်းရုံးရေးဆင်း

    -

    မင်းသုတ – ကရင်ပြည်နယ်လွှတ်တော်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါသည့် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ၁၅ ဦးအဖွဲ့တို့သည် ယမန်နေ့ညနေပိုင်းတွင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာပြီး စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည်။

    ပြည်ခိုင်ဖြိုးပြည်နယ်ခေါင်းဆောင်များ၏ ဘုရားသုံးဆူလမ်းဖွင့်ပွဲ(IMNA)
    ပြည်ခိုင်ဖြိုးပြည်နယ်ခေါင်းဆောင်များ၏ ဘုရားသုံးဆူလမ်းဖွင့်ပွဲ(IMNA)
    ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြသော ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောအောင်ကျော်မင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမြဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွဋ်ခေါင်လွင်၊ ပြည်နယ်ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးစောထားလုံ၊ ပြည်နယ် သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးဆာလောလနှင့် အဖွဲ့ဝင်တို့ ညပိုင်းတွင် ဘုရားသုံးဆူမြို့၊ ပြည်ခိုင်ဖြိုးရုံး၌ ပါတီဝင်များအား ပဏာမတွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

    ဘုရားသုံးဆူမြို့၊ ပြည်ခိုင်ဖြိုးပါတီ လူငယ်/သတင်းပြန်ကြားရေးတာဝန်ခံ ကိုချိုလေးက “ကျနော်တို့ပါတီခေါင်းဆောင်တွေအနေနဲ့ ဘုရားသုံးဆူမြို့ခံ ပြည်သူတွေရဲ့အသံကိုသိရှိဖို့နဲ့ ဒေသဖွံ့ဖြိုးရေးဦးစားပေးလုပ်ငန်းတွေအကြောင်း ရှင်းပြခဲ့ပါတယ်” ဟု ပြောသည်။

    ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် ဘုရားသုံးဆူမြို့၊ နှင်းဆီ(အထက်)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ပြည်ခိုင်ဖြိုးခေါင်းဆောင်များ တက်ရောက်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ထို့နောက် နံနက် ၉ ခန့်တွင် ပြည်ခိုင်ဖြိုးရုံး၊ အစည်းအဝေးခမ်းမ၌ လူထုတွေ့ဆုံပွဲတစ်နာရီခန့်ကျင်းပခဲ့ရာ မြို့ခံပြည်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ စုစုပေါင်းအင်အား ၁၃၀ ခန့်တက်ရောက်ခဲ့သည်ဟု အခမ်းအနားတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

    ကိုချိုလေးက “မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က မေးမြန်းခဲ့ပါတယ်၊ ဘုရားသုံးဆူ ချက်ပွိုင့်ဘယ်တော့ဖွင့်မှာလဲတဲ့၊ မကြာခင်ကာလမှာ ဖွင့်မယ်လို့ရှင်းပြခဲ့ပါတယ်” ဟု ပြောသည်။

    ထိုသို့ နယ်စပ်ဖြတ်ကျော်ဂိတ်ဖွင့်ပေးသည့်အတွက် ယာယီနယ်စပ် ဖြတ်ကျော်ခွင့်လက်မှတ်များဖြင့် နှစ်နိုင်ငံ အပြန်အလှန်ကူးလူးသွားလာနိုင်ကြတော့မည် ဖြစ်သည်။

    ၄င်းနောက် နံနက် ၁၁ နာရီခန့်တွင် ဘုရားသုံးဆူမြို့နယ်အုပ်ချုပ်ရေးရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ရာ လွှတ်တော်အတွေ့အကြုံများရှင်းလင်းရန်၊ မဲဆန္ဒရှင်လူထု၏ အသံ အား ပေါင်းစပ်ညှိနှိုင်းပေးရန်၊ ပါတီလုပ်ငန်းကိစ္စများဆောင်ရွက်ရန်လာခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟုလည်း ဝန်ထမ်းတစ်ဦးက ပြောသည်။

    အမည်မဖေါ်လိုသော မြို့ခံစီးပွားရေးသမားတစ်ဦးက “ပြည်နယ်အစိုးရဝန်ကြီး၊ ပြည်နယ်လွှတ်တော် ဥက္ကဌတွေလည်း ကိုယ့်ရာထူးအရှိန်အဝါသုံးပြီး ပါတီစည်းရုံးရေးတွေ လုပ်နေကြတာပဲနော်” ဟု သုံးသပ်သည်။

    ထို့နောက် ယနေ့ညနေပိုင်းတွင် ဘုရားသုံးဆူမြို့ပေါ် ၄ ရပ်ကွက်၌ ရပ်ကွက်အလိုက်ပြည်ခိုင်ဖြိုးရုံး ၄ ရုံး ဖွင့်လှစ်ခဲ့ကြသည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် ပြည်ခိုင်ဖြိုးပါတီရုံးများအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရုံးများ၊ အပစ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီနှင့် ကေအဲန်ယူဆက်ဆံရေးရုံးများလည်း ဖွင့်လှစ်ထားရှိသည်။

    ပြီးခဲ့သည့်ဧပြီလဆန်းပိုင်းတွင် NLD ပြည်နယ်အဆင့်ခေါင်းဆောင်များ ဘုရားသုံးဆူမြို့သို့ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပြည်နယ်အဆင့်ခေါင်းဆောင်များ စည်းရုံးရေးခရီးစဉ်အဖြစ်လာရောက်သည်ကို ထပ်မံတွေ့ရှိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts