spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ဆယ်တန်းလွန် Post-Ten ကျောင်းသားများ သင်တန်းပြီးမြောက်ခြင်းအခမ်းအနားကျင်းပ

    မွန်ဆယ်တန်းလွန် Post-Ten ကျောင်းသားများ သင်တန်းပြီးမြောက်ခြင်းအခမ်းအနားကျင်းပ

    -

    မင်းသုတ– မွန်အမျိုးသားပညာရေးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော ဆယ်တန်းလွန် Post-Ten သင်တန်းပြီးမြောက်ခြင်းအခမ်းအနားကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူအနီး၊ စံခလပူရီမြို့ရှိ Sangkhlia Inn ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

    အခမ်းအနားသို့ မွန်ပြည်သစ်ပါတီဝင်အချို့၊ နယ်စပ်အခြေစိုက် မွန်လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံခြားအလှူရှင်များ အင်အား ၁၀ဝ နီးပါးတက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

    အခမ်းအနားတက်ရောက်သူများ(IMNA)
    အခမ်းအနားတက်ရောက်သူများ(IMNA)

    သဘာပတိ နိုင်ရွှေသိန်းက မိန့်ခွန်းပြောကြားစဉ်(IMNA)
    သဘာပတိ နိုင်ရွှေသိန်းက မိန့်ခွန်းပြောကြားစဉ်(IMNA)
    အခမ်းအနားသဘာပတိ နိုင်ရွှေသိန်းက “ ကျနော်တို့ ကျောင်းသားတွေ ၁၀ တန်းအောင်ပြီး ဒီအတိုင်းပဲ တက္ကသိုလ်တွေဆက်တက်ရင် အင်္ဂလိပ်စာအရည်အသွေးညံ့မှာဖြစ်တာမို့ Post-Ten ၂ နှစ်သင်တန်းကို ဖွင့်လှစ်ပြီး အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်တဲ့ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာပါ” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲပြီးတဲ့နောက် ၂၀ဝ၀ ပြည့်နှစ်မှစတင်၍ ဆယ်တန်းလွန် Post-Ten ကျောင်းကို မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားပညာရေးကော်မတီက စတင်အကောင်အထည်ဖော်ခဲ့သည်ဟု သိရသည်။

    မွန်အမျိုးသားပညာရေးကော်မတီဝင် အထက်တန်းကျောင်းအုပ်ဆရာမကြီး မိလဝီဟံက “ကျမတို့မွန်အမျိုးသားတွေမှာ ပညာတတ်တွေ၊ ပညာရှင်တွေအလွန်နည်းပါးနေပါတယ်၊ အင်္ဂလိပ်စာအရည်အသွေးမြှင့်ဖို့ကိုလည်း ကျမတို့ဆီမှာ လုံလောက်တဲ့အချိန်တွေ မပေးနိုင်ကြပါဘူး၊ ဒါကြောင့် တတ်နိုင်သမျှ ကျမတို့မွန်ပညာရေးကော်မတီအနေနဲ့ ဒီလိုသင်တန်းတွေ ဆက်လက်ဖွင့်လှစ်သွားနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ထားပါတယ်” ဟု ပြောသည်။

    အဆိုပါ ဆယ်တန်းလွန် ၂ နှစ်သင်တန်းကို နိုင်ငံခြားသားများကျောင်းဆရာများ ဦးစီးသင်ကြားပေးခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် အရေး၊ အဖတ်၊ သဒ္ဒါ၊ နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အခြေအတင်ဆွေးနွေးခြင်း၊ စနစ်တကျတင်ပြခြင်း၊ ပရောဂျက်ရေးသားခြင်းနှင့် အခြားနိုင်ငံခြားတက္ကသိုလ်များသို့ ဆက်လက်ပညာသင်ကြားနိုင်ရန် အဆက်အသွယ်ရယူခြင်းတို့အား လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ကျောင်းသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

    မွန်အမျိုးသားပညာရေးကော်မတီက နှစ်စဉ်ဆယ်တန်းလွန်ကျောင်းသားဦးရေ ၂၀ ဦးခန့် စခန်းသွင်း၍ အခမဲ့လေ့ကျင့်သင်ကြားပေးခဲ့သည်။

    မွန်အမျိုးသားပညာရေးကော်မတီလက်အောက်တွင် အထက်တန်းကျောင်း ၃ ကျောင်းရှိပြီး ၁၀ တန်းစာမေးပွဲများကို အစိုးရစာစစ်ဌာနများတွင် ဖြေဆိုခွင့်ရှိသည်။

    ၁၉၇၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် မွန်မူလတန်းကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်တွင် အထက်တန်းကျောင်းများကို ဆက်လက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts