spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းငါးဖမ်းခွင့်လိုင်စင်ရရှိထားသူကြောင့် ဝမ်းစာငါးရှာသူများ အခက်အခဲဖြစ်

    ငါးဖမ်းခွင့်လိုင်စင်ရရှိထားသူကြောင့် ဝမ်းစာငါးရှာသူများ အခက်အခဲဖြစ်

    -

    မင်းတော်လဝ႘ – မွန်ပြည်နယ်၊ ကျိုက္မရောမြို့နယ် အတ္ထရန်မြစ်ကြောင်းအတွင်းမှာကန်ထရိုက်စနစ်ဖြင့် ငါးဖမ်းခွင့် လိုင်စင်ရထားသူတစ်ဦးကြောင့် လိုင်စင်မဲ့ ဝမ်းစာငါးရှာဖွေသူများအတွက် အခက်အခဲတွေ့နေရသည် ဟု သိရသည်။

    ငါးဖမ်းခွင့်လိုင်စင်ရရှိထားသူမှာ ကျိုက္မရောမြို့နယ်ပိန္နဲကုန်းရွာမှာ နေထိုင်သူလုပ်ငန်းရှင်တဦးဖြစ်ပြီး မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကန်ထရိုက်ရရှိထားခြင်းဖြစ်သည်ဟု ကျိုက္မရောမြို့နယ် နိတုံရွာမှ ငါးပိုက်မျှောပြီးဝမ်းစာရေး ငါးဖမ်းသူတဦးက ပြောသည်။

    ကန်ထရိုက်ရထားသူက အတ္ထရန်မြစ်လယ်မှာ “ကျားပါးစပ်ပိုက်” ခေါ်ပိုက်ကြီးချထားငါးဖမ်းနေပြီး ကန်ထရိုက်ရရှိထားသည့်ဧရိယာအတွင်း အနီးဝန်ကျင်ရှိ ရွာများမှ လူများကိုငါးဖမ်းခွင့် မပေး သည့်အပြင် သူ၏ခွင့်ပြုချက်မရက တားမြစ်ခြင်း၊ဖမ်းဆီးခြင်းများပြုလုပ်နေသည်ဟု ကျိုက္မရောမြို့နယ် နိတုံရွာက တံငါသည်တဦးကပြောသည်။

    “ကန်ထရိုက်ရသူမှတဆင့် ငါးသလောက်ပိုက်၊ကမ်းစပ်တားပိုက်၊ လက်ပစ်ပိုက၊် မျှောပိုက်အားလုံးကို ဝမ်းစာ ရှာသူတွေဆီက ငွေကောက်ယူပြီးမှငါးဖမ်းခွင့်၊ ရှာခွင့်၊ရကြ တာ” ဟုငါးသလောက်ပိုက်မျှော သူတဦးက ပြော သည်။

    ကန်ထရိုက်ရရှိထားသည့် အတ္ထရန်မြစ်တွင်းဧရိယာမှာ ကျိုက္မရောမြို့အနောက်ဘက်ခြမ်းမှကြာအင်း ဆိပ်ကြီးမြို့ နယ်စပ်ဧရိယာအထိ ဖြစ်သည်ဟု ပြောသည်။ ကျိုက္မရောမြို့နယ် အနောက်ဘက်ခြမ်း မှကြာအင်းဆိပ်ကြီးမြို့နယ်စပ်အထိအတ္ထရန်မြစ်နံဘေးမှာတည်ရှိနေသည့်ရွာများမှာ ကျိုက္မရောမြို့ ကမ်းနားပိုင်းရပ်၊ မယ်ဂရိုရွာ၊ နိတုံရွာ၊ ကွမ်းငန်းရွာ၊ ဦးလေးရွာ၊ ငါးပြေမရွာများပါဝင်နေသည်။

    “ဒီရွာကလူတွေအားလုံးက အရင်ကတည်းက မြစ်တွင်းက ငါးတွေဖမ်းနေကြတာ၊လွန်ခဲ့တဲ့ ၅ နှစ်က စပြီး လက် လုပ်လက်စားတွေမကျန် လိုင်စင်မရှိရင်ငါးမဖမ်းရလို့ ပိုက်တွေသိမ်း၊ ဒဏ်ငွေတွေရိုက် ခံရတာ အခုထိပဲ” ဟု လိုင်စင်မဲ့ဝမ်းစာအတွက်ငါးဖမ်းနေသူနိတုံရွာသားတဦးကပြောသည်။

    ကန်ထရိုက်ရထားသူကရွာတိုင်းမှာကိုယ်စားလှယ်ထားရှိပြီးငါးဖမ်းလိုသူများက၄င်းကိုယ်စားလှယ်ကိုအကောက်ငွေပေးပြီးမှ မြစ်တွင်းငါးဖမ်းခွင့်ရကြသည်။

    “နိတုံရွာကကိုယ်စားလှယ်က ဦးကွန်ဗလိုင်ပါ၊ သူ့ဆီကိုငွေပေးရမယ်၊နောက်ပြီး သူကငါးဖမ်းခွင့် ပေး တယ်၊ မျှောပိုက်တစ်ဖေါင်ကျပ် တစ်သောင်း၊ ကမ်းခြေလတာပြင်တားပိုက်ကကျပ် သုံးသောင်းပေး နေရတယ်။မြစ်ထဲမှာပိုက် ကွန်အမျိုးမျိုးပစ်ခွင့်ရဖို့ကျပ်ငွေတစ်သောင်း၊ပေးရတယ်”ဟုနိတုံရွာသား တံငါးသည် တယောက်က ပြောသည်။

    ဝမ်းစာရှာစားသူများအနေဖြင့် ကန်ထရိုက်မှ သတ်မှတ်ငွေအတိုင်းမပေးနိုင်၍ ငါးမဖမ်းနိုင်ပဲ မိသားစု အခက်အခဲဖြစ်သူများရှိသလိုတချို့က၄င်းအခက်အခဲကိုဖြေရှင်းရန်ဝင်ရောက်ငါးဖမ်းမိ၍ပိုက်သိမ်းခံရ၊ဒဏ်ငွေရိုက်ခံရသူများလည်း ရှိသည်ဟု ပြောသည်။

    “ရွာကအရင်ကတည်းက မိရိုးဖလာငါးရှာစားလာတာ၊လွန်ခဲ့တဲ့ငါးနှစ်လောက်ကစပြီ ဒီမြစ်ထဲက ငါးပုစွန် တွေကို ငွေရှင်တဦးဦးကိုပိုင်လုပ်ခွင့်ပေးတယ်၊အခွန်အကောက်ငွေမပေးနိုင်တဲ့ လက်လုပ် လက်စား၊ဝမ်းစာရှာစားသူတွေဒီမြစ်ကိုအားကိုးနေရတဲ့ရွာတိုင်းငါးရှာသူတိုင်းငါးရှာခွင့်မရတော့ဒုက္ခရောက်ရတယ်”ဟု ငါးဖမ်းပိုက်အသိမ်းခံရပြီး ငွေပေးပြီးမှ လုပ်ခွင့်ရသူ ကျိုက္မရောမြို့က ငါးရှာသူ တဦးက ပြောသည်။

    လိုင်စင်မဲ့ငါးရှာသူများ၏ပိုက်ကိုလိုက်သိမ်းခြင်း၊လိုက်လံဖမ်ဆီးတာမျိုးလုပ်သည့်အခါကန်ထရိုက်ရအဖွဲ့နှင့်အပစ်ရပ်ကရင်အဖွဲ့တဖွဲ့ဖွဲ့ရဲ့အကူအညီနှင့်ပိုက်လိုက်လံသိမ်းတာမျိုး၊ဒဏ်ငွေရိုက်တာမျိုးလုပ်တတ်သည်ဟု၂၀၁၂ခုနှစ် စက်တင် ဘာလ နောက်ဆုံးပတ်က ဒဏ်ငွေအရိုက်ခံခဲ့ပြီး၊အမည်မဖေါ်လိုသူ နိတုံရွာသား တဦးကပြောသည်။

    အတ္ထရန်မြစ်သည်သံလွင်၊ဂျိုင်း၊အတ္ထရန်မြစ်စဆုံသည့်နေရာမှာမော်လမြိုင်မြို့နှင့်ကျိုက္မရောမြို့နယ်မှာမြစ်ဝစပြီးကြာအင်းဆိပ်ကြီးမြို့နယ်မှာဆုံးသည်။မြစ်ကမ်းနဘေးရှိကျေးရွာပေါင်းများစွာတည်ရှိပြီး၊လူထုကစီးပွားရေးလုပ်ငန်းတရပ်အဖြစ်ငါးဖမ်းခြင်းလုပ်ငန်းအပြင်၊သစ်ဖေါင်မျှောခြင်း၊သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းနှင့်မွန်ပြည်နယ်အတွင်းရေချိုအများဆုံးမြစ်ဖြစ်၍နွေစပါးစိုက်ပျိုးခြင်းတို့မှာအသုံးပြုနေရ၍အရေးကြီးဆုံးမြစ်တစင်းဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts