မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ဘုရားသုံးဆူမြို့၌ ကာစီနိုလောင်းကစားရုံဖွင့်

ဘုရားသုံးဆူမြို့၌ ကာစီနိုလောင်းကစားရုံဖွင့်

ရေးသားသူ: >

မင်းသက်ခိုင် – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဥဒေါင်းကန်ဒေါင့်၌ ထိုင်းနိုင်ငံသားပိုင် ကာစီနိုလောင်းကစားရုံဖွင့်လှစ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

ကာစီနိုလောင်းကစားဝိုင်း အဆောက်အဦ(IMNA)
ကာစီနိုလောင်းကစားဝိုင်း အဆောက်အဦ(IMNA)

လောင်းကစားရုံ(၃) ရုံရှိပြီး ပန်းသီးပုံး၊ မြင်းပုံးနှင့် ကာစီနိုလောင်းကစားပစ္စည်းများ၊ စားသောက်ဆိုင်၊ တည်းခိုခန်းများလည်း ထားရှိသည်ဟု ပန်းသီးပုံးကစားခဲ့သူလူငယ်တစ်ဦးက ပြောသည်။

သူက “ဒီကာစီနိုရုံထဲကို မြို့ပေါ်ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်ယောက်မှဝင်ထွက်သွားလာတာ မတွေ့ရဘူး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက လုံခြုံရေးတာဝန်သီးသန့်ယူထားတယ်ဆိုတော့ နိုင်ငံခြားသားတွေ၊ လောင်းကစားသူတွေပဲ ဝင်ရောက်ခွင့်ရှိတယ်” ဟု ပြောသည်။

၄င်းကစားဝိုင်းတွင် ၁၀ဝ၀-ဘတ်တန် ကူပွန်တစ်စောင်ဝယ်ယူသူအား ဘတ် ၂၀ဝ အပိုကြေး ထပ်ဆောင်းပေးသည်ဟု သိရသည်။

၁၀ဝ၀ ဘတ်ကူပွန်အား ဘတ် ၂၀ဝ ပရိုမိုးရှင်း(IMNA)
၁၀ဝ၀ ဘတ်ကူပွန်အား ဘတ် ၂၀ဝ ပရိုမိုးရှင်း(IMNA)

“ငွေအကြွေလဲပေးတဲ့မိန်းခလေးငယ်တွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေဆိုရင် ထိုင်းနိုင်ငံသားတွေလည်း ရှိတယ်၊ လက်နက်ကိုင်လုံခြုံရေးအစောင့်တွေကတော့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ တွေဖြစ်ကြတယ်” ဟု ကာစီနိုဝိုင်းလေ့လာခဲ့သူတစ်ဦးက ပြောသည်။

ယင်းလောင်းကစားဝိုင်းဖွင့်လှစ်သည့်ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC နိုင်ငံခြားရေးနှင့်လူမှုဆက်ဆံရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးဒေါက်တာတင်မိုသီ က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းထံလိပ်မူ၍ အပန်းဖြေအနားယူနိုင်သောဟိုတယ်နှင့် ဂိမ်းစင်တာကို ငြိမ်းချမ်းရေးကောင်စီမှ ဦးစီးလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့စွဲဖြင့် စာတစ်စောင် ရေးသားပေးပို့ခဲ့သည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီက မိတ္တူတစ်စောင်လက်ခံရရှိခဲ့သည်။

အထက်ဖေါ်ပြပါလုပ်ငန်းမှ ရရှိလာသောအကျိုးအမြတ်များအား ဒေသတွင်းလိုအပ်လျှက်ရှိသော စာသင်ကျောင်းများ၊ ဆေးပေးခန်းများ တည်ဆောက်ပေးခြင်း၊ လမ်းများဖေါက်လုပ်ခြင်း အစရှိသောလုပ်ငန်းတို့၌ ပြန်လည်ရင်းနှီးလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ၏ တင်ပြစာတွင် ရေးသားထားသည်။

 ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ လောင်းကစားဝိုင်းဖွင့်လှစ်ခွင့်အကြောင်းကြားစာ(IMNA)
ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ လောင်းကစားဝိုင်းဖွင့်လှစ်ခွင့်အကြောင်းကြားစာ(IMNA)
အလားတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုရှိ သူဌေးကျွန်းတွင်လည်း ထိုင်းနိုင်ငံသားတို့၏ ကာစီနိုလောင်းကစားဝိုင်းများ ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ပါတီသစ်ဖွဲ့သင့်မသင့် မွန်တို့၏သဘောထားများကို ဆက်လက်ကောက်ခံမည်

မွန်အမျိုးသားကိုယ်စားပြုပါတီသစ်တစ်ခု ထပ်မံဖွဲ့စည်းတည်ထောင်ရန် သင့်/မသင့်ကိစ္စကို မွန်ပြည်သူများ၏ သဘောထားမှတ်ချက်များကို လာမည့်ဒီဇင်ဘာလကုန်အထိ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း မွန်ပါတီသစ်တည်ထောင်ရေးလှုပ်ရှားနေသူ ဒေါက်တာအောင်နိုင်ဦးက ဇူလိုင် ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ Related

Leave a Reply

%d bloggers like this: