spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့မည့်အစီအစဉ်ကြောင့် စိုးရိမ်မှုဖြစ်နေကြ

    ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့မည့်အစီအစဉ်ကြောင့် စိုးရိမ်မှုဖြစ်နေကြ

    -

    မင်းတော်လဝီ – ကန်ချနပူရီခရိုင် စံခပူရီမြို့နယ် ထိ်ုစင်းမြန်မာနယ်စပ် ဘန်တွန်ယံစခန်းတွင်ရှိသောဒုက္ခသည်များကို နေရပ်မြန် မာနိုင်ငံသို့ပြန်ပို့မည့်အစီအစဉ်ရှိကြောင်း အသိပေးပြောကြားချက်ကြောင့် စခန်းတွင်မှီတင်း နေထိုင်သည့် ဒုက္ခ သည်များ စိုးရိမ်မှုများဖြစ်ပေါ်နေကြရသည်။

    ပြန်ပို့မည့်အစီအစဉ်ရှိလာရခြင်းမှာ ယခုအခါမြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းလာစပြု လာသဖြင့် မိမိရပ်ရွာထံ ပြန်သင့်သည်ဟု ထိုင်းနိုင်ငံအာဏာပိုင်များဘက်က ဇန်နာဝရီလ ၂၁ ရက်နေ့က လာ ရောက်၍စခန်းအုပ်ချုပ်သူ များနှင့်တွေ့ဆုံပြီး ယခုလိုအသိပေးပြောကြားခဲ့ သည်ဟု ဘန်တွန်ယန်စခန်းမှ စခန်းအုပ်စုဇုံမှူး တဦးကပြောသည်။

    “ဒုက္ခသည်စခန်းမှတဆင့်တတိယနိုင်ငံများသို့သွားနေချင်တယ်၊မြန်မာပြည်ကိုပြန်ပို့ခံရရင်နေစရာလည်းမရှိ၊လုပ်ကိုင်စားသောက်ဖို့လည်းမရှိတော့ဘူး ဒီထက်ဒုက္ခပိုရောက်ဖို့ပဲ ဖြစ်ဦးမယ်” ဟုဘန်တွန်ယန် စခန်းတွင် (၈) နှစ်ကျော်နေထိုင်သူ စောအင်နာက ပြောသည်။

    စခန်းမှာ ခြောက်နှစ်စီမံကိန်းအရ ဒုက္ခသည်များအတွက် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု သင်တန်း ဆံပင်ညှပ်၊ ဝပ်ရှော့၊နှီးနှင့်ပတ်သက်သည့်လက်မှုပညာ ရပ်၊အခြေခံကွန်ပျူတာသင် တန်း၊လက်သမားသင်တန်း များကိုအဖြစ်သဘော သာသင်ကြားခွင့်ပေးထားပြီး အသက်မွေးရသည့် အဆင့်သို့ မတတ်ကြဟု ပြောသည်။

    ထိုင်းနိုင်ငံကတာဝန်ရှိသူများကဇန်နာဝရီလ၂၁ရက်နေ့ကအသိပေးပြီးနောက်စခန်းအုပ်ချုပ်ရေးကော်မတီကဒုက္ခသည်များကိုနေရပ်ပြန်ပို့ဖို့အစီအစဉ်ရှိတဲ့အကြောင်းအသိပေးပြောသွားသည်ဟုစခန်းအုပ်စုဇုံမှူးတဦးက ပြောသည်။

    ထို့အတူမဲဆောက်မြို့နယ် မယ်လဒုက္ခသည်စခန်းတွင်လည်း ပြန်ပို့ခံရမည့်သတင်းကြောင့် စိုးရိမ်မှုရှိ နေသည်။ ဒုက္ခသည်လူငယ်လူလတ်များသည် တတိယနိုင်သို့သာ သွားရောက်နေထိုင်လိုကြပြီး သက်ကြီးရွယ်အိုအနည်းစု ကသာ နေရပ်သို့ပြန်လိုကြသည်။

    မယ်လဒုက္ခသည်စခန်းတွင် နေရပ်ပြန်ပို့ရန် သတင်းများပြန့်နှံ့ နေသော်လည်း မတ်လ ၁၈ ရက်နေ့ကျမှ ထိုင်းတာဝန်ရှိသူများနှင့် ယူအန်အိပ်(ချ)စီအာ အဖွဲ့တို့လာရောက်ပြီး တရားဝင်ပြောကြားရန်ရှိသည်ဟု နိုင်မနိတ် မယ်လဒုက္ခသည်စခန်းကပြောသည်။

    ဘန်တွန်ယန်စခန်းတွင်ဆက်လက်စရင်းကောက်ခံရာတွင်အများစုမှာ တတိယနိုင်ငံသို့သွားလိုသူ ဒုက္ခသည် အရေအတွက်ကအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံကိုပြန်ပို့လျင်ပြန် မည့်ဒုက္ခသည်ကအရေ အတွက်အနည်းငယ်သာရှိ သည်ဟု ပြောသည်။

    “နေရပ်မပြန်လိုတော့ဘူးဒုတိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာအကြာကြီးနေလာရပြီလို့ဒီမှာပဲဆက်လက်နေထိုင်ခွင့်ရဖို့ လူ့အခွင့်အရေးအဖွဲ့တို့၊ကုလသမဂ္ဂ၊အန်ဂျီအိုနဲ့ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးထံ တင်ပြတောင်းခံဖို့ လှုပ်ရှားမှု တွေ လုပ်တော့မယ်”ဟုဘန်တွန်ယန် စခန်းတွင်းမှ တာဝန်ရှိသူ တဦးကပြောသည်။

    ဒါ့အပြင်မဲဆာက်မြို့နယ်ရှိ နယ်စပ်အခြေစိုက်ဒုက္ခသည်စခန်းကြီးများဖြစ်သည့် မဲလ၊အုန်းဖျန်း၊နို့ဖိုး အစရှိသည့် စခန်းကြီးများက ဒုက္ခသည်များလည်း နေရပ်မပြန်ရရေးလှုပ်ရှားမှုကို ဧပြီ လကုန် မေလဆန်းတွင်ပြုလုပ်ရန် စီစဉ်ထားကြပြီဟု ဘန်တွန်းယန်စခန်းအုပ်စုဇုံမှူးတဦးက ပြောသည်။

    ထိုင်းမြန်မာနယ်စပ်တလျှောက်တွင်ဒုက္ခသည်စခန်းစုစုပေါင်း(၉)ခုရှိနေရာမယ်လဒုက္ခသည်စခန်းတွင်ဒုက္ခသည်ပေါင်း(၄၀ဝ၀ဝ)ကျော်ရှိပြီးဘန်တွန်ယန်စခန်းတွင်ဒုက္ခသည်ပေါင်(၄၃၀ဝ)ကျော်ရှိသည်။ဘန်တွန်းယန်ဒုက္ခသည် စခန်းကို ၁၉၉၇ ခုနှစ်မေလ(၂၀) ရက်နေ့တွင် စတင်ဖွင့်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts