spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်း(၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်ပြောကြား

    (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်ပြောကြား

    -

    ခတ္တာနန်း – ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခန်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာတွင် မွန်ဘုရင်မ ရှင်စောပုအကြောင်း ချီးမွန်း ပြောကြားခဲ့ကြောင်းနှင့် ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ကြောင်း ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး ကော်မတီ ဥက္ကဌ (ရန်ကုန်) နိုင်ဖေတင်က ပြောသည်။

    (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့စဉ်(Internet)
    (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့စဉ်(Internet)
    (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “နှစ်ပေါင်များစွာ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး ဆိုတဲ့ စကားတွေ ရှိနေတဲ့အတွက် ထင်ယောင်ထင်မှာ ဖြစ်ခဲ့ပါတယ်၊ ကျမတို့ ဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီး တစိုက်မတ်မတ် ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး ဖက်ဒရယ်ဆိုတာ အုပ်ချုပ်ရေး ပုံစံတစ်မျိုးဖြစ်တယ် ဆိုတာ တတ်နိုင်သမျှ မကျတို့ နိုင်ငံရေး အရ ရှင်းပြခဲ့ပါတယ်၊ ကျမတို့ရဲ့ တိုင်းရင်းသား ညီကိုမောင်နှများရဲ့ မျှော်လင့်ချက်များကို ဖြည့်စည်နိုင်မှာ တကယ်ကို ညီညွတ်တဲ့ ပြည်တောင်စုကြီးတစ်ခုကို တည်ထောင်နိုင်မှာပါ၊ ဒီလိုပြည်တောင်စုကို တည်ထောင်ဖို့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်” ဟု မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။

    အခန်းအနားသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး၊ မြို့တော်ဝန်နှင့် ဇနီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်၊ မွန်ဒီမိုကရေစီအဖွဲ့ဥက္ကဌ နိုင်ငွေသိမ်း၊ မွန်ဒေသလုံဆိုင်ရာ ဒီမိုကရေစီ အဖွဲဥက္ကဌ နိုင်ငွေသိန်း၊ ဒေါ်တာမင်းတင်မွန်တို့ နှင့် အနုပညာရှင်များ တက်ရောက်ကြောင်း သိရသည်။

    မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ နိုင်ဖေတင်က “ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး သူက မွန်ဘုရင်မ ရှင်စောပုကို ချီးမွန်သွားတယ်၊ နောက်ပြီး အစိုးရကို အကြံပေးတဲ့အနေနဲ့ တိုင်းရင်းသားတွေ အပေါ်မှာ မျှမျှတတနဲ့ တန်တူအခွင့်အရေး ပေးရမယ်၊ ဖက်ဒရယ်ဆိုတာ ခွဲထွက်ဖို့မဟုတ်ဘူး ဆိုတဲ့အကြောင်း၊ နောက်ပြီး လူငယ်တွေ မိမိတို့ ယဉ်ကျေးမှုကိုထိမ်းသိမ်းဖို့ အကြောင်း ပြောသွားပါတယ်” ဟု ပြောသည်။

    မွန်အမျိုးသားနေ့ အစီအစဉ်အနေနှင့် အခန်းအနားဖွင့်လှစ်ခြင်၊ သဘာပတိ နေရာယူခြင်း၊ နိုင်ငံတော်အလံကို အလေပြုခြင်း၊ မွန်အမျိုးသားအလံကို အလေးပြုခြင်း၊ ကျဆုံလေပြီးသော အာဇာနည်ခေါင်ဆောင်များကို အလေပြုခြင်း၊ သဘာပတိ ဒေါ်က်တာ မင်တင်မွန် က မိန့်ခွန်းပြောခြင်း၊ (၆၆) ကြိမ်မြောက် မွန်အမျိုးသားကျင်ပရေးကော်မတီ ဥက္ကဌ နိုင်ဖေတင် မိန့်ခွန်းပြောခြင်း၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောခြင်း၊ ပံ့ပိုးကူညီသော အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ (၆၆) ကြိမ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနား ပြီးဆုံးခြင်း နှင့် ဖျော်ဖြေရေး အစီအစဉ်များဖြစ် ဆက်လက် ဖျော်ဖြေသွားကြောင်း သိရသည်။

    “ဒီနှစ်မွန်အမျိုးသားနေ့ အခမ်းအနားက မနှစ်ကထက်ပိုပြီး စည်တယ် နောက်ပြီး လူအင်အာလည်း ၅ ထောင်လောက်ကို တက်ရောက်တယ် အစီအစဉ်တွေလည်း မနှစ်ကထက်ထူးခြားတယ်” ဟု ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ နိုင်ဖေတင်က ဆက်ပြောသည်။

    သဘာပတိ အဖြစ် ဒေါက်တာမင်းတင်မွန်က “ မြန်မာနိုင်ငံမှာ မွန်လူမျိုးတွေ ပထမဦးဆုံး ရောက်ရှိလာကြောင်း၊ ကိုယ့်ဘုရင် ကိုယ့်ထီနန်းနှင့် ကိုယ်ပိုင် စာပေယဉ်ကျေးမှုနဲ့ ရှိလာခဲ့ကြောင်း၊ မွန်လူမျိုးတွေ ဆံတော်ရှင် အရင်ဆုံးရရှိလာခဲ့ကြောင်း၊ ဥက္ကလာပ မင်းလက်ထက်တွင် ရွှေတိဂုံ စေတီတော်အာ တည်ထားခဲ့ကြောင်း၊ တိုင်းရင်းသားများအနေနဲ့ စည်းစည်းလုံးလုံး လုပ်ဆောင်သွားကြကြောင်း၊ စိတ်သည်သာ အဓိကဖြစ်ကြောင်း မိန့်ခွန်းတွင် ပြောကြားသွားကြောင်း မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ နာယက နိုင်သောင်းသျှင်က ပြောသည်။

    “ဖျော်ဖြေရေး အစီးအစဉ်မှာ ဒီနှစ်နည်းနည်းထူးတာက ရွှေတိဂုံစေတီတော်သမိုင်းကို သရုပ်ပြ ဇာတ်လမ်းနဲ့ ကပြဖျော်ဖြေတယ်၊ နောက်ပြီး မွန်သံချပ်တွေလည်း ရှိတယ်ဆိုတော့ ဒီနှစ်က မနှစ်ကထက် ပိုပြီး စည်ကားတယ် ထူးခြားတယ်” ဟု နိုင်သောင်းသျှင်က ဆက်ပြောသည်။

    (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မြန်မာနိုင်ငံရှိ မွန်လူမျိုးများ နေထိုင်သည့် ဒေသများတွင် အခန်းအနားများ ပြုလုပ်ကြပြီး၊ နိုင်ငံ ရပ်ခြားဒေသများသို့ ရောက်ရှိနေသော မွန်များလည်း မွန်အမျိုးသားနေ့ကို စည်ကာ သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts