spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းရန်ကုန်-မြိတ် အမြန်ရေယာဉ် စတင်ပြေးဆွဲပြီ

    ရန်ကုန်-မြိတ် အမြန်ရေယာဉ် စတင်ပြေးဆွဲပြီ

    -

    Dawei Watch – ရန်ကုန်- မြိတ် အမြန်ရေယာဉ် ခရီးစဉ်ကို ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ဖြန်တွင် ပထမဆုံး စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Fortune Express အထူးအမြန် ရေယာဉ်လုပ်ငန်းရှင် ဦးကျောက်စိမ်းက ပြောကြားသည်။

    ထားဝယ်-မြိတ်-ကော့သောင်းခရီးစဉ်ကို ရပ်နားထားသည့် ရေယာဉ်များ ဆင်ဖြူပြင်ဆိပ်ကမ်းတွင် တွေ့ရပုံ
    ထားဝယ်-မြိတ်-ကော့သောင်းခရီးစဉ်ကို ရပ်နားထားသည့် ရေယာဉ်များ ဆင်ဖြူပြင်ဆိပ်ကမ်းတွင် တွေ့ရပုံ
    လက်ရှိတွင် ရန်ကုန် – မြိတ် ခရီးစဉ်ကို Fortune Express ကမ်းရိုးတမ်း အထူး အမြန်ရေယာဉ်တစ် စင်းဖြင့် စတင်ပြေးဆွဲမည်ဖြစ်ပြီး ခရီးသည်ရရှိမှုအပေါ်မူတည်၍ ထပ်မံတိုးချဲ့သွားမည်ဟု ၎င်းက ဆိုသည်။

    ဦးကျောက်စိမ်းက “ဒီခရီးစဉ်ကို မနက်ဖြန်ကျရင် ကျနော်တို့ စတင်ပြေးဆွဲတော့မယ်၊ နောက်ပိုင်း အဆင်ပြေရင်တော့ ရန်ကုန် – ထားဝယ်- မြိတ်- ကော့သောင်း ခရီးစဉ်ကို တိုးချဲ့ သွားမယ်” ဟု ပြောသည်။

    ယင်းခရီးစဉ်ကို ရက်ခြားပြေးဆွဲမည်ဖြစ်ပြီး စီးနင်းခ လူကြီး လေးသောင်းကျပ်၊ ၅ နှစ်မှ ၁၂ ကြား ကလေးတစ်ဦး စီးနင်းခ နှစ်သောင်းကျပ်၊ ၅ နှစ်အောက် ကလေး အခမဲ့ စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း ယင်း အမြန်ရေယာဉ်လိုင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ရန်ကုန်မြို့တော် ဗိုလ်တထောင်ဆိပ်ကမ်းမှ မနက်ပိုင်းတွင် ထွက်မည်ဖြစ်၍ မောင်းနှင်ချိန် ၁၀ နာရီ ခန့်ကြာမြင့်ပြီး ခရီးသည်များကို နေ့လည်စာ ကျွေးမည် ဖြစ်ကြောင်းလည်း ယင်းရေယာဉ်လိုင်းက ဆိုသည်။

    ရန်ကုန် – မြိတ် အမြန်ရေယာဉ် ခရီးစဉ်သည် အသက် ၁၂ နှစ်အထက် ခရီးသွားများအတွက် ကားလမ်းခရီးထက် ယာဉ်စီးခ နှစ်ဆခန့် ပိုကုန်ကျမည်ဖြစ်ပြီး လေကြောင်းခရီးထက် ထက်ဝက်ခန့် သက်သာမည်ဖြစ်သည်။

    “အမြဲ ဆွဲနိုင်ဖို့ပဲ လိုတယ်။ နောက်ပိုင်း မိုးရွာလို့ ဘာလို့ ဆိုပြီး ပျောက်ပျောက်သွားတတ်လို့” ဟု မြိတ် ဒေသခံ ဦးဥက္ကာ က ဆိုသည်။

    ၂၀၁၂ ခုနှစ်တွင် ရာသီဥတုကြောင့်ဟုဆိုကာ ထားဝယ် – မြိတ် – ကော့သောင်း အမြန်ရေယာဉ်ခရီး စဉ်များအား လေးလကျော် ရပ်နားခဲ့ရသည်။

    သဘာဝ ဘေးအန္တရာယ်နှင့် ကြုံရနိုင်သည်ဟု ဆိုကာ ရပ်နားထားခိုင်းခြင်းဖြစ်ပြီး ယခင်နှစ်များက လေတိုက်နှုန်း တစ်နာရီ ၄၀ မိုင် အထိ ပြေးဆွဲခွင့်ရခဲ့သော်လည်း ယခုနှစ်တွင် လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင် ရှိလျှင် ရေယာဉ်ပြေးဆွဲမှုများအား ရပ်နားခဲ့ရသည်။

    လက်ရှိတွင် ထားဝယ်-မြိတ်-ကော့သောင်း ဟိုင်ဖိုင်၊ Fortune နှင့် ဧရာနဒီ အမြန်ရေယာဉ်လိုင်း သုံးလိုင်းမှ အစီးရေ ၁၂ စီးဖြင့် ပြေးဆွဲလျှက်ရှိပြီး ရန်ကုန် – မြိတ် ခရီးစဉ်ကို ယခုအချိန်မှ စတင်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။

    မောင်းမကန် ကမ်းခြေနှင့် ကပ်ရက်တွင်တည်ရှိသည့် အီတာလျှံထိုင်းမှ တည်ဆောက်ထားသော ပန်းတင်အင်း ဆိပ်ကမ်းကို အဝင်အထွက် ပြုလုပ်နိုင်လျှင် ထားဝယ်ခရီးစဉ်ကို စတင်ရခြင်းဖြစ်ကြောင်း Fortune Express အမြန်ရေယာဉ်လိုင်း တာဝန်ခံ ဦးကျော်ဦးက ဆိုသည်။

    ရန်ကုန်- မြိတ် ခရီးစဉ်အတွက် ပြေးဆွဲမည့် ရေယာဉ်သည် ခရီးသည် ၃၅၀ ခန့် ဆန့်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts