spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းယုဇန ဆီအုန်းစက်ရုံကြောင့် ညစ်ညမ်းမှု ဧပြီလ အပြီးရှင်းပေးမည်ဟု ကုမ္ပဏီ ပြောဆို

    ယုဇန ဆီအုန်းစက်ရုံကြောင့် ညစ်ညမ်းမှု ဧပြီလ အပြီးရှင်းပေးမည်ဟု ကုမ္ပဏီ ပြောဆို

    -

    Dawei Watch – မြန်မာနိုင်ငံတောင်ဘက်စွန်းနယ်စပ် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ရှိ ယုဇန ဆီအုန်းစက်ရုံ ကြောင့် ခမောက်ကြီးချောင်းရေ ညစ်ညမ်းမှုကို ယခုနှစ် ဧပြီလကုန်တွင် အပြီးရှင်းလင်းပေးမည်ဟု ကုမ္ပဏီမှ နှုတ်ကတိပြုထားကြောင်း ကော့သောင်းခရိုင် အုပ်ချူပ်ရေးမှုးမှ ပြောကြားခဲ့သည်။

    ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံဖွံ့ဖြိုးရေးစီမံကိန်း(facebook)
    ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံဖွံ့ဖြိုးရေးစီမံကိန်း(facebook)
    စက်ရုံ စွန့်ပစ်ကြိတ်ဖတ်များကို တိုက်ရိုက် စွန့်ပစ်သည့်အတွက် ချောင်းရေထု ညစ်ညမ်းနေမှုကို ရှင်းလင်းပေးမည့် အစီအစဉ်ကို ခရိုင် အုပ်ချုပ်ရေးမှူးက ၈၈ မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံစဉ် ထိုသို့ ဂတိပြုလိုက်ခြင်းဖြစ်ကြောင်း ကော့သောင်း ၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

    ကော့သောင်းခရိုင် အုပ်ချူပ်ရေးမှုးနှင့် ကော့သောင်း ၈၈ အဖွဲ့ဝင် ကိုးဦးတို့သည် ခရိုင် အုပ်ချူပ်ရေးမှုး၏ ရုံးခန်းတွင် ဇန်နဝါရီလ ၉ ရက်နေ့၊ နေ့လည် ၁ နာရီတွင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

    ယုဇန ကုမ္ပဏီအနေနှင့် လာမည့် ယခုနှစ် ဇန်နဝါရီလ ကုန်တွင် ချောင်းရေ ညစ်ညမ်းမှု၏ ၅၀ ရာခိုင်နှုန်း၊ ဧပြီလ ကုန်တွင် ၁၀ဝ ရာခိုင်နှုန်း အပြီး ရှင်းလင်းပေးမည်ဟုဆိုထားကြောင်း ၈၈ မျိုးဆက် တို့၏ ထုတ်ပြန်ချက်အရ သိရသည်။

    သို့သော် ၄င်းအနေနှင့် ထိုသို့ အတိအကျ ပြောဆိုခဲ့ခြင်းမရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

    “ဘယ်တော့ စလုပ်မယ် ဘယ်အချိန်ပြီးမယ်ဆိုတာတော့ လောလောဆယ်မသိသေးဘူး။ ဘယ်အချိန်မှာ အပြီးလုပ်ပေးမယ်ဆိုတာကို ကျွန်တော်တို့ ပြောမထားပါဘူး” ဟု ကော့သောင်းခရိုင် အုပ်ချူပ်ရေးမှုး ဦးကျော်စွာထွန်းက ပြောဆိုသည်။

    ယုဇန ကုမ္ပဏီက ရှင်းလင်းပေးမည်ဖြစ်သည့် ချောင်းအတွင်းရှိ ညစ်ညမ်းမှုများကို ဓာတုဗေဒနည်းဖြင့် သန့်စင်ပေးမည်ဖြစ်ပြီး စလုပ်ကိုင်မည့်ရက်၊ ပြီးစီးမည့်ရက်များကိုမူ ကုမ္ပဏီနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ခရိုင်အုပ်ချူပ်ရေးမှုး၏ ပြောကြားချက်နှင့် ကော့သောင်း ၈၈ ၏ သတင်းထုတ်ပြန်ချက်မှာ ကွဲလွဲနေပြီး ယင်းအစည်းအဝေးကို ယုဇန ကုမ္ပဏီမှ တက်ရောက်ခဲ့ခြင်း မရှိပေ။

    “အစည်းအဝေးမှာ ပြောလို့ ရေးတာပါ။ မမှားပါဘူး။ ဒါမှားစရာ ကိစ္စမှ မဟုတ်တာ ” ဟု ယင်းအစည်းအဝေး တက်ရောက်ခဲ့သည့် ကော့သောင်း ၈၈ မှ ဦးမင်းလွင်က တုန့်ပြန်ပြောဆိုသည်။

    ယုဇန ဆီအုန်း စက်ရုံမှ ကြိတ်ဖတ်များကို ခမောက်ကြီးချောင်းအတွင်းသို့ တိုက်ရိုက်စွန့်ပစ်ထားသည့်အတွက် ချောင်းရေထု ညစ်ညမ်းလာခြင်း၊ ချောင်းတစ်လျှောက် အနံ့အသက်ဆိုးများ ထွက်ခြင်း၊ ရေနေသတ္တဝါများ သေကြေခြင်းနှင့် ရေထုညစ်ညမ်းမှုကြောင့် ဒေသခံများ သောက်ရေသုံးရေ အခက်အခဲဖြစ်ခြင်းတို့ ကြုံနေရကြောင်း ဒေသခံများက ဆိုထားသည်။

    ရေထုညစ်ညမ်းမှုကို ခမောက်ကြီးချောင်းတစ်လျှောက်ရှိ နယ်မြေခံတပ်ရင်း အမှတ်(၂၈၈)၊ အမှတ်(၁)ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက် နှင့် ချောင်းဝရပ်ကွက် ရှိ ဒေသခံများ ခံစားနေရပြီး ချောင်းကို မှီခိုနေသည့် ဒေသခံများ၏ သက်မွေးဝမ်းကျောင်းမှုကို ထိခိုက်လာကြောင်း ဒေသခံများထံမှ သိရသည်။

    ခရိုင်အုပ်ချူပ်ရေးမှုးနှင့်တွေ့ဆုံခဲ့သည့် ကော့သောင်း ၈၈ မျိုးဆက်ကျောင်းသားများမှာ ဦးလင်းနိုင်၊ ဦးမင်းလွင်၊ ဦးစန်းဦး၊ ဦးအောင်ဇော်မြင့် ၊ ဦးရန်ကင်း၊ ဦးညီငယ်၊ ဦးကျော်ထင်၊ ဦးမိုးသူနှင့် ဦးစိုးမိုးကျော်တို့ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts