spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့မဈေးကြီးမီးလောင်မှု သံသယများဖြစ်ပေါ်နေကြ

    သံဖြူဇရပ်မြို့မဈေးကြီးမီးလောင်မှု သံသယများဖြစ်ပေါ်နေကြ

    -

    မင်းသုတ(ဇန်နဝါရီ-၂၀) – လွန်ခဲ့သည့်သန်းခေါင်းယံချိန်အနီးတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မဈေးကြီး မီးစတင်လောင်ကျွမ်းပြီး ယနေ့နံနက်ပိုင်းတွင် ပြာပုံအတိသာကျန်ရှိနေသည်ကို သံသယဖြစ်နေကြရသည်ဟု မြို့ခံများက ပြောသည်။

    ထိုသို့လောင်ကျွမ်းခဲ့ရာတွင် ဈေးကြီးပတ်လမ်းရှိ ဆိုင်ခန်းငယ်များနှင့် ဟင်းသီးဟင်းရွက်ဈေးတန်းများသို့ ကူးစက်ခြင်းလောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

    သံဖြူဇရပ်မြို့မဈေး မီးလောင်ပြီးယနေ့နံနက်ပိုင်းတွင်တွေ့ရပုံ(ဗညားထောလေး-Facebook)
    သံဖြူဇရပ်မြို့မဈေး မီးလောင်ပြီးယနေ့နံနက်ပိုင်းတွင်တွေ့ရပုံ(ဗညားထောလေး-Facebook)
    ဈေးသားတစ်ဦးက “မီးစလောင်တာသိသိချင်း မီးငြိမ်းသတ်ဖို့လူတွေရောက်လာကြတယ်၊ အစောင့်တွေဈေးဂိတ်တံခါးဖွင့်မပေးဘူး၊ အစောင့်တွေကပဲ ပြာယာခန့်နေကြတယ်၊ မီးကိုမနိုင်တော့ဘူး၊ လောင်ပြီးတစ်နာရီလောက်ကြာမှ မီးသတ်ကားတွေရောက်လာတယ်၊ ဘယ်ပစ္စည်းမှမရလိုက်ကြဘူး အကုန်လုံးပြောင်သွားတယ်” ဟု ပြောသည်။

    သံဖြူဇရပ်မြို့၊ မီးသတ်ဦးစီးရုံးမှ အဆိုပါမြို့မဈေးကြီးသို့ မီးသတ်ကားများ အရေးပေါ်မောင်းနှင်လာလျှင် အချိန် ၃ မိနစ်ခန့်သာကြာမြင့်မည်ဟုလည်း ခန့်မှန်းနေကြသည်။

    သံဖြူဇရပ်မြို့မဈေး မီးလောင်နေဆဲပုံ (ဗညားထောလေး-Facebook)
    သံဖြူဇရပ်မြို့မဈေး မီးလောင်နေဆဲပုံ (ဗညားထောလေး-Facebook)
    လျှပ်စစ်ပစ္စည်း ၂၇ ဆိုင်၊ ရွှေဆိုင် ၉၅ ဆိုင်၊ ကုန်စုံဆိုင် ၄၁ ဆိုင်၊ အထည်အလိပ်၂၁၅ ဆိုင်နှင့် အခြားပစ္စည်းအမျိုးစုံရောင်းချသော သံဖြူဇရပ်မြို့မဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၆၀ဝ နီးပါးခန့်ရှိသည်ဟု စည်ပင်သာယာစာရင်းအရ သိရသည်။

    ထိုမီးလောင်ရာသို့ သံဖြူဇရပ်မြို့နှင့် အနီးပတ်ဝန်းကျင်မှ မီးသတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ်များ ရောက်ရှိလာပြီး ငြိမ်းသတ်ခဲ့ရာ ယနေ့နံနက် ၂ နာရီအချိန်ခန့်တွင် မီးစွယ်ကြိုးသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

    မီးသတ်ကားများသည် ဈေးပြင်ပပတ်လည်ရှိ နေအိမ်အဆောက်အဦများ မီးဆက်လက်မကူးနိုင်ရန်အတွက် အဓိကထားပြီး ငြိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။

    အမည်မဖေါ်လိုသောရွှေဆိုင်ပိုင်ရှင်တစ်ဦးက “ ခုတလောမီးလောင်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ပြန့်နေတယ်၊ ရွှေထည်ပစ္စည်းကို ညပိုင်းဈေးဆိုင်မှာမထားကြဘူး၊ နက်ဖြန်ဈေးပိတ်ရက်လည်း ဖြစ်နေတယ်လေ”ဟု ပြောသည်။

    ယခုမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို အတိအကျမသိရှိနိုင်သော်လည်း အနည်းဆုံးငွေကျပ် သိန်းပေါင်း သန်းနှင့်ချီ၍ဆုံးရှုံးခဲ့သည်ဟုလည်း ခန့်မှန်းကြသည်။

    ၁၉၈၄ ခုနှစ်ဝန်းကျင်က ဆောက်လုပ်ခဲ့သော သံဖြူဇရပ်မြို့မဈေးကို ခေတ်နှင့်အညီ အသစ်ပြန်ဆောက်ရန်(သို့မဟုတ်) အခြားနေရာသို့ပြောင်းရွှေ့ရန် လွန်ခဲ့သည့် ၃ နှစ်ခန့်က ကြိုးပမ်းခဲ့မှုများရှိသည်ဟုလည်း သတင်းများဖြစ်ပေါ်ခဲ့သည်။

    သက်ဆိုင်ရာ သံဖြူဇရပ်မြို့အာဏာပိုင်အဖွဲ့က ယင်းမြို့မဈေးမီးလောင်မှုကို လျှပ်စစ်ဝါယာရှော့ကြောင့်ဟု အထက်သို့အစီရင်ခံတင်ပြရန်ပြောကြားခဲ့သည်ကို မြို့နယ်လျှပ်စစ်ဌာနက လက်မခံငြင်းပယ်ခဲ့သည့်ဆွေးနွေးချက်လှို့ဝှက်ဗီဒီယိ်ုမှတ်တမ်းဖိုင် လွတ်လပ်သောမွန်သတင်းအေဂျင်က လက်ခံရရှိခဲ့သည်။

    အလားတူ ၂၀ဝ၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းတွင် မော်လမြိုင်အောက်ဈေးတစ်ခုလုံး မီးလောင်ကျွမ်းဆုံးရှုံးမှုတွင် မည်သည့်အကြောင်းကြောင့်လောင်ကျွမ်းခဲ့ရသည်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန်ခြင်းမရှိသဖြင့် ဈေးသစ်ဆောက်လုပ်နိုင်ရန် ဈေးဟောင်းမီးရှို့ခဲ့သည်ဟု ဈေးသူဈေးသားများ သံသယဖြစ်ပေါ်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts