spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမုဒုံမြို့နယ်မှ ရွာအုပ်ချုပ်ရေးမှူးများ ကန့်ကွက်ခံရ

    မုဒုံမြို့နယ်မှ ရွာအုပ်ချုပ်ရေးမှူးများ ကန့်ကွက်ခံရ

    -

    ရဲမွန် – မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အများဆန္ဒအတိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်ပြီးစီးပြီ ဖြစ်သော်လည်း ကန့်ကွက်မှုများနှင့် ကြုံနေရဆဲ ဖြစ်ကြောင်း မုဒုံမြို့နယ်မှ ဒေသခံများ၏ အဆိုအရ သိရသည်။

    သံဖြူဇရပ်မြို့နယ် ကျုံကရုတ်ရွာ ကျေးရွာအုပ်ချုပ်ရေးမှူးအစမ်းလေ့ကျင့်စဉ်
    သံဖြူဇရပ်မြို့နယ် ကျုံကရုတ်ရွာ ကျေးရွာအုပ်ချုပ်ရေးမှူးအစမ်းလေ့ကျင့်စဉ်
    ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် အခြေခံ ပြည်သူလူထုကို စည်းရုံးရာတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် အရေးပါသည့်အတွက် နိုင်ငံရေးပါတီများက မိမိတို့ ပါတီဝင်များ ရပ်/ကျေး အုပ်ရေးမှူး ဖြစ်ရန် အပြိုင်အဆိုင် ကြိုပမ်းရာမှ အဆင်မပြေမှုများ ဖြစ်ပေါ်ရခြင်း ဖြစ်သည်။

    ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မုဒုံမြို့နယ်၊ နှီးပဒေါ၊ ရောင်းဒေါင်း၊ ကွာန်လှာ၊ အဘစ်၊ ဆက်သွယ်၊ ကလော့သော့ စသည့်ကျေးရွာများတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အများဆန္ဒဖြင့် လျှို့ဝှက်မဲပေး ရွေးချယ်ရာ ရောင်းဒေါင်းကျေးရွာ တရွာသာ ပြည်ခိုင်ဖြိုး ပါတီဝင်က ရွေးချယ်ခံရသည်။

    ပြည်ခိုင်ဖြိုး ပါတီဝင်များ အရွေးမခံရသည့် ကျေးရွာများသည် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအား သမာသမတ် မကျဟု ဆိုကာ မြို့နယ်သို့ ကန့်ကွက်စာ တင်ထားကြောင်း သိရသည်။ ကန့်ကွက်ခံထားရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ ကွမ်လှာရွာ၊ နှီးပဒေါရွာ၊ အဘစ်ရွာ စသည်တို့ ဖြစ်သည်။

    “အုပ်ချုပ်ရေးမှူးကို ကျနော်တို့ ကြိုက်လို့ ရွေးတာ။ အခု သူတို့ (ပြည်ခိုင်ဖြိုး) အရွေးမခံရလို့ ရွေးချယ်ပွဲဟာ သမာသမတ် မရှိဘူး ဆိုပြီး ကန့်ကွက်စာ တင်ထားတယ်။ မြို့နယ်က ဘာမှ မပြောသေးဘူး” ဟု ကွမ်လှာရွာသားတဦးက ပြောသည်။

    ပြည်ခိုင်ဖြိုးပါတီဝင် အရွေးခံရသည့် ရောင်းဒေါင်းရွာတွင် အုပ်ချုပ်ရေးမှူးသစ်အား စီးတံဆိပ် အပါအဝင် အုပ်ချုပ်ရေး အဆောင်အယောင်များကို ယမန်နေ့တွင် အပ်နှင်းပြီးပြီ ဖြစ်ကြောင်း ရွာသားတဦးက ပြောသည်။

    ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ရန်အတွက် ရပ်/ကျေး ဥပဒေသစ်တရပ်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းခဲ့သည်။

    ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး အဆင့်ဆင့်တွင် မြို့နယ်မှ ကျေးရွာ သမာဓိ လူကြီးများကို အများဆန္ဒဖြင့် ရွေချယ်ခြင်း၊ သမာဓိ လူကြီးများက ဆယ်အိမ် ကိုယ်စားလှယ်များကို ရွေးချယ်ခြင်းနှင့် ကိုယ်စားလှယ်များက လျှို့ဝှက်မဲစနစ်ဖြင့် အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ခြင်းတို့ ပါဝင်သည်။

    ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် မိမိရပ်ကွက်၊ ကျေးရွာအတွင်း လောင်းကစားမှု၊ ဒုစရိုက်မှု တခုခု ဖြစ်ပေါ်လာပါက အရေးပေါ် ရှာဖွေစစ်ဆေးခွင့်၊ ဖမ်းဝရမ်း ထုတ်ပိုင်ခွင့် အာဏာကို ဥပဒေက ပေးအပ်ထားသည်။

    ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးကို ရွေးချယ်ပြီးစီးသော်လည်း သက်ဆိုင်ရာ ကျေးရွာ၏ ပြည်သူများ နှစ်သက်မှူ မရှိပါက ထိုဒေသ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထက် ကန့်ကွက်လျှင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအနေနှင့် ထိုကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဖယ်ရှားပေးရမည် ဖြစ်သည်ဟု ရပ်/ကျေး ဥပဒေသစ်တွင် ပါရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts